နန်းမွန်း

  • Jul- 2024 -
    18 July
    သတင်း

    နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ  SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။  “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။  လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။  “အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွားစျေးလာကစစစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။  ဒေသခံတွေပြောပြချက်အရ မနေ့ကအထိဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလောမိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။  အထက်ဖော်ပြပါစစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာတဲ့သူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် ဒီရက်ပိုင်းနန့်မွန်းမြိို့ထဲမှာ အသွားအလာလည်းပါးနေတယ်လို့သိရပါတယ်။  နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။  SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ချောင်းဝ၊ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jun- 2024 -
    26 June
    သတင်း

    နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်တောင်ကနေ ဆင်းလာပြီးတော့ ဘုရားကျောင်းဝင်ထဲမှာ ဝင်ရောက်နေထိုင်ပြီး ဘုရားကျောင်းမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်တာ၊မြို့တွင်းကျန်ရှိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ နန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘုရားကျောင်းတွေမှာက ခတ်ထားတဲ့ သော့တွေရိုက်ထုတ်လိုက်ပြီး မနေ့ညကနေ ရှိနေကြတယ်။ ဘုရားကျောင်းထဲမှာ အသုံးပြုတဲ့ စက်တွေကို ဖွင့်ပြီး သီချင်းတွေအော်ဆိုနေကြတယ်။ ပြီးရင်လူမရှိတဲ့ အိမ်တွေမှာဝင်ပြီး နေကြတယ်။ ဒီလိုလုပ်တာက ကာဗာယူတယ်လို့ပဲမြင်ပါတယ်။ တိမ်းရှောင်တဲ့ သူတွေလည်း အကုန်တော့မဟုတ်ဘူး။ တစ်ချို့အိမ်ထောင်စုတွေလည်းရှိနေသေးတယ်။ အဲဒီသူတွေလည်း မနေ့က ဖမ်းဆီးတာတွေလုပ်တယ်။ ဖမ်းဆီးခံရတဲ့ သူတွေကိုတော့ မနေ့ည ပြန်လွတ်ပေးလိုက်တယ်လို့တော့ကြားတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်းမြို့တွင်းရပ်ကွက်တွေထဲက ကချင်ပြည်သူတွေအများဆုံးနေထိုင်တဲ့ ရပ်ကွက်မှာ အခုလို ဝင်ရောက်တပ်စွဲထားပြီး နေအိမ်တွေကို မွှေနှောက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေထဲမှာ နန့်မွန်းဒေသခံပြည်သူတွေအပါ လုံးတုံဒေသခံပြည်သူတွေလည်း ယာယီတိမ်းရှောင်နေကြပြီလို့သိရပါတယ်။ အခုလို အင်းတော်ကြီးတဝိုက်မှာ ရှိကြတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချောင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်စခန်းတွေကို လက်လွတ်လိုက်ရတာကြောင့် တိုက်ပွဲက နန့်မွန်းနဲ့ လုံးတုံ၊ မမုံကိုင်၊ နေရာဘက်ကို ပြန်လည်ဦးလာနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဒါကြောင့် နန့်မွန်၊ လုံးတုံ စတဲ့ ဒေသခံပြည်သူတွေက မြို့နဲ့ နီးတဲ့ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုဆက်ပြောပါတယ်။ “၂၄ ရက်နေ့ညကနေ လက်နက်ကြီးတွေ ပစ်တော့ ကျမတို့နဲ့ အရမ်းနီးကပ်လာတယ်။ အဲဒါကြောင့် ပြင်ဆင်စရာပြင်ပြီးတော့ လုံခြုံတယ်လို့ ထင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်လာကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲရှောင် နန့်မွန်၊ လုံးတုံ၊ မမုံကိုင် စတဲ့ ဒေသခံပြည်သူတွေ မိုးညှင်း၊ ဟိုပင်မြို့ပေါ်ဘက်ကိုလည်း ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူပေါင်းတပ်တွေ ပြီးခဲ့အပတ် ဇွန်လ ၂၁ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ By –…

    Read More »
  • Jan- 2024 -
    25 January
    သတင်း

    နန့်မွန်းဒေသခံ ထောင်ချီ ပိတ်မိနေပြီး အရပ်သားတစ်ချို့ကို ဖမ်းဆီးခံထားရ

    ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဝင်အထွက် လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲကြောင့် တိမ်းရှောင်လိုတဲ့ ဒေသခံထောင်ချီ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ နန့်မွန်းမြို့ထဲ ပြည်သူ့စစ်တပ်ဖွဲ့တည်ရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားလာပြီး မနေ့ညနေပိုင်းမှာတော့ နန့်မွန်း စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။…

    Read More »
  • 24 January
    သတင်း

    နန့်မွန်းမှာ တပ်သားသစ်စုဆောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ

    အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က တပ်သားသစ်စုဆောင်းရေး လုပ်နေတဲ့ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က နန့်မွန်းမြို့ထဲကို ငမျိုးဆိုတဲ့…

    Read More »
  • Dec- 2023 -
    5 December
    သတင်း

    ဘီးလူးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေးတပ်ကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် နန်းမွန်း(Na-Mawn)နဲ့ ဘီလူးကျေးရွာ ၂ခုကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နန်းမွန်းသွားရာလမ်းဟောင်း ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ဝန်းကျင်လောက် အခြေစိုက်ထားတဲ့ အဲဒီစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၅…

    Read More »
Back to top button