နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ 'ကိုဆန်းဝင်း' လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''သူက အဲ့သံလမ်းဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ