သတင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့ မှ COVID-19 ကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်နေသော ပရဟိတ ၇ ဦး ပိုးကူးစက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

“အင်း ပရဟိတ ၇ ယောက် Positive ဖြစ်သွားတာ မှန်တယ်။ ကူးခံရတာ အသင်းက ၅ ယောက်။ ကြက်ခြေနီက ၂ ယောက်။ သူတို့ ၇ ယောက်ပေါ့။ ဒါပေမယ့် ခု ၁၀ ယောက်ကျော် နဲ့ ဆက်ပြီး လှုပ်ရှားနေတယ်။” ဟု ပရဟိတ အသင်းနဲ့ နီးစပ်သူ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောသည်။

၎င်းတို့မှာ စက်တင်ဘာလ ၁၁ ရက်နေ့က ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကာ လက်ရှိ နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် နမ့်ခမ်းမြို့ COVID-19 ပိုး စစ်ဆေးသူ စုစုပေါင်း အယောက် ၆၀ အနက် ၂၃ ဦးတွင် ပိုးတွေ့ရှိခဲ့ပြီး Covid-19 တတိယလှိုင်းတွင် ပိုးတွေ့ အတည်ပြုလူနာပေါင်း ၁၄၄၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၁၅၁ ဦး၊ သေဆုံးသူ ၇၁ ဦးရှိခဲ့ပြီး လက်ရှိ နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသူ ၂၂၃ ဦး ရှိနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button