ပိတ်မိပြည်သူ
-
Sep- 2024 -4 Septemberသတင်း
အင်းတော်ဘုန်းကြီးကျောင်းမှာ ပိတ်မိပြည်သူတစ်ထောင်ဝန်းကျင်ရှိပြီး အစာရေစာပြတ်လပ်မှုကြုံနေရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ပြည်သူတစ်ထောင်နီးပါးရှိပြီး အစာရေစာပြတ်လပ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲစတင်လာတဲ့ သြဂုတ် ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့မဘုန်းတော်ကြီးကျောင်းထဲမှာ ထွက်ပြေးခိုလုံနေကြတဲ့ လူဦးရေတစ်ထောင်နီးပါးဟာ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတဲ့အတွက် ပိတ်မိနေတာ ၁၉ ရက်အထိရှိလာပြီလို့ အင်းတော်မြို့ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက KNGကိုပြောပါတယ်။ “ဘုန်းကြီးကျောင်းထဲမှာပိတ်မိနေတဲ့ပြည်သူ တစ်ထောင်နီးပါးရှိတယ်ဗျ သူတို့ပိတ်မိနေတာ ၁၉ ရက်ရှိလာပြီ ခုအစားအသောက်တွေပြတ်လပ်နေပြီတဲ့ဗျာ။ စစ်သားတွေက လွတ်မပေးဘူးလို့သိရတယ်။ ဖုန်းလိုင်းလည်းဆက်သွယ်ရခက်နေတယ်။လောလောဆယ် ဆန်ပြုတောင် ဝဝလင်လင်တောင်မသောက်ရဘူး”လို့ အထက်ဖော်ပြပါအမျိူးသားတစ်ဦးကပြောပါတယ်။ ပိတ်မိနေတဲ့ပြည်သူတွေထဲမှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ကိုယ်ရင်တွေအပါ မြို့ခံပြည်သူ ၉၀၀ ကျော်လောက်ရှိပြီး ဘုန်းကြိီးကျောင်းအနီး လက်နက်ကြီးကျမှန်တာကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်မရတဲ့အပြင် ဆေးကုသခွင့်မရတာကြောင့် ၂ ဦး သေဆုံးသွားပြီလို့သိရပါတယ်။ “ဆေးကုခွင့်လည်းမရဘူးဗျဘာဆေးမှမရှိဘူးပြောတယ် ဒီနေ့ထိဆိုရင် ဒဏ်ရာသွေးလွန်ပြီးသေတာ နှစ်ယောက်ရှိပြီ”လို့ အင်းတော်ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရထားသူတွေဟာ လက်နက်ကြီး ကျည်ထိမှန်ထားသူတွေဖြစ်ပြီး သေဆုံးသွားသူနှစ်ဦးကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကိုတော့ ဘုန်းကြီးကျောင်းဧရိယာထဲမှာထဲ မြေမြှပ်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊အင်းတော်PDFနဲ့ ကျောင်း သား တပ် (ABSDF) ပူးပေါင်းတပ်တွေဟာ အင်းတော်မြို့သိမ်းတိုက်ပွဲကိုသြဂုတ် ၁၅ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အင်းတော်ရဲစခန်း၊ထွေအုပ်ရုံးနဲ့မြို့အဝင်အထွက်ကာကင်စခန်းတွေကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေကြောင်းကနေဗုံးကျဲနေတာကြောင့်အင်းတော်မြို့အထိုင်တပ်ကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ အင်းတော်မြို့နယ်ဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိပြီး ကုန်းကြောင်းအရဗျူဟာကျတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jun- 2024 -27 Juneသတင်း
နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက ၉ ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင် ၆ ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အရပ်သား ၃၀ ဦးဝန်းကျင်ကို နန့်သာရွာဘုန်းတော်ကြီးကျောင်းထဲမှာလူသားဒိုင်းအဖြစ်ဖမ်းဆီးထားချိန် ဇွန်လ ၂၂ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ ဦးထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးပြီး နောက်ထပ် ၉ ဦးဒဏ်ရာရရှိကာ ကျန်အရပ်သား ၆ ဦး ၃ ရက်ကြာပိတ်မိနေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့ မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သားတွေကို လာမြုပ်ပေးကြဖို့ စစ်ကောင်စီတပ်တွေက နန့်သာရွာအနီးတစ်ဝိုက်ကပြည်သူတွေကို ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ “အလောင်းတွေကိုမနေ့ကမှမြှပ်လို့ရသွားတာလေး စစ်သားတွေက အလောင်းလာမြုပ်ကြပါခေါ်လို့ ၅ ယောက်သွားပြီး မြှပ်ကြတာ။ အဲဒီချိန်ပိတ်မိနေတဲ့ထဲက လမ်းလျောက်နိုင်တဲ့သူတွေကို စစ်သားတွေ ကတုတ်ကျင်းမှာရှိနေတဲ့အချိန်အနောက်တောလမ်းကနေခေါ်ထုတ်လာခဲ့ကြတာ”လို့ အောင်ကုန်းဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ထဲမှာတော့ အမျိုးသား ၅ ဦးနဲ့ အမျိူးသမီး ၁၀ ဦးဖြစ်ပြီး ရုပ်အလောင်းကိုလည်း ဇွန်လ ၂၅ ရက်နေ့ နန့်သာသုသာန်မှာ သဂြိုလ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရအမျိုးသမီး ၂ဦး မသန်စွမ်းတစ်ဦးနဲ့လူစာစောင့်အမျိုးသား ၃ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ “နန့်သာလေယာဥ်ကျဲလို့သေသွားတဲ့ ၁၅ ဦးကိုမနေ့က နန့်သာသုဿန်ထဲမှာသဂြိုလ်ပေးခဲ့တယ် အားလုံးကို တစ်ကျင်းထဲမှာပဲသဂြိုလ်ပေးခဲ့လိုက်တယ်ဗျ။ ခုပိတ်မိသွားတဲ့ ၁၅ ယောက်ထဲက ၉ ယောက်ကတော့ပြန်လွတ်ခဲ့ပြီ ကျန်နေတာကလမ်းလုံးဝမလျှောက်နိုင်တဲ့ ဒဏ်ရာရ နှစ်ယောက်ရယ် မသန်စွမ်းတစ်ယောက် ပြီးတော့လူနာစောင့် ၃ ယောက်ရယ်ကျန်နေခဲ့တယ်”လို့ သူကပြောပါတယ်။ နန့်သာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကနဦးက သေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မနေ့ ကရုပ်အလောင်းသွားရောက်သဂြိုလ်သူတွေအတည်ပြုချက်အရ သေဆုံးရုပ်အလောင်း ၁၅ ဦးအထိပဲရှိတယ်လို့ဆိုပါတယ်။ နန့်သာကျေးရွာထဲမှာ အင်အား ၃၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်မတ်လထဲက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကအရပ်သားတွေကိုဖိနှိပ်နေတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၂၂ ရက်နေ့ ည၇နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီစစ်သားတွေဘက်ကအထိနာနေတာကြောင့် ည ၁၁ နာရီအချိန်မှာ ဘုန်းကြီးကျောင်းကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းထဲအတင်းအဓမ္မခေါ်ဆောင်ထားခံရသူတွေဟာ လက်ရှိနန့်သာရွာမှာတပ်စွဲနေတဲ့စစ်ကြောင်း ရွာထဲဝင်ရောက်လာစဥ်ထွက်ပြေးခွင့်မရလိုက်ပဲ ပိတ်မိနေခဲ့တဲ့သူတွေဖြစ်ပါတယ်။ နန့်သာကျေးရွာထဲကို အင်းတော်မြို့တွင်းတပ်ကနေ အင်အား ၁၀၀ ဝန်ကျင်းပါတဲ့စစ်ကြောင်းတစ်ကြောင်းစစ်ကူလာနေပြီး နန့်သာ ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ သက္ကယ်ကျင်းရွာမှာရောက်နေတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -5 Aprilသတင်း
ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ မနေ့ကစပြီး ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မိုးမောက်ဘက်ကနေလက်နက်ကြီးပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့ပါပစ်ခတ်ခဲ့အတွက် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ ဒေသခံပြည်သူတွေဟာ တစ်ရက်လုံးရွာထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၅ ရက်နေ့ ဒီမနက်မှာတော့ မိုးလင်းတာနဲ့တစ်ပြိုင်နက် ကျောက်စခန်းရွာ( ခဝမ်ဘန်)မှာ ရှိတဲ့ပြည်သူတွေအားလုံး မိုးမောက်၊ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်ကိုတိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ကျောက်စခန်းရွာကဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အခုလိုဖြစ်ရပ်မျိုးတစ်ခေါက်မှမကြံဖူးဘူး ဒီမနက်ထွက်လို့ရတဲ့ အချိန်တစ်ခါတည်းထွက်လာခဲ့တော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဘဲ မှတ်ပုံတင်တောင်မယူနိုင်ခဲ့ဘူး ခုတော့ ဆွေမျိုးအိမ်မှာသူတို့ကျွေးတာစားပြီးနေနေတာပေါ့”လို့ပြောပါတယ်။ ရွာသားတွေထွက်ခွာသွားပြီးနောက် ဒီမနက် ၉ ခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်ကလေယာဉ်နဲ့ ပြန်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေတဲ့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတစ်ဦးကခုလိုပြောပြပါတယ်။ “သုံးယောက်တော့ ထိတယ် မှိုင်းထိလား သေနတ်ထိလားတော့မသိဘူး ကလေးတစ်ယောက်က လက်မှာ မှိုင်းစထိတယ် နောက်နှစ်ယောက်ကတော့ ခြေထောက်မှာထိတယ်”လို့ဆိုပါတယ်။ ကျောက်စခန်းရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာအပြင် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာထဲကနေအိမ်တော်တော်များများလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမောက်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်စခန်းရွာဆုတောင်းကုန်းပေါ်မှာတပ်ချထားတဲ့ တပ်စခန်းကို KIA တပ်တွေက မတ်လ ၂ ရက်နေ့ ၆ နာရီလောက်မှာ ထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရွာနီးမှာတော့တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်စခန်းရွာဟာ အိမ်ခြေ ၁၆၀ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပြီး လူဦးရေအားဖြင့် ၇၀၀ ဝန်းကျင်ရှိတာဖြစ်တယ်လို့ ကျောက်စခန်းရွာ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ By – Hope
Read More » -
Mar- 2024 -13 Marchသတင်း
ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေ ကယ်ထုတ်နိုင်
တိုက်ပွဲကြောင့် ၅ ရက်ခန့်အကြာ ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်ကို မတ်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကယ်ထုတ်နိုင်ခဲ့ပြီလို့သိရပါတယ်။ ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်အောင်…
Read More » -
12 Marchသတင်း
အောင်မြေ(၂) ဒေသခံပြည်သူတွေ ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်ကြီးရွယ်အို တစ်ချို့သေဆုံးမှုရှိလာ
တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ(၂) ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက်ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက်ကြီးရွယ်အိုတစ်ချို့ အသက်ရှုကြပ်ပြီး အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကြုံတွေ့နေရတယ်လို့ ပိတ်မိပြည်သူတွေက ပြောပါတယ်။ မတ်လ ၁၂ ရက် ဒီကနေ့ ညနေပိုင်း…
Read More » -
12 Marchသတင်း
အောင်မြေ(၂) ဒေသခံ ၇၀၀ ခန့်ကိုစစ်တပ်က လူသားဒိုင်းကာထားလို့ ကယ်ထုတ်ဖို့ခွင့်မပြုသေး
တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်ကလူသားဒိုင်းအဖြစ်အသုံးပြုနေပြီး ဒီကနေ့ မတ်လ ၁၂ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အထိ ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အောင်မြေ(၂) ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်လောက်ကို ကယ်ထုတ်နိုင်ဖို့…
Read More » -
4 Marchသတင်း
နမ့်မှော်ကျေးရွာပြည်သူတချို့ ရွာထဲပိတ်မိနေ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကသိုဏ်းတောင်ခြေမှာရှိတဲ့ နမ့်မှော်ကျေးရွာနေပြည်သူတချို့ တိုက်ပွဲတိမ်းရှောင်လာကြပေမယ့် အများပိုင်း ရွာထဲပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတ်လ ၄ ရက်နေ့ နေ့လည်း ၁ နာရီဝန်းကျင် ဖားကန့်–တာမခံသွားလမ်းမပေါ်ရှိ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းကနေ လက်နက်ကြီးပစ်ခတ်သံ တွေကြားရပြီးနောက်…
Read More » -
Nov- 2023 -13 Novemberသတင်း
အင်းတော် – ထီးချိုင့်လမ်းပိုင်းမှာ ခရီးသွား ပြည်သူတွေ ၅၀၀ လောက် ပိတ်မိနေဆဲ
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော် – ထီးချိုင့် လမ်းပိုင်းကို စစ်ရေးအခြေနေတွေအရ ပိတ်ထားတာ ၇ ရက်ကြာ ရှိလာပြီး လမ်းပိုင်းတစ်လျှောက်မှာ ရီးသွားပြည်သူ ၅၀၀ ဝန်းကျင်လောက် ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ထီးချိုင့်မြို့ပေါ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ…
Read More »