ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် မြန်မာ တရုတ် နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်နေ့နောက်ပိုင်းမှစ၍ အဆိုပါကျေးရွာတွင် တရုတ်ဘက်မှ သွယ်တန်း ရောင်းချပေးနေသော လျှပ်စစ်မီး ဖြတ်တောက်ခံနေရသဖြင့် အခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ "မီးက မရသေးဘူး။ ခြံစည်းရိုးကာတာက သူတို့ ပြန်ဆုတ်သွားပြီ။ ဒါပေမယ့် ရွာမှာ မီးမရဘူး။ သူတို့ဖြတ်ထားတာ ၁ နှစ်လောက်ရှိပြီ။ ဟိုပြဿနာ တက်တာလည်း
ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့အတွင်း TNLA တအောင်းတပ်မတော်သားများဝင်ရောက်လာကာ အခွန်ကဒ်များ လိုက်ဝေနေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် နမ်းခမ်းမြို့မှ ဈေးသည်များထိတ်လန့်ကာ ဈေးများ ပိတ်သိမ်းထွက်ပြေးတိမ်းရှောင်သူများ ရှိကြောင်း နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။ "TNLA တံဆိပ်၊ မိုင်းကိုအောင် အခွန်များဦးစီးဌာန ဆိုတဲ့ စာသားပါ အခွန်ကဒ် လိုက်လံဝေတာတွေ့ရတယ် တစ်ချို့ဈေးသည်တွေက ကြောက်လို့ ဆိုင်သိမ်းပြီး ပြန်တဲ့သူတွေလည်းရှိတယ် "
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မ ဈေးကြီးအတွင်း TNLA တပ်ဖွဲ့က ဈေးဆိုင်တွေမှာ ငွေကြေးတောင်းခံမှု များပြားနေတာကြောင့် ဒီဇင်ဘာလ ၁၃ ရက်ကစပြီး ဒီဇင်ဘာလ ၁၇ ရက်အထိ ဈေးမရောင်းပဲ ဆန္ဒဖော်ထုတ်သွာမယ်လို့ စျေးသည်များက ထုတ်ပြန်ထားပါတယ်။ နမ့်ခမ်းဈေးသူဈေးသားများက နိုင်ငံရေးကြောင့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝမ်းရေးခက်ခဲနေရစဉ် အခုလို ကြုံရတာကြောင့် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ [caption id="attachment_11150" align="alignnone" width="922"] စျေးသူစျေးသားများ၏ ထုတ်ပြန်ချက်[/caption] ဒေသခံ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီး တရုတ်ဘက်က နယ်ကျွံစည်းရိုးခတ်မှုကို မြန်မာဒေသခံများ သွားရောက်ကန့်ကွက်ပြီးနောက် တရုတ်ဘက်ကလည်း မြန်မာဘက်ခြမ်းကို ခြိမ်းခြောက်စာပို့ထားသည်ဟု ဒေသခံများပြောသည်။ နယ်ခြားမိုင်တိုင် အမှတ် ၅၈ (ခေါ်) ကျောက်လူနှစ်ယောက်အမှတ်အသား တည်ရှိသောနေရာတွင် ရှမ်းဘာသာဖြင့် တရုတ်ဘက်က မြန်မာဘက်ကို ခြိမ်းခြောက်ရေးသားထားသောစာထဲတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီမှု မရသေးသရွှေ့ ဘာမှ စိုက်ပျိုးခြင်းမပြုရန်၊ စိုက်ပျိုးမှု ရှိပါက ခြံစည်းရိုး ချက်ချင်း ဝင်ခတ်မည်ဟု နောင်ခမ်းကျေးရွာသားများကို တရုတ်ဘက်က
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ တရုတ်ဘက်က နယ်ကျွံပြီး ခြံစည်းရိုးခတ်လာတာကြောင့် မြန်မာ ဒေသခံတွေက သွားရောက်ဖျက်ဆီးလိုက်ကြတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့က ပန်ခမ်းဒေသခံ ရာချီအင်အားဖြင့် သွားရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "ဒီနေ့ကတော့ ပန်ခမ်းကျေးရွာမှာ တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုး မြန်မာပြည်ထဲမှာ ဝင်လာတာ။ နယ်နိမိတ်ကျူးကျော်တာ။ ကျွန်တော်တို့ရွာက အကုန်လုံး ပြန်လာဖျက်တယ်။ ရွာသူရွာသားတွေ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့ နဲ့ နမ့်ခမ်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့ မှ COVID-19 ကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်နေသော ပရဟိတ ၇ ဦး ပိုးကူးစက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ (more…)