သတင်း

ကွတ်ခိုင်မှာ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရကြောင်း ခိုမုန်းဒေသခံတွေဆီကနေ သိရပါတယ်။

ပစ်သတ်ခံရသူဟာ ခိုနမ့်ဖတ်ကာ ခလရ ၁၂၃ နဲ့ နမ့်ခိုင်စစ်တပ်စခန်းတွေကို ပုံမှန်သတင်းပေးနေတဲ့ ဓါတ်ဆီဆိုင်ပိုင်ရှင်အမျိုးသား တစ်ဦး နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်သတ်သွားတာဖြစ် တယ်လို့ ခိုမုန်းဒေသခံတစ်ဦးပြောပြချက်အရ သိရပါတယ်။

ခိုမုန်းစျေးတန်းမှာ ဆီဆိုင်ဖွင့်ထားတဲ့ အမျိုးသားကို ပစ်သတ်လိုက်တဲ့ဖြစ်စဉ် ဟုတ်တယ်။ ဘယ်သူတွေ ပစ်သတ်လိုက်တယ်ဆိုတာတော့ အတိအကျမသိနိုင်ဘူး။ အဲ့ဒီ အမျိုးသားက စစ်တပ်ဘက်က တပ်သားဟောင်းဟုတ်တယ်။ BC ရပြီး ပြင်ဆင်ယူ နားနေတဲ့တစ်ယောက်ဟုတ်တယ်။ ဒါပေမဲ့သူက ဒီနိုင်ငံရေးရှုပ်ထွေးနေတဲ့အတောအတွင်း နမ့်ဖတ်ကာ ၁၂၃ တပ်စခန်းနဲ့ ပုံမှန်ဆက်သွယ်ပြီး သတင်းပေးတာတွေ များလာတာပေါ့။အဲ့ဒါကြောင့် ရှင်းလင်းလိုက်တဲ့သဘောဖြစ်ပုံရတယ်လို့  ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူမှာ နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာစျေးတန်းနားမှာ ဓာတ်ဆီဆိုင်ဖွင့်ထားတဲ့ အသက် ၅၀ ကျော်အရွယ် ဦး စိုင်းထွန်းဆိုသူဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး နမ့်ဖတ်ကာမြို့ပတ်ဝန်းကျင် လက်နက်ကိုင်တပ်ဖွဲ့ဘက်က လှုပ်ရှားလာတိုင်း ပုံမှန်ဆိုသလို သတင်းပေးတာတွေ အကြိမ်ရေများလာတာကြောင့် ရှင်းလင်းလိုက်တဲ့ သဘောဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်းပေးတဲ့ဖြစ်စဉ်တွေတော့ အများကြီးပဲ။ ပြီးခဲ့တဲ့ ရက်က ခိုမုန်းစျေးတန်းမှာ လက်နက်ကြီးကျလို့ လူတောင်သေတယ်အဲ့ဖြစ်စဉ်က  အဲ့နေ့မှာပဲ တောဘက်ကအဖွဲ့တွေ ၁၀ ယောက်ကျော်လောက် စျေးတန်းမှာ ခေါက်ဆွဲလာစားတဲ့နေတဲ့အချိန် စစ်တပ်က လက်နက်ကြီးနဲ့ အဲ့ဆိုင်ဘက်ကို ပစ်ထည့်ပေးတာတွေ ဒါလည်း သူသတင်းပေးတာပေါ့။ ပြီးရင် KIA တပ်ဖွဲ့ဝင် ဦးနဲ့ အတူ ကားသမားကိုပါ ဖမ်းလိုက်တဲ့ ဖြစ်စဉ်လည်း အဲ့ဒီအမျိုးသားလုပ်လိုက်တဲ့အရာလို့ ကျနော်တို့ သိရှိထားရတာပေါ့။ လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလလဆန်းပိုင်းမှာလည်း နမ့်ဖတ်ကာစျေးတန်းမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် တရုတ်အမျိုးသားတစ်ဦး အသက်သေဆုံးခဲ့တဲ့အပြင် ဇွန်လပိုင်းမှာလည်း မူဆယ်ကွတ်ခိုင် အဝေးပြေးဆွဲတဲ့ ကားသမားတစ်ဦးမှာ ခရီးသည် ၅ ဦးကို တင်ဆောင်လာရာမှာ နမ့်ဖတ်ကာ စစ်တပ်ဂိတ်က တားမြစ်ဖမ်းဆီးလိုက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီကားသမားတင်ဆောင်ထားသူတွေက KIA တပ်ဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိချိန်ထိ သတင်းအစအနမရရှိတော့တာလည်း ဖြစ်ပါတယ်။

နမ့်ဖတ်ကာမှာ ခလရ ၁၂၃ တပ်စခန်းမှ လက်နက်ကြီးနေရာတကာကို ရမ်းတမ်းပစ်ခတ်လျက်ရှိတာကြောင့် နမ့်ဖတ်ကာနဲ့ အနီးတဝိုက်ကျေးရွာတွေမှာ နေအိမ်ပျက်စီးတာတွေ၊ အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာရရှိတာတွေ ပုံမှန်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button