သတင်း

နန်းမားမှာ နာမည်ကြီးနေတဲ့မူးယစ်ဆေးဝါးရောင်းနေတဲ့ ညီအစ်ကိုနှစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ ဒေသခံတွေကန့်ကွတ်ဆန္ဒပြခဲ့ရတဲ့အထိ နာမည်ကြီးနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်‌ရေးလုပ်တဲ့ ညီအစ်ကိုနှစ်ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီ ညီအစ်ကိုနှစ်ယောက်ဟာ ဦးအောင်ထွန်း(ခေါ်)ထွန်းထွန်း(အစ်ကိုဖြစ်သူ)နှင့်လင်းလင်းထွန်း(ခေါ်) အစိလေး(ညီဖြစ်သူ)တို့ဖြစ်ပြီး အမည်မသိနက်လက်ကိုင်အဖွဲ့အစည်းတစ်ခုက ဒီဇင်ဘာလ ၁၂ ရက်နေ့ သေနတ်နဲ့ပစ်သတ်ခံသွားရတာဖြစ်တယ်လို့ နန်းမားမြို့နေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။

တစ်နေရာထဲမှာပစ်သတ််ခံရတာတော့မဟုတ်ဘူး သူ့ညီကတော့ လက်ပံတန်းရွာထဲက နေအိမ်မှာပစ်သတ်သွားတာ သူ့အကိုက ကျတော့ သူ့ညီအလောင်းကိုနန်းမားဘက်သယ်လာတဲ့ချိန်မှာ သူ့အကိုရဲ့ခြံရှိတယ်အဲ့ခြံမှာဝင်ခေါ်မယ်လုပ်တဲ့ချိန်သူ့အကိုကလည်းသေနေပြီပစ်သတ်သွားပြီလို့ သူကပြောပါတယ်။

ညီဖြစ်သူဟာ လက်ပံတန်းရွာကနေအိမ်ထဲမှာအရပ်ဝတ်လူနဲ့လူတစ်ဖွဲ့က ည ၅နာရီလောက်အချိန်မှာပစ်သတ်သွားတာဖြစ်ပြီး အစ်ကိုဖြစ်သူကိုတော့ နန်းမားမြို့ အထွက် မြင့်မြတ်စေတနာ စက်သုံးဆီအရောင်းဆိုင်ရှေ့က ၎င်းပိုင်ဆိုင်တဲ့ ခြံထဲမှာလက်နောက်ပြန်ကြိုးသုပ်ပြီး ပစ်သတ်ခံရတဲ့ရုပ်အလောင်းပဲတွေ့ရှိခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။

ပစ်သတ်ခံရတဲ့ ဦးထွန်းထွန်းတို့ညီအစ်ကို နှစ်ဦးဟာနန်းမားမြို့မှာ ၂၀၁၇ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မူးကို ပြုလုပ်နေတာဖြစ်ပြီး ဒေသခံတွေက ကန့်ကွတ်ဆန္ဒပြခဲ့ရတဲ့အထိဖြစ်ခဲ့တယ်လို့အထက်ဖော်ပြပါ နန်းမားမြို့ နေ အမျိုးသား တစ်ဦးကအခုလိုပြောပါတယ်။

သူတို့ညီကိုမူးယစ်ဆေးရောင်း နေတာကြာပြီလေး သူ့အမေလက်ထက်ကတည်းက ၂၀၁၈ ခုနှစ် တုန်းကဆိုနန်းမားမြို့ခံတွေက ဆန္ဒပြကြသေးတယ်”မူးယစ်ဆေးဝါး ရောင်းတဲ့ ကိုထွန်းထွန်း ထွက်သွား၊ထွက်သွားဆိုပြီး ဆန္ဒပြကြသေးတယ်လို့သူကပြောပါတယ်။

ဦးထွန်းထွန်းတို့ ညီအစ်ကိုနှစ်ဦး ပစ်သတ်ခံရတာနဲ့ပက်သတ်ကြီးဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ဒေသခံတွေက မသိရှိကြသေးဘူးလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button