သတင်း

စစ်ကြောင်း ထိုးလာသဖြင့် နန်းမားဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရ

မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်သားများ သေနတ်ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မိုးညှင်းမြို့ဘက်မှ ထွက်ခွာလာသည့် စစ်အင်အား ၅၀ ကျော်ခန့်ပါသော စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ လက်ပံကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများ နန်းမားဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

မနေ့တုန်းက လက်ပံတန်းထဲကို စစ်ကြောင်းကဝင်လာတာ ရွာသားတွေကကြောက်လို့ ဒီ နန်းမားထဲကိုရောက်လာကြတယ်။ ညချင်းပဲ အကုန်ပြောင်းလာကြတယ်တာ လက်ပံတန်းနဲ့ နန်းမားကသိပ်မဝေးတော့ စစ်ကြောင့်ဝင်လာတာနဲ့ ဒီဘက်ကို ပြေးလာကြတာဟုတ်တယ်။ တစ်ချို့ကအခြေအနေကြည့်ပြီးတော့ နန်းမားထဲမှာပဲရှိနေကြသေးတယ်ဟုပြောသည်။

လက်ပံတန်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၄၀၀ ကျော်ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကြောင်း ဝင်ရောက်မှုကြောင့် အများစုက နန်းမားဘက်သို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

အဆိုပါ လက်ပံတန်းကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ခလရ ၁၅ ၊ ခမရ ၃၈၅၊ ခမရ ၃၈၆ နှင့် ခလရ ၄၀ စုပေါင်းတို့ဖြစ်သည်။

ဒေသခံတွေပြောပြတာက သူတို့ နန်းမား လက်ပံတန်းဘက်က အခင်းတွေကိုလည်း ဖျက်ဆီးသွားတယ်။ အခင်းတွေမှာ ဆောက်ထားတဲ့ တဲအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးပေးတယ်။ ပြီးတော့ လက်နက်ကြီးတွေလည်း တစ်ညလုံးလုံးပစ်တာတွေလည်း လုပ်တယ်တဲ့” ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နန်းမားဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် မိုးညှင်းနှင့် နန်းမားကြားရှိ ရှမ်းရွာကုန်းနေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ကြား ထိတွေ့တိုက်ပွဲလည်း ရှိခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button