ပစ်သတ်မှု
-
Sep- 2024 -10 Septemberသတင်း
ဆိုင်းတောင်တိုက်ပွဲမှာ အပြစ်မဲ့အရပ်သားပြည်သူတွေ ဖမ်းဆီး ပစ်သတ်ခံနေရ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း အရပ်သားပြည်သူတစ်ချို့ ဖမ်းဆီးပစ်သတ်ခံနေရပြီး သေဆုံးမှုထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၆ ရက်ည ဆိုင်းတောင်ကျေးရွာထဲ စစ်တပ်ကဝင်ရောက်စစ်ကြောင်းထိုးလာရာကနေ ဒီနေ့အထိ နှစ်ဖက်စစ်တပ် အပြန်အလှန်ပိတ်ဆို့တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်တိုက်ပွဲက စစ်တပ်နဲ့ KIA တပ်တွေက ပိတ်ဆို့ရေးတွေလုပ်ပြီး တိုက်ပွဲကဖြစ်နေဆဲပါပဲ။ အဲကြောင့် ဆိုင်းတောင်ဘက်ကို ဘယ်သူမှ ဝင်လို့မရဘူး။ အဲလိုဘဲ ဆိုင်းတောင်ဘက်ကိုသွားတဲ့ ဝင်ပေါက်လမ်းကြောင်းတွေအကုန်လုံးပိတ်ထားတယ်။ တစ်ချိုဆိုရင် အပြင်ရောက်နေလို့ ကိုယ့်ရွာထဲကို ကိုယ်ပြန်ဝင်လို့မရသေးဘူး”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဆိုင်းတောင်ကျေးရွာ ရပ်ကွက်(၂)မှာရှိတဲ့ Lucky Men Hotel တဝိုက်မှာဖြစ်ပြီး နှစ်ဖက်စစ်တပ်က ဆိုင်းတောင်နဲ့ ယူမာလမ်း အဝင်အထွက်လမ်းတွေပိတ်ဆို့ပြီး အပြန်အလှန်ပစ်ခတ်နေကြာတာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ဆိုင်းတောင်ကျေးရွာမှာ တိုက်ပွဲပိုပြီးပြင်းထန်လာတာဟာ စက်တင်ဘာလ ၇ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင် Lucky Men Hotel ထဲမှာရှိနေတဲ့ KIA နဲ့ PDF တပ်တွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စတင်လာတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဟိုတယ်ထဲဝင်ရောက်စီးနင်းခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်မှာ ဟိုတယ်ထဲရှိနေတဲ့ အရပ်သားတစ်ချို့နဲ့ KIA တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတဲ့အပြင် ဟိုတယ်ထဲမှာလည်း ၇ ဦးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။ “Lucky Men Hotel မှာတစ်ချို့က ဖမ်းဆီးခံရသလို ပစ်သတ်ခံရတဲ့ သူတွေလည်းရှိပါတယ်။ အဲထဲမှာ အရပ်သားပြည်သူတွေလည်းပါသလို KIA၊ PDF လည်းပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘယ်သူဘယ်ဝါဆိုပြီး အတည်ပြုလို့မရသေးဘူး။ အဆက်သွယ်တွေလည်းခက် ပြီးရင် ဘယ်သူမှ သွားလို့မရဘူး။ လမ်းတွေလည်း ပိတ်ထားတယ်ဆိုတော့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဘက်က Lucky Men Hotel က ဖမ်းဆီးသွားတဲ့ ၁၀ ဦးကို ကြိုးတုတ်ပြီး နေပူလှန်းတာတွေ၊ ရိုက်နက်တာတွေလုပ်ဆောင်နေပြီးတော့ လမ်းပိတ်ထားတဲ့နေရာမှာ လမ်းပေါ်သွားလာတဲ့ပြည်သူတွေလည်း သေနတ်ပစ်သတ်တာတွေလည်းရှိနေပြီး အရပ်သားပြည်သူတစ်ချို့ လမ်းပေါ်သေဆုံးနေတာတွေလည်းရှိတယ်လို့ သူက ပြောပြပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ KIA နဲ့ PDF အဖွဲ့တွေ Lucky…
Read More » -
Oct- 2023 -18 Octoberသတင်း
မုံရွာမှာ ပျူစောထီးတပ်ဖွဲ့က အရပ်သားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာမှာ မနေ့က နေ့လည်ပိုင်း ၁၂ နာရီလောက်က အရပ်သားတစ်ယောက်ကို ပျူစောထီးတပ်ဖွဲ့တွေက နားထင်ကိုသေနတ် နဲ့ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တောပုပျူရွာ နဲ့ မြေနဲစွမ်းရည်ထက် ဂိတ်စခန်းက ပျူစောထီးတပ်ဖွဲ့တွေဟာ အင်အား ၃၀ကျော်လောက်နဲ့…
Read More » -
16 Octoberသတင်း
ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေးရွာသား အသက် ၄၅နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ “သူတို့က ၁၅ရက်နေ့မနက်ပိုင်းမှာ ရွာစဥ်ခြေလျင်စစ်ကြောင်းဝင်တာ…
Read More » -
11 Octoberသတင်း
ကိုဖက်တီးစားသောက်ဆိုင်ပိုင်ရှင် သေနတ်ပစ်သတ်ခံရ
ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ဒေသအခေါ် (အောင်သာယာ–၂) မှော်ကွက်ရပ်မှာ စျေးရောင်းတဲ့ စျေးသည်အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရလို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့ ဒီကနေ့ ၃ နာရီလောက်မှာ မှော်စီဇာကျေးရွာအပိုင် အောင်သာယာ –၂ မှော်ကွက်ရပ် စားသောက်ဆိုင်ထဲ ခုံမှာထိုင်နေတဲ့ချိန် သေနတ်ကိုင်ထားတဲ့လူငယ် ၂ ယောက်ဝင်လာပြီး ပစ်သတ်သွားတာလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ “ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ရောက်…
Read More » -
Sep- 2023 -15 Septemberသတင်း
ဖားကန့်မှာ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး ခြေနေစိုးရိမ်ရ
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင််ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်အမျိူးသားတစ်ဦး ဒီနေ့မနက်ပိုင်းက သေနတ်ပစ်ခံလိုက်ရကြောင်း မှော်ဝမ်းရပ်ကွက်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မှော်ဝှမ်းရပ်ကွက် ရဲစခန်းအနီး မှာ ”ဧရာမြင့်မိုရ်”နာမည်နဲ့ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင််ကယ်ရောင်းဝယ်ရေး ဆ်ိုင်ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင်…
Read More » -
Jul- 2023 -27 Julyသတင်း
အမိန့်ရအရက်ဆိုင်ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသား ပစ်ခံရ၊ ဇနီးဖြစ်သူကို ဖမ်းဆီးသွား
ဖားကန့် လုံးခင်းရပ်ကွက်မှာရှိတဲ့ အမိန့်ရ အရက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသားကို သေနတ်နဲ့ပစ်ပြီး ဓါးနဲ့မွှန်းခဲ့တဲ့အပြင် ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၁၀ နာရီဝန်းကျင်မှာ အရပ်ဝတ်နဲ့ လူငယ် ၃ ဦး ကားနဲ့ဝင်ရောက်လာခဲ့ပြီး…
Read More » -
Jun- 2023 -6 Juneသတင်း
ဟိုပင်မြို့ နယ်ထိန်းတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှင်းလင်း
ကချင်ပြည်နယ် ဟိုပင်မြို့မှ ရဲတပ်ကြပ် နယ်ထိန်းတစ်ဦးကို KPDF နှင့် မြောက်ပိုင်းဝံပလွေတို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းသို့ ခေါ်သွားစဉ် သေနတ်လုပြီးထွက်ပြေးရန်ကြိုးစားလာသောကြောင့် ရှင်းလင်းလိုက်သည်ဟု KPDF နီးစပ်သူများပြောသည်။ ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် အဆိုပါ နယ်ထိန်းသည် တကွင်းကျေးရွာဘက်မှ လောင်းကစားဝိုင်းများ…
Read More » -
May- 2023 -23 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်း ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများလှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ပုံစံသွားနေတာ အဲဒါကိုအဲလူငယ်တွေက စစ်သားကိုတွေ့ပြီး ပြေးတာတဲ့ အဲမှာတစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့…
Read More » -
1 Mayသတင်း
ဖားကန့်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံထားရ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့ ကျောက်စိမ်းတောင် တံတားထိပ်တွင် အမျိုးသားတစ်ဦး တစ်ကိုယ်လုံး ရိုက်ထားသည့် ဒဏ်ရာများအပြင် သေနတ်ဒဏ်ရာ ၄…
Read More » -
Apr- 2023 -24 Aprilသတင်း
ဖားကန့်တွင် စစ်တပ် ဗိုလ်မှူးတစ်ဦးအပါ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လူငယ် ၂ ဦးကို ပစ်သတ်
ဖားကန့်တွင် စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူနှင့် လုပ်ငန်းရှင်များ ဧပြီလ ၂၃ ရက်နေ့ ပစ်သတ်ခံခဲ့ရသော Happy KTV ရှေ့တွင် ယနေ့ နံနက်တွင် စစ်ကောင်စီတပ်များက လူငယ် ၂ ဦးကို ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသော လူငယ်…
Read More »