သတင်း

ကိုဖက်တီးစားသောက်ဆိုင်ပိုင်ရှင် သေနတ်ပစ်သတ်ခံရ

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ဒေသအခေါ် (အောင်သာယာမှော်ကွက်ရပ်မှာ စျေးရောင်းတဲ့ စျေးသည်အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရလို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ဒီကနေ့  နာရီလောက်မှာ မှော်စီဇာကျေးရွာအပိုင် အောင်သာယာ၂ မှော်ကွက်ရပ် စားသောက်ဆိုင်ထဲ ခုံမှာထိုင်နေတဲ့ချိန် သေနတ်ကိုင်ထားတဲ့လူငယ် ၂ ယောက်ဝင်လာပြီး ပစ်သတ်သွားတာလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ရောက် ရောက်လာခဲ့ပြီး ပစ်သွားခဲ့တာဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောပြပါတယ်။

သေနတ်နဲ့အပစ်ခံရလို့ သေဆုံးတဲ့သူဟာ အသက် ၃၉ နှစ်အရွယ် မှော်စီစာမြေစာပုံမှာ စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ ကိုအောင်မြင့်သိန်း()ကိုဖက်တီး ဆိုသူဖြစ်ပြီး၊ဦးခေါင်းမှာ သေနတ်အပစ်ခံရတဲ့သေဆုံးသွားခဲ့ပါတယ်။

ပစ်သတ်ခံရတဲ့ ကိုဖက်တီးက မိန်းမကျန်ခဲ့တယ် အလောင်းကိုတော့ သုသာန်ဘက်ပို့လိုက်ပြီလို့ လုံးခင်းရပ်ကွက်နေ တစ်ဦးက ပြောပါတယ်။

သေနတ်ပစ်သတ်ခံရတဲ့ ကိုဖက်တီး () ဟာ မိုးကုတ်ဇာတိဖြစ်ပြီး ဖားကန့်မြို့ မှော်ရပ်ကွက်မှာ စျေးရောင်းချတာ ဆယ်စုနှစ်တစ်နှစ်လောက်ရှိပြီလို့ သိရပါတယ်။

ကိုအောင်မြင့်သိန်း()ကိုဖက်တီး ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မည်သူ၊မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ဖားကန့်မှာ အောက်တိုဘာလ ၃ ရက်နေ့မှာလည်း အချဉ်ပေါင်းလှည့်လည် ရောင်းနေတဲ့ အသက် ၄၀ နှစ်အရွယ် ကိုသန်းမင်းထိုက်ဆိုသူတစ်ဦး၊ ကဋေကျေးရွာပိုင် ရပ်ကွက်()နေရာမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာတော့ လုံးခင်းကျေးရွာ အုပ်စုစွန့်ပစ်မြေစာပုံမှာ ရေခဲချောင်းရောင်းတဲ့ အမျိုးသားတစ်ယောက် ပစ်သတ်ခံရမှုရှိခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့ ဖားပြင်ရွာဘက်မှာ အားလူးကြော်လိုက်ပို့တဲ့ အသက် ၄၃ နှစ်အရွယ် ဦးစန်းမြင့်၊မမုံရွာမှာ လေးဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ပစ်သတ်ခံရတဲ့စျေးသည် ၄ ဦးထိရှိလာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button