သတင်း

ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။

သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေးရွာသား အသက် ၄၅နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

သူတို့က ၁၅ရက်နေ့မနက်ပိုင်းမှာ ရွာစဥ်ခြေလျင်စစ်ကြောင်းဝင်တာ အဲ့မှာညောင်ပင်ပြီးစုကို ဝင်ပြီးတဲ့ အချိန် ညနေပိုင်းလောက်မှာ အင်အားတော်တော်များများထွက်သွားတယ် အဲ့မှာနောက်မှာစစ်ကြောင်း ကျန်ထားခဲ့တာ အဲ့တာဒေသခံတစ်ယောက်ကစစ်ကြောင်းထွက်ပြီအထင်နဲ့ဝင်တာ အဲ့မှာ နောက်ချန် ကင်းပုန်းနဲ့တွေ့ပြီးတော့ ပစ်သတ်ခံခဲ့ရတာ” ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောတာကတော့ သတ်ဖြတ်ခံထားရတဲ့ ကိုမင်းမင်းကို ဒီကနေ့ မနက်ပိုင်း ရွာထဲရှင်းလင်းရေးဝင်တဲ့အချိန်ညောင်ပင်စုကြီးရွာ ရဲစခန်းရှေ့ အထက်တန်းကျောင်းရဲ့ လမ်းမပေါ်မှာ သေနတ်သေဒဏ်ရာတွေနဲ့ သေဆုံးလျှက်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိ စစ်ရှောင်အမျိုသားကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀၀ ကျော်ရှိတဲ့စစ်ကြောင်းဖြစ်ပြီး ရွှေဘိုနယ်ညောင်ပင်သာ စိုက်သိပ္ပံကျောင်းကနေ အောက်တိုဘာ၁၄ ရက်နေ့ကတည်းက ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်း နဲ့ ရွှေဘိုနယ်အစပ်ကရွာ တွေကို စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာလည်းစစ်ကောင်စီစစ်ကြောင်းတွေထွက်သွားလို့ ဒေသခံတွေရွာတွေကိုပြန်ကပ်ကြတဲ့အချိန် ဒေသခံတစ်ယောက်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။

ညောင်ပင်ကြီးစုကို ဒီမနက်မှဝင်တယ် ဝင်တဲ့အချိန် နင်းမိုင်းတွေထောင်ထားလို့ ဒေသခံတစ်ယောက် ဒဏ်ရာရထားတယ် ခြေထောက်ဖြတ်ရမယ်လို့လည်းပြောတယ်ဗျ လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက်နေ့ကလည်း ခင်ဦးမြို့နယ်ကို ရေဦးမြို့နယ်ထဲက ဘီလူး စစ်ကြောင်းလို့ခေါ်တဲ့ ခလရ၇၁၊ ခမရ၇၀၂ နဲ့ ခမရ၇၀၈ ပူးပေါင်းစစ်ကြောင်းကကန်သာယာရွာက အမျိုးသမီးတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

လက်ရှိစစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားနေတဲ့နေရာတွေဟာ ရွှေဘို၊ခင်ဦး နဲ့ ရေဦးနယ်အစပ်မှာတည်ရှိ ပြီးတော့ လက်ရှိအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ ရေဦးမြို့နယ်ထဲက ရေဦးတိုင်းရင်းဆေးရုံ နဲ့  မူလတန်းကျောင်း တစ်ခုမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကြောင့် ခင်ဦးနဲ့ရွှေဘိုနယ်အစပ်ကကျေးရွာတော်တော်များများက ဒေသခံ ၁ သောင်းကျော် ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီးတစ်ချို့ကျေးရွာတွေကိုပြန်ကပ်ကြပေမဲ့ တစ်ချို့ထွက်ပြေး တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်အတွင်းကိုမြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေတွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ ၁၂ ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button