သတင်း

ဘီးလူးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေးတပ်ကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် နန်းမွန်း(Na-Mawn)နဲ့ ဘီလူးကျေးရွာ ၂ခုကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နန်းမွန်းသွားရာလမ်းဟောင်း ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ဝန်းကျင်လောက် အခြေစိုက်ထားတဲ့ အဲဒီစစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ ၅ ရက် ဒီကနေ့ မနက်အစောပိုင်း ၃ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA တပ်ရင်း ၃၅ နဲ့ နီးစပ်သူ မိုးညှင်းဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဘီးလူးမှာရှိတာဟုတ်တယ်။ အဲ့ဒီတပ်ကို အဓိက လုံခြုံရေးယူပေးတဲ့ တပ်စခန်းကို KIA က ဝင်တိုက်ပြီး သိမ်းလိုက်တာဖြစ်တယ်။ အဲဒီတပ်စခန်းကို ဝင်ဖို့မနေ့ကနေ ထိုးစစ်ဆင်ကြတာဟုတ်တယ်။ ဒီကမနက်ပိုင်းမှ အပြီးသိမ်းနိုင်တယ်လို့ သိရတာဖြစ်တယ်လို့ပြောပါတယ်။

KIA ဘက်ကနေ ဘီလူးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်တဲ့လုံခြုံရေးတပ်စခန်းကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့ မိုးညှင်းဒေသခံက အခုလို ဆက်ပြောပြပါတယ်။

အဓိကတော့ KIA နဲ့ PDF အဖွဲ့တွေကို ပိုပြီးတင်းကြပ်လာတာတွေရှိလာတဲ့အတွက် သွားတိုက်တယ်လို့မြင်ပါတယ်။ သူတို့အတွက် ဒရုန်းတပ်၊ လေကြောင်းကာကွယ်တပ်ဆိုတာက အရမ်းအရေးကြီးတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ ပြီးရင် အဲဒီ လုံးခြုံရေးယူပေးနေတဲ့ သူတွေကို တိုက်ခိုက်လိုက်နိုင်တာကလည်း သူတို့အတွက် စစ်ရေးအရ ချက်ကောင်းတစ်ခုလို့မြင်ပါတယ်လို့ပြောပါတယ်။

စစ်တပ်ရဲ့ စခန်းတိုက်ခိုက်သိမ်းပိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်နေ ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်မှာရှိတဲ့ တပ်ရင်း ၃၅ တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းကလည်း လုံခြုံရေးရယူထားတဲ့ တပ်စခန်းတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ကြီးမားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

KIA တပ်ဖွဲ့ရဲ့ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်စခန်းမှာ ဘီလူးရွာရဲ့ အနောက်ဘက်ခြမ်း ရေအားလျှပ်စစ်အနီးမှာ တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီးတော့ ယခင်က အဲဒီလမ်းနဲ့ နန့်မွန်းကို သွားတဲ့ လမ်းဟောင်းတစ်ခုပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button