သတင်း

နန်းယွန်း အထက ကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုဆိုးလာ

နန်းယွန်းမြို့ အထက်တန်းကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ ကျောင်းသား၊သူ တစ်ချို့ရှိနေသလို ဘိန်းဖြူကြောင့် ကျောင်းသား  ဦး ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီအထက်တန်းကျောင်းမှာ ၂၀၂၃ ခုနှစ်ပညာသင်နှစ်ထဲ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားများသုံးစွဲသူတွေများလာနေပြီး ကျောင်းသားတွေကိုယ်တိုင်ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယောကျာ်းလေးတစ်ယောက်က ကျောင်းထဲမှာ ပေါ်တင်ရောင်းတာ သူ့သူငယ်ချင်းတွေကို ဒါသုံးရင်။ စာကျက်လို့လည်း ကောင်းတယ်ဆိုပြီး ရောင်းတယ်၊ နောက်ဆုံး သူ့ကိုတော့ထုတ်လိုက်တယ်၊ ရွာကလူတွေကအတော်လေးကို ဆိုးတယ်၊ အခုဖိုးသမားတွေရှိတာနဲ့ဘာမှ ထားထားလို့မရဘူး သူခိုးတွေကတော့ ဖိနပ်ကအစ ခိုးနေတာ၊ ကျောင်းထုတ်ခံရတဲ့တခြား သူတွေရှိ တယ်၊ဖိုးထိုးမှားလို့ တစ်ယောက်သေသွားတာရှိတယ်။ နောက်ကျောင်းသားက ဆေးရုံတင်လိုက်တာ တစ်ယောက် အဲတစ်ယောက်တော့ သက်သာသွားတယ်လို့ပြောပါတယ်။

လက်ရှိ မူးယစ်ဆေးဝါးကျောင်းဝယ်သုံးစွဲနေတဲ့အတန်းတွေဟာ အဌမတန်း၊ နဝမတန်း၊ ဒသမတန်းတန်းက ကျောင်းသား၊ သူအများစုဖြစ်ပြီး ကျောင်းအုပ်နဲ့ ဆရာ၊မတွေဟာ သတိပေးတာ၊ကျောင်းထုတ်တာတွေရှိနေပေမယ့် ထိရောက်ရောက် လုပ်ဆောင်နိုင်တာမရှိတဲ့အပြင် တာဝန်ရှိ စစ်တပ်လက်အောက်ခံ ရဲတွေကလည်း အရေးယူပေးတာတွေမရှိဘူးလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

နန်းယွန်းကျောင်းမှာကတော့ အများဆုံးကတော့ အလယ်တန်း အထက်တန်း အများဆုံးသုံးတာက ၈ တန်း၊၉တန်း၊၁၀ တန်း ကလေးတွေအများဆုံးဘဲ အသက်အရွယ်ဆိုရင်တော့ ၁၄ ၊ ၁၆ အရွယ်တွေ၊ တရားဥပဒေ စိုးမိုးမှုမရှိလိုဖြစ်နေတာ ဒီဟာထိန်းဖို့ကတော့ ရဲတွေမှာအဓိကတာဝန်ရှိတာပေါ့။ ဒီ ဘိန်းဖြူမူး ယစ်ဆေးဝါးရောင်းတဲ့နေရာမှာကတော့ ရဲတွေကိုယ်တိုင် ပတ်သတ်နေတာရှိတယ်။ သူတို့ကိုယ်တိုင် ရောင်းတာ၊ လဒ် စားတာတွေရှိတယ်၊ ကျောင်းခန်းထဲမှာမိတာတွေ သူတို့ကိုယ်တိုင်သွားလာပြီး မျှကြပြီးသုံးကြတာ၊ ဒီလိုဘဲ ဆက်သွားနေရင်တော့ မူးယစ်ဆေးဝါးသုံးတာတွေများလာမယ် ခိုးဆိုးလုယက်တာတွေများ လာမယ် ဒါတော့အကျိုး ဆက်ပေါ့လို့ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် နန်းယွန်းမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသား၊သူများအပြင် လူငယ်အများစု မူးယစ်ဆေးဝါးသုံးစွဲလာကြပြီး ဖမ်းဆီးထိန်းသိမ်းအရေးယူမှုမရှိတာကြောင့် တစ်ရက်ထက်တစ်ရက်ပိုပြီး အခြေအနေဆိုးရွားလာတယ်လို့ နန်းယွန်းဒေသခံတစ်ဦးကလည်း ခုလိုပြောပါတယ်။

ဟိုနေ့က ကလေး ၃ ယောက်ဖိုးရှူးနေတာတွေ့လို့ ကျောင်းဆရာတွေကို အပ်လိုက်ရတယ် ၇တန်း၊၈ တန်း ကလေးတွေ၊အခုက နန်းယွန်းမြို့က သူခိုး၊ကြမ်းပိုးတွေ  ခြံဘယ်လောက်ဘဲခတ်ခတ် ခိုးတာဘဲ၊အခုက ဖိုးသ မားတွေဖြစ်တာနဲ့က အိမ်ကကြက်ခိုး၊ပစ္စည်းအကုန်း ဖိနပ်ကအစ အိမ်ဘေးကအိမ်က ဖိနပ် ၃ ရံခိုးသွား တယ်အခုကဘာမှ ထားထားလို့မရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာဘဲ ကချင်ပြည်နယ်ဘက်ကနေ နန်းယွန်းမြို့ထဲကို ကာလတန်ဖိုး သိန်း ၃၀၀ ခန့်တန်ဖိုးရှိတဲ့ ဘိန်းဖြူသယ်ဆောင်လာတဲ့ အမျိုးသမီးတစ်ဦးကိုလည်း စစ်တပ်လက်အောက်ခံရဲတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ထဲမှာ စစ်တပ်လက်အောက်ခံရဲတွေ ပါဝင်နေတာကြောင့် ဟန်ပြသာဖမ်းဆီးနေပြီး မြေပြင်မှာထိရောက်တဲ့ ဖမ်းဆီးအရေးယူတာတွေ မရှိသလောက်နည်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နန်းယွန်းမြို့နယ်ထဲ ဘိန်းရောင်းဝယ်ဖြန့်ဖြူးတာတွေလုပ်နေတဲ့ ရဲတစ်ချို့ကို နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ဘက်က ဘိန်းဖြူရောင်းဝယ်ဖြန့်ဖြူးတယ်လို့ သတင်းထွက်ခဲ့တဲ့ နန်းယွန်းမြို့နယ်ရဲစခန်းထဲက တပ်ကြပ်စိုးမင်းသိန်း ဆိုသူကို ပြီးခဲ့တဲ့ဩဂုတ်လမှာ ဖမ်းဆီးသွားပြီး သေဒဏ်စီရင်လိုက်ပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် NSCN-K အနေနဲ့ ၂၀၂၁ ခုနှစ်ကလည်း ဒုံဟီးမြို့နယ် ရဲစခန်းက တပ်ကြပ်ဝေယံဟိန်း၊ ရှင်ဗွေယန် မြို့က ဦးမျိုးသူရ()ဦးအောင်မြင့်နှင့် ဦးကျော်လှိုင်()ဦးတင်လှိုင်သုံးဦးတို့ကို မူးယစ်ဆေးဝါးဖြန့်ဖြူးမှုအထောက်အထာနဲ့ တစ်ချိန်တည်းဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့တဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

NSCN-K အနေနဲ့ ခုလိုမျိုး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေ၊ NSCN-Kကို ပုန်ကန်သူတွေနဲ့ အခြားပြစ်မှုကြီးလေးတဲ့သူတွေကို သေဒဏ်စီရင်တာမျိုး အရင်ကတည်းက ပုံမှန်ဆောင်ရွက်နေပေးတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် လက်ရှိ နန်းယွန်းမြို့နယ်ထဲက မူးယစ်ဆေးဝါးပြသာနာကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ကိုလည်း  ဒေသခံတွေကလိုလားနေတာလည်း ဖြစ်ပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နန်းယွန်းမြို့နယ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်စီးဆင်းမှုတွေကတော့ ပိုဆိုးရွားလာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

နန်းယွန်းမြို့နယ်ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပေမယ့် အုပ်ချုပ်ရေးယန္တရားအားလုံးဟာ စစ်တပ်ကထိန်းချုပ်ထားတာဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button