စစ်ပြေးဒုက္ခသည်များသတင်း

ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေ ကယ်ထုတ်နိုင်

တိုက်ပွဲကြောင့် ၅ ရက်ခန့်အကြာ ပိတ်မိနေတဲ့ အောင်မြေ() ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်ကို မတ်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကယ်ထုတ်နိုင်ခဲ့ပြီလို့သိရပါတယ်။

ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်အောင် ဘာသာရေးအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG တို့ရဲ့ အကူအညီနဲ့ လွတ်မြောက်လာပြီလို့ ပိတ်မိပြည်သူ အောင်မြေ() ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ပိတ်မိနေတဲ့ သူတွေအားလုံးအားပေါ်ရောက်ပါပြီ။ ဘုန်းကြီးကျောင်းက ဆရာတော်လည်းပြန်ပြီ။ တစ်ယောက်မှ မကျန်ထားဘူး။ လာကြိုတဲ့ ကားအစီးရေက ၃၀ ကျော်လောက်ရှိမယ်။ အခုသွားနေပါပြီလို့ ပြောပါတယ်။

အောင်မြေ() ဒေသခံပြည်သူတွေကို မတ်လ ၈ ရက်နေ့ကတည်းက ကျေးရွာအတွင်းက ထွက်ပြေးလို့မရအောင် စစ်တပ်က ရွာဘုန်းကြီးကျောင်းနေရာမှာ သွားလာလို့မရအောင် စုပြုံပိတ်ဆို့ထားတာဖြစ်ပြီး ၅ ရက်နေ့အကြာမှ လွတ်မြောက်လာကြတာပါတယ်။

ပိတ်မိခံထားရပြီး လွတ်မြောက်လာတဲ့ အောင်မြေ (၂) ဒေသခံပြည်သူတွေ

လက်ရှိမှာ တိုက်ပွဲနယ်မြေဖြစ်နေတဲ့ အောင်မြေ()၊ အောင်မြေ()နဲ့ ရွှေညောင်ပင်တစ်ကြော စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြားမှာတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီးတော့ စစ်တပ်ဘက်ကနေလည်း လေကြောင်းနဲ့ တစ်ရက်ကို ၂ ကြိမ်၊ ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်နေတဲ့အပြင် ခလရ ၅၈ တပ်ရင်းနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မပခ ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် အောင်မြေ() ဒေသခံပြည်သူတွေဟာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နေ့ကစပြီး ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်တပ်က လူသားဒိုင်းအသုံးပြုပြီးတော့ ကျေးရွာအတွင်းမှာ လုံးခြုံရေးတင်းကြပ်ထားပြီး ပိတ်ဆို့ထားတာဖြစ်ပါတယ်။

ကျနော်တို့က ဒီကနေ ထွက်ချင်တာဖြစ်တဲ့ လာကြိုတဲ့သူတွေရှိရင်တော့ ထွက်လာကြတာဖြစ်တယ်။ အခုက လူကြီးတွေ ခေါ်သွားတဲ့ နေရာကို သွားဖို့ အဆင်သင့်ပါပဲ။ ဒီမှာက လောလောဆယ်လုံးဝဆက်နေလို့မရသေးတဲ့ အခြေအနေမှာဖြစ်တယ်။ ရွာအနီးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်။ တိုက်ပွဲက ဆက်ဖြစ်ဖို့ပဲရှိနေသေးတယ်လို့ပြောပါတယ်။

အောင်မြေ(၂) ကျေးရွာအဝင်ဆိုင်းဘုတ်

လွတ်မြောက်လာတဲ့ အောင်မြေ() ဒေသခံပြည်သူတွေကို ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာဘက် တာဝန်ရှိသူတွေ ပြင်ဆင်ထားတဲ့နေရာကို ယာယီတိမ်းရှောင်နေရာချပေးတဲ့နေရာက်ဘက်သွားနေတာဖြစ်တယ်လို့ သိရပါတယ်။

ဘာသာရေခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့တွေက အောင်မြေ() ဒေသခံတွေ လွတ်မြောက်လာဖို့အတွက် ပြည်နယ်ဝန်းကြီးချုပ်အပါ စစ်တပ်နဲ့ ၃ ရက်လောက်အကြာညှိနှိုင်းပြောဆိုမှသာ ဒီကနေ့ ပြန်လည်လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။

စစ်တပ်ဘက်ကနေ အောင်မြေ()၊ အောင်မြေ() နေရာတွေမှာ ရှိနေတဲ့ KIA ပူးပေါင်းတပ်တွေကို တပ်ဆုတ်ပေးမှသာ ပိတ်ဆို့ထားတဲ့ ပြည်သူတွေကို လွတ်ပေးမယ်လို့ ပြောဆိုတာတွေရှိတာကြောင့် KIA ဘက်ကနေ မတ်လ ၁၁ နေ့ ညနေပိုင်းမှာ တပ်ဆုတ်ထားတာလည်းဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ရွှေညောင်ပင် စစ်တပ်စခန်းနဲ့ အောင်မြေ() ကျေးရွာ မှာရှိတဲ့ လီဆူပြည်သူ့စစ်တပ်ခန်း နေရာကို KIA က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် အောင်မြေ()၊ အောင်မြေ() နဲ့ ရွှေညောင်ပင် ဒေသခံပြည်သူတွေ ထောင်ချီက လက်ရှိမှာ ဝိုင်းမော်မြို့နယ်ထဲက နောင်ချိန်း၊ စန်ကားနဲ့ မြစ်ကြီးနားမြို့ပေါ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button