သတင်း

အောင်မြေ(၂) ဒေသခံ ၇၀၀ ခန့်ကိုစစ်တပ်က လူသားဒိုင်းကာထားလို့ ကယ်ထုတ်ဖို့ခွင့်မပြုသေး

တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ အောင်မြေ() ဒေသခံပြည်သူတွေကို စစ်တပ်ကလူသားဒိုင်းအဖြစ်အသုံးပြု‌နေပြီး ဒီကနေ့ မတ်လ ၁၂ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အထိ ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အောင်မြေ() ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်လောက်ကို ကယ်ထုတ်နိုင်ဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နေပေမယ့် လက်ရှိအချိန်အထိ ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။

ဒီကနေ့လည်း ဘာသာရေးဆရာတွေနဲ့ ပူးပေါင်းပြီး ကြိုးစားနေတုန်းပါပဲ။ အခုချိန်အထိကို ထွက်လို့မရသေးဘူးဖြစ်နေတယ်။ စစ်တပ်ဘက်ကပြောတာ KIA ထွက်သွားရင် ထွက်ခိုင်းမယ်လို့ ပြောပါတယ်။ အခု KIA က ထွက်သွားပြီ။ အဲတော့ အခုက ပြည်သူတွေပဲကျန်နေတယ်။ အခုပြည်သူတွေကိုတော့ ပြန်ခွင့်မပေးဘူးဖြစ်တယ်လို့ပြောပြပါတယ်။

ပိတ်မိနေတဲ့ အောင်မြေ(၂) ပြည်သူတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းပေးနေတဲ့ ဘာသာရေးခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG

လက်ရှိအချိန်အထိ ပိတ်မိနေတဲ့ အောင်မြေ() ဒေသခံပြည်သူတွေကို ထုတ်ပေးဖို့ တာဝန်ရှိတဲ့သူတွေက တောင်းဆိုနေပေမယ့် စစ်တပ်ဘက်ကနေ အမျိုးမျိုးငြင်းဆန်ပြောဆိုနေတယ်လို့ သူကဆက်ဆိုပါတယ်။

အခုကျတော့ ပြည်သူတွေကို အဲမှာပဲနေပါပေါ့။ ပြည်သူတွေက အထဲမှာ စားနပ်ရိက္ခာမရှိတော့ဘူးလို့ ပြောရင်လည်း ရိက္ခာကို သူတို့ထောက်ပေးမယ်တဲ့။ အဲ့ကြောင့် မရဘူး ပြည်သူတွေက ပြန်ပဲပြန်ချင်တာ လွတ်ပေးပါလို့ပြောရင်လည်း နောက်ထပ်တစ်ပတ်လောက်စောင့်ပါလို့ထပ်ပြောလာပြန်တယ်။ အဲ့ကြောင့် အခုချိန်အထိစောင့်နေတာလို့ဆက်ဆိုပါတယ်။

မတ်လ ၈ ရက်နေ့လောက်ကနေ အောင်မြေ() ကျေးရွာမှာ လာရောက်ရှိနေတဲ့ KIA ပူးပေါင်းတပ်တွေကို စစ်ကောင်စီတပ်က ရွာထဲကနေ ဆုတ်ပေးရင် ပိတ်မိနေတဲ့ အောင်မြေ() ပြည်သူတွေကို လွတ်ပေးမယ်လို့ ပြောတာတွေရှိတာကြောင့် KIA တပ်တွေက မတ်လ ၁၁ ရက်နေ့ မနေ့ ညနေပိုင်း ရွာထဲကနေ တပ်ဆုတ်သွားကြတယ်လို့သိရပါတယ်။

KIA ဘက်ကနေ အောင်မြေ()၊ အောင်မြေ() အနီးတဝိုက်ကနေ ဆုတ်ခွာသွားပြီဖြစ်တာကြောင့် ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဘာသာရေးခေါင်းဆောင်တွေက ဒီကနေ့မှာလည်း ကယ်ထုတ်ဖို့ လာရောက်စောင့်ဆိုင်းနေကြဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

မတ်လ ၁၁ ရက်နေ့ မနေ့ကလည်း ပိတ်မိနေတဲ့ ပြည်သူတွေကယ်ထုတ်ဖို့ ဘာသာရေးခေါင်းဆောင်တွေက ကားယာဉ်းတန်းနဲ့ သွားရောက်ခဲ့ပေမယ့် လမ်းတစ်ဝက်အရောက်မှာ အောင်မြေ()၊ အောင်မြေ() အနီးတဝိုက် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလာတဲ့အပြင် တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောင်မြေ() ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်ခွာခွင့်မပေးဘဲ လမ်းအဝင်အထွက် နေရာတွေမှာ ဝါးလုံးတွေတန်းပြီး စစ်အင်အား ၃၀ ဝန်းကျင်လောက်နဲ့ လုံးခြုံရေးတပ်ချထားပြီးတော့ ထွက်လာတဲ့ သူတွေကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေ အားလုံး အောင်မြေ() ရွာဘုန်းကြီးကျောင်းနေမှာ စုပုံထားခိုင်းပြီးတော့ နေအိမ်ကို အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပေးထားတယ်လို့ ပိတ်မိပြည်သူတွေကပြောပါတယ်။

ရွာထဲမှာ ပိတ်မိနေတဲ့ အောင်မြေ() ဒေသခံပြည်သူ ၇၀၀ လောက်က ၄ ရက်လောက်အကြာ ရွာဘုန်းကြီးကျောင်းနေရာမှာ ပိတ်ဆို့ခံထားရတာကြောင့် အစားအသောက်ပြတ်လပ်လာတဲ့အပြင် ဖျားနာတဲ့သူတွေလည်း များပြားလာတယ်လို့ လက်ရှိပိတ်မိခံနေရတဲ့ အောင်မြေ() ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

ဒီကနေ့လည်း မထွက်နိုင်သေးဘူး။ ထွက်နိုင်ဖို့ အလားလားမရှိထင်တယ်။ အခုပြောသံကြားတာက တစ်ပတ်လောက် စောင့်ရအုံးမယ်လို့လည်းကြားတယ်။ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး အခုဆိုအရမ်းခက်လာပြီ။ ရွာထဲမှာလည်း ရေလည်းပြတ်၊ ထင်းလည်းပြတ်၊ အစားအသောက်တွေလည်းပြတ်လာတယ်။ ပြီးရင်ဖျားနာတဲ့ သူတွေလည်းများလာတယ်။ အဲ့ကြောင့် အမြန်ကုသဖို့ အမြန်ထွက်ချင်နေကြပြီလို့ပြောပါတယ်။

KIA တပ်တွေ ဆုတ်ခွာသွားခဲ့ပေမယ့် စစ်တပ်ဘက်က ပိတ်မိပြည်သူတွေ ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားဆဲရှိနေတဲ့အပေါ်မှာ ဒေသခံပြည်သူတွေရဲ့ အသက်အန္တရာယ် မညှာသာဘဲ ပြည်သူတွေကို အကာအကွယ်ယူပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။

လက်ရှိ အောင်မြေ() ရွာဘုန်းကြီးကျောင်းထဲမှာ လူဦးရေ ၇၀၀ ဝန်းကျင်လောက် စုပေါင်းနေထိုင် နေရတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တစ်ချို့က နားမကျန်ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားဖြစ်ပွားနေတာကြောင့် အောင်မြေ() ဒေသခံ တစ်ထောင်ဝန်းကျင်လောက်က မတ်လ ၈ ရက်နေ့ကစပြီး စန်းကားနဲ့ နောင်ချိန်းကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button