သတင်း

နန်းမားတွင် စစ်ကောင်စီတပ် ဝင်ရောက်လာသော‌ကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မိုးညှင်းမြို့နယ် နန်းမားမြို့ လက်ပံ တန်းကျေးရွာတွင် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် လန်ပံတန်ရွာနဲ့ ကျားကြီးကွင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ်းမားဒေသခံများထံမှ သိရသည်။

လက်ပံတန်းကျေးရွာတွင် အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မေလ ၁၂ တွင် ကျေးရွာတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့် လက်ပံတန်းရွာအနီးရှိ ကျားကြီးကွင်း ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နန်းမားဒေသခံတစ်ဦးက KNG ကို ပြောသည်။

စစ်ကြောင်းက ရွာထဲမှာတပ်စွဲနေတာ သုံးရက်ရှိပြီ ခုထိ မထွက်သေးဘူး။ ဘယ်ကိုစစ်ကြောင်းထိုးချင်တာ လဲမသိဘူး။ ရွာသားတွေကတော့ ထွက်ပြေးနေရတာပေါ့။ စစ်ကြောင်းဝင်လာကတည်းက။ တချို့က မိုးညှင်းမြို့ထဲမှာ တချို့ကတော့ ဘီလူးမြို့တို့ ကျိုးကုန်းရွာတို့ဘက်ကိုရှောင်နေကြတယ်ဟု ပြောသည်။

လက်ရှိ လက်ပံတန်းကျေးရွာနှင့် ကျားကြီးကွင်း ကျေးရွာမှဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် မိုးညှင်းမြို့ပေါ်၊ ဘီလူးမြို့ နှင့်အနီးဝန်းကျင်ရှိ စစ်ကြောင်းနှင့် လွတ်သည် ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်ဘေးရှောင်နေရပြီးရေ ရှည်စစ်ရောင်ရပါက စားသောက်ရေး ခက်ခဲလာနိုင်ကြောင်း နန်းမားမြို့ အခြားဒေသခံ တစ်ဦး ကပြောသည်။

အခုလောလောဆယ်ဆယ်ကတော့ သိပ်ပြီးခက်ခဲတာမရှိသေးဘူး အများစုကတော့ ဘုန်း ကြီးကျောင်းတွေမှာ ရောက်နေတယ်။ တချို့တော့လည်း ဆွေမျိုးအပေါင်းအသင်းအိမ်မှာရှောင်နေတာ။ လောလောဆယ် နီးစပ်ရာဒေသခံတွေက ဝိုင်းပြီး ကျွေးမွေးတာတွေရှိတယ်။ ဒီလိုပဲ လေးငါး ဆယ်ရက် တစ်ပတ်ဆက်ဖြစ်သွားရင်တော့ အစားအသောက်ပိုင်းတွေမှာ အကူအညီလိုအပ်လာမှာဗျဟု ပြောသည်။

လက်ပံတန်းနှင့် ကျားကြီးကွင်းကျေးရွာသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့် စီသာရှိသည့် ကျေးရွာများဖြစ်ပြီး လက်ရှိထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် ၄၀၀ ဝန်းကျင် ထက်မနည်းရှိကြောင်း သိရသည်။

နန်းမားတွင် မေလ ၁၂ ရက်နေ့စစ်ကြောင်း စတင်ဝင်ရောက်ချိန်က နန့်စော်လော်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ နန်းမားမြို့ရန်အောင် ရပ်ကွက်အတွင်း တစ်လုံးတစ်ရောက်ပေါကွဲခဲ့ပြီး ယင်းလက်နက်ကြီးကြောင့် ရန်အောင်ရပ်ကွက်နေဦး ဝက်ခုံလုပ်ငန်းလုပ်ကိုင်သူဦးစိန်ဝင်းနဲ့ ဦးစိန်ဝင်း၏ ဝက်ခုံလုပ်သားတစ်ဦး ၊ဝက်ခုံအနီးနေထိုင်သည့် သက်ကြီးရွယ်အိုအဖွားတစ်ဦး စုစုပေါင်း သုံးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button