နန်းမား

  • Nov- 2025 -
    19 November
    သတင်း

    နန်းမားရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိတယ်လို့ဆို

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက နန်းမားမြို့မ ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုများခဲ့ကြောင်း နန့်မားပြည်သူတွေဆီကနေ သိရပါတယ်။ နန်းမားမြို့ ၊မြို့မရပ်ကွက်မှာရှိတဲ့ ရဲစခန်းကို ဒီကနေ့မနက် အစောပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ “မနက် ၇နာရီတိတိမှာဝင်ပစ်တာ နာရီဝက်လောက်ကြာတယ် အခုတော့ငြိမ်သွားပြီ နာရီဝက်လောက်တော့အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ကြတယ်”လို့ နန်းမားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ကားကြီးသုံးစီးဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်ထိုးစစ်နဲ့ ဝေဟင်ဒရုန်းတို့ဖြင့်တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြားထိခိုက်ခဲ့ကြောင်း သိရပါတယ်။ “ဒရုန်းတွေနဲ့အရင်ဝင်တာပြီးမှမြေပြင်ထိုးစစ်ဝင်လာတာ ရဲစခန်းကတော့စုတ်ပျက်သွားတာပါ့ ဗုံးတွေထိထားတာ တိုက်ပွဲငြိမ်သွားတော့ လူနာတင်ကားတွေ အများကြီးရောက်လာတယ် သယ်ထုတ်သွားတယ် ဒဏ်ရာရတဲ့သူများမှာပဲသေဆုံးတာတော့မကြားမိသေးဘူးအထဲမှာတော့သေကြမှာပဲ သတင်းပဲထွက်မလာတာ”လို့ အသက် ၄၀ ကျော်အရွယ်နန်းမားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေ ရဲ့တိုက်ခိုက်မှုကြောင့် နန်းမားရဲစခန်းပျက်စီးမှုများခဲ့ပြီး ရဲစခန်းအနီးက ဘုန်းကြီးကျောင်းလည်းလက်နက်ကြီးထိမှန်တာကြောင့်အမိုးအကာတွေပျက်စီးသွားတယ်လို့သိရပါတယ်။ မိနစ်သုံးဆယ်ကျော်ကြာမြင့်တဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ အရပ်သားထိခိုက်မှုမရှိကြောင်းသိရပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေ ပြန်ဆုတ်ခွာသွားပြီးနောက်  စစ်ကောင်စီရဲ့နန်းမားမြို့အထိုင်တပ်နဲ့ အမြှောက်တပ်ထဲက စစ်ကောင်စီစစ်သားတွေဟာ မြို့တွင်းကင်းပုန်းဝပ်တာ၊ လှုပ်ရှားသွားလာတာတွေရှိနေကြောင်းသိရပါတယ်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲမှာတော့ အင်းတော်ကြီးကန်ရဲ့အရှေ့ဘက် နန်းမား၊နန့်မွန်း၊ လုံးတုံ၊ မိုင်းနောင်၊ မမုံကိုင်စတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီး အင်းတော်ကြီးကန်ရဲ့အနောက်ဘက်ဝှေလုံ၊ချောင်းဝ၊ ညောင်ပင်စတဲ့ကျေးရွာတွေကိုတော့ KIAနဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတာဖြစ်ပါတယ်။ By –…

    Read More »
  • Dec- 2023 -
    13 December
    သတင်းနန်းမား

    နန်းမားမှာ နာမည်ကြီးနေတဲ့မူးယစ်ဆေးဝါးရောင်းနေတဲ့ ညီအစ်ကိုနှစ်ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ ဒေသခံတွေကန့်ကွတ်ဆန္ဒပြခဲ့ရတဲ့အထိ နာမည်ကြီးနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးလုပ်တဲ့ ညီအစ်ကိုနှစ်ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီ ညီအစ်ကိုနှစ်ယောက်ဟာ ဦးအောင်ထွန်း(ခေါ်)ထွန်းထွန်း(အစ်ကိုဖြစ်သူ)နှင့်လင်းလင်းထွန်း(ခေါ်) အစိလေး(ညီဖြစ်သူ)တို့ဖြစ်ပြီး အမည်မသိနက်လက်ကိုင်အဖွဲ့အစည်းတစ်ခုက ဒီဇင်ဘာလ ၁၂ ရက်နေ့ သေနတ်နဲ့ပစ်သတ်ခံသွားရတာဖြစ်တယ်လို့ နန်းမားမြို့နေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။…

    Read More »
  • May- 2023 -
    15 May
    သတင်း

    နန်းမားတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသော‌ကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

    မိုးညှင်းမြို့နယ် နန်းမားမြို့ လက်ပံ တန်းကျေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် လန်ပံတန်ရွာနဲ့ ကျားကြီးကွင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ်းမားဒေသခံများထံမှ သိရသည်။ လက်ပံတန်းကျေးရွာတွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မေလ ၁၂ တွင် ကျေးရွာတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့် လက်ပံတန်းရွာအနီးရှိ ကျားကြီးကွင်း ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နန်းမားဒေသခံတစ်ဦးက KNG ကို ပြောသည်။ “စစ်ကြောင်းက ရွာထဲမှာတပ်စွဲနေတာ သုံးရက်ရှိပြီ ခုထိ မထွက်သေးဘူး။ ဘယ်ကိုစစ်ကြောင်းထိုးချင်တာ လဲမသိဘူး။ ရွာသားတွေကတော့ ထွက်ပြေးနေရတာပေါ့။ စစ်ကြောင်းဝင်လာကတည်းက။ တချို့က မိုးညှင်းမြို့ထဲမှာ တချို့ကတော့ ဘီလူးမြို့တို့ ကျိုးကုန်းရွာတို့ဘက်ကိုရှောင်နေကြတယ်”ဟု…

    Read More »
  • Apr- 2023 -
    28 April
    သတင်း

    နန်းမားတွင် ဒလန်ဟုနာမည်ထွက်နေသည့် အမျိုးသားတစ်ဦးပစ်သတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကေင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ နန်းမားမြို့ အောင်မင်္ဂလာရပ်ကွက်နေထိုင်သူ အသက် ၃၀ နှစ်အရွယ်ရှိသူ ကိုသားငယ် ခေါ်သူ အမည်ရင်း(စုံစမ်းဆဲ) ဧပြီလ ၂၇ ရက်နေ့ …

    Read More »
  • Mar- 2023 -
    10 March
    သတင်း

    နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီိအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ လူငယ် ၃ ဦးသည် မတ်လ ၇ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး…

    Read More »
  • Feb- 2023 -
    28 February
    သတင်း

    နန်းမားတွင် ရွှေ့ပြောင်းလုပ်သား လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီးထား

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်းသိရသည်။ မိုးညှင်းနှင့် နန်းမားမြို့မှ ခလရ ၁၅ ၊ ခလရ ၄၀၊…

    Read More »
  • 27 February
    သတင်းနန်းမား

    စစ်ကြောင်း ထိုးလာသဖြင့် နန်းမားဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရ

    မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်သားများ သေနတ်ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မိုးညှင်းမြို့ဘက်မှ ထွက်ခွာလာသည့် စစ်အင်အား ၅၀ ကျော်ခန့်ပါသော စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ လက်ပံကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ…

    Read More »
  • Jan- 2023 -
    25 January
    သတင်းနန်းမား

    နန်းမား ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သတ်ခံရသည့် မသင်္ကာမှုဖြင့် အမျိုးသားနှစ်ဦး ဖမ်းဆီး ခံထားရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ် လက်ရှိပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ဦးတင်ညွန့်သတ်ခံရပြီးနောက် မသင်္ကာမှုဖြင့် ဒေသခံ အမျိုးသားနှစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။ လက်ရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးတင်ညွန့်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင်…

    Read More »
  • Sep- 2021 -
    9 September
    သတင်း

    နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး

    မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝန်းထမ်း လူငယ် ၂ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ရက်နေ့ ညနေပိုင်း ၅နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ အဆိုပါ လူငယ် ၂ ဦးကို အာဏာသိမ်းစစ်တပ်က စစ်ကား ၃စီးဖြင့်…

    Read More »
Back to top button