ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ပူတာအိုခရိုင် နောင်မွန်မြို့မှ CDM ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်အာဏာမသိမ်းမှီ ပန်နန်းဒင်မြို့ ထွေအုပ်ရုံးတွင် အကြီးတန်းစာရေးတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသည့် နောင်မွန်မြို့ အမှတ် ၅ ရပ်ကွက်မှ ဦးခေါင်လန်ခင်ဂျောင်သည် ပန်နန်းဒင်းဘက်ရေခဲတောင်တွင် ဘေချီဥထွက်ရှာသွားရာမှ အောက်တိုဘာ ၇ ရက်နေ့က ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံးသွားကြောင်း သေဆုံးသူနှင့်ရင်းနှီးသည့် နောင်မွန်မြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ ''သူတို့သူငယ်ချင်းအဖွဲ့တွေနဲ့သွားလိုက်တာ နှစ်ပတ်လောက်တော့ရှိပြီ အဲ့တာမနေ့ကတော့အိုင်ကွန်နဲ့ ဖုန်းဆက်လာတယ်။ ဦးခေါင်လန်ခင်ဂျောင်က ကျောက်ကမ်းပါးကနေ ပြုတ်ကျပြီးဆုံးသွားပြီးဆိုပြီးဆက်လာတယ်။ သူတို့နဲ့တက်သွားတဲ့ အဖွဲ့တွေကလည်း
ကချင်ပြည်နယ် နောင်မွန်မြို့တွင် ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိနေပြီး နှာခေါင်စည်း (Mask) နှင့် ဆေးဝါးမရှိသည့်အတွက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၀ နေ့မှ ၂၆ ရက်နေ့အထိ နောင်မွန်မြို့ပေါ်တစ်ခုတည်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လူဦးရေ ၂၀၀ ကျော်အထိ ရှိလာပြီဟု ဆိုသည်။ ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းမရနိုင်သည့်အပြင် ရောဂါကူးစက်ခံရသူများကို ကုသပေးရန်ဆေးဝါးလည်း မလုံလောက်သည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦး
ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ ဧက ၂၀ ကျော်ရှိခဲ့သည့်အနက် ၇ ဧကခန့်သည် ပြန်လည် ပြုပြင်၍မရအောင် ပျက်စီးသွားသဖြင့် နောင်မွန်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ပယ်ဖျက်လိုက်ကြောင်း နောင်မွန်ဒေသခံ အမျိုးသမီးတစ်ဦးက KNG
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ၏ လယ်စပါးဧက ၂၀ ကျော်အထိ ပျက်ဆီး ဆုံးရှံးခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ နောင်မွန်မြို့ မလိခမြစ်လက်တက်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်မွန်မြို့ပေါ် ၊ ရပ်ဘော့ကျေးရွာနှင့် ပါဘော့ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လယ်စပါး ဧက ၂၀ ကျော်ခန့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ပျက်စီးတာက နောင်မွန်းမြို့ပေါ်က လယ်တွေနဲ့ ရနမ်ချောင်းဘက်က ရွာတွေရဲ့လယ်တွေပျက်စီးသွားတယ်။ အများပိုင်းကတော့ ရေကြီးလို့ ရေလွှမ်းမိုးလို့
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူအချို့ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ နောင်မွန်မြို့တွင် လွန်ခဲ့သည့် ၃ ရက်ခန့်မှ စတင်ပြီး မလိခမြစ် လက်တက်တွင် မိုးသည်းထန်စွာ ရွာသွန်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြို့တွင်းသို့ ရေဝင်ရောက်ခဲ့ပြီး မြေနိမ့်ပိုင်းရှိ လူနေအိမ်အချို့ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်ဒေသတွင် စက်သုံးဆီစျေးနှုန်း မြင့်တက်နေဆဲအခြေအနေကြောင့် စက်ယန္တရားဖြင့် လယ်ယာလုပ်ငန်းစတင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ နောင်မွန်ဒေသတွင် နှစ်စဉ် ဧပြီလတွင် လယ်လုပ်ငန်းများ စတင်လုပ်ကိုင်ပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ စက်သုံးဆီစျေး အဆမတန် မြင့်တက်နေသဖြင့် လက်ရှိအချိန်အထိ လယ်ယာလုပ်ငန်းများ မစတင်နိုင်သေးကြောင်း နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာန သို့ ပြောသည်။ “နောင်မွန်မှာ စက်နဲ့ပဲ လယ်လုပ်လာတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် လောက်ရှိလာပြီ။ ကျွဲ၊