ဖမ်းဆီးခံရမှု
-
Jul- 2024 -11 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက် မနေ့ည ၁၁ နာရီကျော် နမ္မတူမြို့ မောချယ်ရီတည်းခိုခန်းမှာလာရောက်တည်းခိုတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒီနေ့မနက် မိုးမိတ်ဘက်က သက်ဆိုင်ရာ KIA အရာရှိတွေရောက်လာပြီး နှစ်ဖက်တပ်ဖွဲ့အကြားတွေ့ဆုံညိနှိုင်းခဲ့ရာ ပြေလည်သွားတာကြောင့် မွန်းလွဲပိုင်း ၁ နာရီခွဲမှာ ပြန်လွတ်ပေးပြီဖြစ်တယ်လို့ နမ္မတူဒေသတာဝန်ခံ KIO အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ခုလိုပြောပါတယ်။ “အားလုံး ၁၀ ယောက်ဖြစ်တယ် မနေ့ည ၁၁ နာရီကျော်မှာဖမ်းသွားတယ် ဖမ်းခံရချိန် ဒို့ဘက်က အရာရှိလည်းပါတော့ သူတို့ကို ပြောတော့ပြောပေမဲ့ သူတို့မသိလို့ထင်တယ်။ KIA တပ်ဖွဲ့ဝင်တွေဟုတ်မှန်း သူတို့သိပ်မယုံလိုက်လို့ ထင်တယ်။ အခုဒီနေ့တော့ အချင်းချင်းသက်ဆိုင်ရာတွေ တွေ့ဆုံကြပြီး ၁ နာရီ ၂၁ မိနစ်မှာ ပြန်လွတ်ပေးပြီ။” လို့ နမ္မတူဒေသ တာဝန်ရှိသူ KIO အရာရှိတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ မိုးမိတ် KIA တပ်ရင်း ၁၄ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေနတ်တိုပါတဲ့အကြောင်းပြချက်နဲ့ TNLA ဘက်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုကြောင်း သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီခံရချိန် KIO၊KIA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သက်သေပြပြောဆိုတာတွေရှိခဲ့ပေမယ့် TNLA ဘက်က မြို့တွင်းပုံမှန်စစ်ဆေးရေးလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွင်း ဖမ်းဆီးမိလိုက်ခြင်းသာဖြစ်တယ်လို့ ပြောဆိုပြီး အချင်းချင်းပြေလည်သွားပြီဖြစ်တယ်လို့ KIO အရာရှိဘက်က အခုလို ဆက်ပြောပါတယ်။ “သူတို့လည်း ဒို့လူဖြစ်မှန်းသေချာသိပြီဆိုတော့ ဒို့ဆီကို ပြန်အပ်ပေးတယ်။ အချင်းချင်း ပြေလေအောင် အဆင်ပြေအောင် ၊ အချင်းချင်းပြဿနာတွေ ထပ်မပွားအောင် ပြုလုပ်ကြတာဖြစ်တယ်။ TNLA ဘက်ကလည်း အမြဲတမ်းပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းအတွင်း ဖမ်းဆီးမိလိုက်တယ်လို့ ပြောပါတယ်။ ည ည ဆို သူတို့လည်း အဲလို တည်းခိုခန်းတွေမှာ ပုံမှန်စစ်ဆေးတာတော့ရှိတယ်ပြောတယ်။” လို့ ပြောပါတယ်။ တစ်ဖက်မှာလည်း ဒေသခံတချို့ သုံးသပ်ပြောဆိုတာကတော့ နမ္မတူမြို့ထဲကို KIO/KIA တပ်ဖွဲ့ဝင်တွေ ခွင့်မရှိပဲဝင်လာတာကြောင့် TNLA ဘက်က ဖမ်းဆီးခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ နမ္မတူမြို့ကို TNLA ဘက်က ထိန်းချူပ်ထားပြီးနောက် မြို့အဝင်ဂိတ်မှာ KIA/KIO တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းဝတ်စုံနဲ့ ဝင်ခွင့်မပြုပဲ တာဆီးပိတ်ပင်မှု ပြီးခဲ့တဲ့လတွေမှာလည်း ရှိခဲ့ပါတယ်။ နမ္မတူမြို့နဲ့ မန်တုံဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့အချင်းချင်း နယ်မြေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ် အချင်းချင်းပြေလေအောင် ကြိုးစားနေတဲ့အခြေအနေမှာရှိတယ်လို့ နှစ်ဖက်တပ်ဖွဲ့က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Jun- 2024 -12 Juneသတင်း
TNLA ဖမ်းဆီးထားတဲ့ ပန်ရှော်ရွာ အုပ်ချုပ်ရေးမှူး အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံတွေတောင်းဆို
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာ (Bangshau) အုပ်ချူပ်ရေးမှူးကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံတွေတောင်းဆိုနေကြပါတယ်။ ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူး ဦးရှလောလွမ်းဒိုင်ကို TNLA တပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့ ည…
Read More » -
12 Juneသတင်း
မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ကြောင့် တစ်ပတ်ကျော်အတွင်း ဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာပြီး တစ်ပတ်ကျော်အတွင်းဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိပြီဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇွန်လ လဆန်းပိုင်းကစပြီး မြစ်ကြီးနားမြို့ ရမ်ပူ၊ လယ်ကုန်း၊ ရှမ်းစုတောင်၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ မြို့သစ်ကြီး၊ အောင်နန်းစတဲ့ ရပ်ကွက်တွမှာ ည ၉ နာရီနောက်ပိုင်း လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံပြည်သူတစ်ဦးက ဆိုပါတယ်။ “ကျနော့်ညီဖမ်းခံရတာ အိမ်ကသွားထုတ်လာတာ ၄ သိန်းကျော်ကုန်တယ်ပြောတယ်။ ခေမာသိီရိဘက်မှာဖမ်းခံရတာ အဲဒီညထဲမှာဘဲ အယောက် ၂၀ လောက်ဖမ်းခံရတာလို့ပြောတယ်။ အထဲမှာလည်း အများကြီးရှိသေးတယ် ထွက်လာလို့မရသေးတဲ့သူတွေ”လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွကို ညမထွက်ရအမိန့်ကျူးလွန်တယ်ဆိုတဲ့အကြာင်းပြချက်နဲ့ ရဲစခန်းမှာဖမ်းထားပြီး ခံဝန်ကတိရေးထိုးစေကာ အာမခံကြေး၊ရှေ့နေငှားရမ်းခ အပြီးအစီး တစ်ဦးလျှင် ပျှမ်းမျှ ၄ သိန်းကျော်ကုန်ကျပြီး ထုတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့မရဲစခန်းမှာလည်း ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိတဲ့အပြင် ပလနကျေးရွာ နယ်မြေရဲစခန်းဘက်မှာလည်း ဖမ်ဆီးခံထားရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ နောက်ထပ် မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း ဆက်ပြောပါတယ်။ “ဟုတ်တယ် သူက ဖမ်းတဲ့နယ်မြေမှာဘဲချုပ်ထားတာ ဥပမာ မြစ်ကြီးနားမြို့တွင်းဆိုရင် ရဲစခန်းမှာချုပ်ထားတယ်။ ကျမအသိတစ်ယောက် ပလန ဘက်ဖမ်းခံရတာ။ အလုပ်ကိစ္စနဲ့ ည ၉ နာရီလောက်ပြန်လာတာ လမ်းမှာဖမ်းခံရတာဟုတ်တယ်။ ခုတော့ ထုတ်ခဲ့ပြီ”လို့ပြောပါတယ်။ ဖမ်းဆိီးခံရသူတွေကို စစ်ကောင်စီတပ်တွေက ဖုန်းစစ်ဆေးတာတွေပြုလုပ်ပြီး မသင်္ကာတဲ့သူတွေကလွှဲလို့ ကျန်တဲ့သူတွေကို ရုံးထုတ်စစ်ဆေးကာပြန်လွှတ်ပေးနေတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ခုလိုပြောပါတယ်။ “သူတို့က တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောလုပ်နေတာ ပိုက်ဆံလည်းရ တစ်ဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း စစ်ဆေးပြီးသားသဘော ဟုတ်တယ်။ မြစ်ကြီးနားမှာ လုံခြုံရေးခေါင်းစဉ်နဲ့ညတိုင်း ကင်းပတ်တယ် ကင်းပုန်းဝပ်တာပုံမှန်ရှိတယ် အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အရေးမကြီးရင် အပြင်မထွက်ဖို့ပြောချင်တယ်”လို့ မြစ်ကြီးနားမြို့တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့မှာ ဧည့်စာရင်းလိုက်လံစစ်ဆေးတာတွေလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး လက်ရှိ မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကို စစ်ရေးပြင်းထန်လာတာနဲ့အမျှ မြစ်ကြီးနားမြို့မှာလည်း စစ်ဆေးတင်းကြပ်တာတွေပိုများလာနေတယ်လို့လည်း မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ည ၁၀ နာရီနောက်ပိုင်းအပြင်ထွက်မရ အမိန့်ကို ပြီးခဲ့တဲ့မေလမှာ တစ်ဖန်ထုတ်ပြန်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ By – CJ
Read More » -
May- 2024 -13 Mayသတင်း
ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က နန်းခွင်တံတားအကျော်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက မြေသယ်ကား ၇ စီးကို အရင်ဆုံးဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်နဲ့ပြန်ရွေးကြဖို့ပြောဆိုခဲ့ပေမယ့် ကားပိုင်ရှင်တွေဘက်က ရွေးနိုင်ခြင်းမရှိခဲ့တာကြောင့် မြေသယ်ယာဉ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် မေလ ၅ ရက်နေ့မှာလည်း နောက်ထပ်မြေသယ်ကား ၆ စီးကိုထပ်မံဖမ်းဆီးခဲ့ပြီး ဟိုပင်အခြေစိုက် ခလရ ၄၀ တပ်ရင်းမှာ ထိန်းသိမ်းထားကာ မြန်မာကျပ်ငွေ ၅ ထောင်ပေးဖို့ပြောဆိုနေတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေသယ်ကားကို ဖမ်းဆီးတာတင်မဟုတ်ဘဲ မြေသယ်မောင်းသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ “မီးရှို့ခံရတဲ့ ၇ စီးရဲ့နောက် ၆ စီးကိုထပ်ဖမ်းတယ် မိုးညှင်းက တပ်နဲ့ ပြည်သူ့စစ်တပ်တွေဖမ်းမိပြီးတော့ ဟိုပင်က တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာ ယာဥ်မောင်းတွေရောဖမ်းထားတာဟုတ်တယ် နှစ်ခေါက်လုံး က ဖမ်းမိတဲ့ ယာဥ်မောင်းတွေကိုဖမ်းထားတာလို့ပြောတယ် ယာဥ်နောက်လိုက်တွေတော့မပါဘူးပြောတယ်”လို့ပြောပါတယ်။ ဖမ်းဆီးထားရတဲ့ ကားသမား ၁၃ ဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောနေပေမဲ့ ဒီအခြေနေနဲ့ ပတ်သက်လို့ KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ခုလို မြေသယ်ကားတွေကိုဖမ်းဆီးတဲ့ထဲ မိုးညှင်းမြို့နယ် ခလရ ၁၅ တပ်ရင်းနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီအခြေနေနဲ့ပတ်သက်လို့ ဟိုပင် PDF ကတော့ အခုလို ပြောပါတယ်။ “ဖမ်းခံရတဲ့ရက်တွေကတော့မတူဘူး မြေသယ်ကားတွေကြီးပဲ မီးရှို့လိုက်တာလည်းရှိတယ် တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာလည်းရှိတယ် အတိအကျတော့မသိဘူး ယာဥ်မောင်းနဲ့နောက်လိုက်တွေလည်းဖမ်းခံရတယ် လူဦးရေအတိအကျတော့မသိဘူး ဖမ်းဆီးခံရတာကတော့သေချာတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ နန်းခွင်တံတားအကျော် လမ်းပိုင်းမှာဂိတ်အထိုင်ချပြီး အရပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ အရင်ကတည်းကလုပ်ခဲ့ပေမဲ့ ဒီနှစ် ဧပြီလလောက်ကစလို့ ဂိတ်အတည်တကျအထိုင်ချတာမျိုးမဟုတ်ဘဲ အင်အားအနည်းငယ်နဲ့လက်နက်တွေကိုင်ပြီး ကားလမ်းမပေါ်ထွက်ကာရှောင်တခင်စစ်ဆေးနေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနက ဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါ တယ်။ မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတာဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မကြာခနဆိုသလို လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နန်းခွင်ကျေးရွာမှာလည်း ပြည်သူ့စစ်အဖွဲ့တွေဟာ ဆေးရုံမှာတပ်စွဲထားပြီး လမ်းမပေါ်ထွက်ကာ ကား၊ဆိုင်ကယ်တွေကို အခွန်ကောက်ခံတာတွေလုပ်နေတယ်လို့လည်း နန်းခွင်ဒေသခံတွေကပြောပါတယ်။ By – အမိုး
Read More » -
Apr- 2024 -22 Aprilသတင်း
မော်ဖောင်းရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ကျောင်းစောင့် ၂ ဦး မိသားစုဝင်တွေနဲ့အဆက်သွယ်မရ
မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာက ဖမ်းဆီးခံထားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ဘုရား ကျောင်းစောင့် ၂ ဦး ၂ ရက်ကြာလာပေမဲ့ လက်ရှိချိန်ထိ မိသားစုဝင်တွေနဲ့အဆက်သွယ်မရ သေးတဲ့အပြင် ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့အသင်းသားတွေဆီကနေ သိရပါတယ်။ ဧပြီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ် ယာန် KBC အသင်းတော် ဘုရားကျောင်းဝင်းထဲက သင်းအုပ်ဆရာတစ်ပါးနဲ့အတူ အမှု တော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦး စုစုပေါင်း ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာ မော်ဖောင်းကျေးရွာ ကတ်သလစ်အသင်းတော်ဘုရား ကျောင်းဝင်းထဲက တရားဟောဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးကိုလည်း ထပ်ပြီး ဖမ်းခေါ်သွားတာကြောင့် တစ်ညထဲမှာ ဘာသာရေးခေါင်းဆောင် ၃ ဦး၊…
Read More » -
6 Aprilသတင်း
ကသာမှာ အမျိုးသမီးတစ်ယောက်အပါအဝင် အရပ်သား ၃ ယောက်ထပ်ဖမ်းခံရ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့ ရပ်ကွက် ၂ မှာ ဒီကနေ့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်က စစ်ကောင်စီတပ်က အမျိုးသမီးတစ်ယောက်အပါအဝင်အရပ်သား ၃ ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကသာမြို့နယ်…
Read More » -
Mar- 2024 -29 Marchသတင်း
မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ၂၇၀ ကျော်ထိန်းသိမ်းခံထားရတယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့ ညပိုင်းကစလို့ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်း ကျားဖြန့်လုပ်ငန်း နေရာတွေကို စစ်ကောင်စီတပ်က…
Read More » -
28 Marchသတင်း
ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ
ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက လမ်းသွားရင်း အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ကောင်ကထောင်ရပ်ကွက်ကြား ဒေသအခေါ် (သံဘောင်တံတား)…
Read More » -
18 Marchသတင်း
ဖမ်းဆီးခံထားရတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးပြန်ပြီးလွတ်မြောက်
ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းကနေ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်အမျိုးသား ၁၅ ဦး မနေ့ညနေပိုင်းပြန်ပြီးလွတ်မြောက်လာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည စစ်တပ်ကစစ်ရှောင်စခန်းထဲကနေ လာရောက်ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနေ့ ညနေ ၄ နာရီလောက်မှာ ပြန်လွတ်ပေးလိုက်တာဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံဆရာတစ်ဦးက ပြောပါတယ်။ “အကုန်ပြန်လွတ်လာပြီ၊ ဒီက ရပ်မိရပ်ဖတစ်ချို့နဲ့ သွားခေါ်ခဲ့တာပေါ့၊ သူတို့ဘက်ကလည်း မေးစရာရှိတာနည်းနည်းပါးပါးပြန်မေးပြီး ဘာအပြစ်မှမရှိဘူး ဆိုပြီး ခံဝန်ချက်ထိုးပြီး ပြန်လွတ်လိုက်တာပေါ့”လို့ပြောပါတယ်။ မတ်လ ၇ ရက်နေ့ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲကို ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဝင်ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့မြို့တွင်း၊မြို့ပြင် အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာ လုပ်ဆောင်လာပြီး မတ်လ ၈ ရက်နေ့မှာလည်း ဟိုတယ်၊ တည်းခိုခန်းအားလုံးမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး မြစ်ဆုံဟိုတယ်ပိုင်ရှင်ကို ဖမ်းဆီးသွားတဲ့အပြင် မတ်လ ၉ ရက်နေ့ညမှာလည်း ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ဖမ်းဆီးရသူ စုစုပေါင်း ၁၇ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဲဒီထဲ စစ်ရှောင်ကလေးတစ်ဦးကို အသက်မပြည့်သေးတာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့မှာဘဲ ပြန်လွတ်ပေးခဲ့သလို အမှုတော်ဆောင်ဆရာကိုတော့ မတ်လ ၁၀ ရက်နေ့ ၁၂ နာရီ ပြန်လွတ်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ ၁၅ ယောက်ကိုတော့ တစ်ပတ်အကြာ မတ်လ ၁၇ ရက်အကြာမှပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လွတ်ပေးလိုက်တဲ့ ၁၅ ယောက်ကို ၃ လအပြင်မထွက်ဖို့ခံဝန်ကတိထိုးခိုင်းခဲ့တယ်လို့ စစ်ရှောင်စခန်းက နီးစပ်သူအမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။ “လွတ်တာကလွတ်တာပေမဲ့၊ သူတို့ကို အပြင်မထွက်ရလို့ လက်မှတ်ထိုးထားရတာပေါ့၊ သူတို့ စစ်စရာမေးစရာရှိလာရင် အချိန်မရွေးပြန်လာခေါ် နိုင်တယ်လို့လည်းပြောတယ်”လို့ဆိုပါတယ်။ အခုလို ပြန်လွတ်လာပေမဲ့ စစ်တပ်ဘက်က အချိန်မရွေးပြန်ခေါ်ပြီး စစ်ဆေးမေးမြန်နိုင်တဲ့အတွက် ဖမ်းခံခဲ့ရတဲ့ လူငယ်တွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ ရောဘတ်စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်တွေဟာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် လာသူတွေဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၃၁၀ ယောက်နဲ့ အိမ်ထောင်စုပေါင်း ၅၆၂ စု ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကို စကခ ၂၁ မှာဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးချိန် အရောင်သတ်မှတ်ကာ အညိုရောင်၊အနက်ရောင်၊ အဖြူရောင်အဆင့်လို့ သတ်မှတ်ပြီး စစ်ဆေးခဲ့ကာ ဒီစစ်ရှောင် ၁၅ ဦးကလည်း အဖြူရောင်အဆင့်ရှိသူတွေဖြစ်လို့ ပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ခုလို အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးအပြင် လက်နက်ကြီးပစ်ခတ်နေတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ရက္ခိုင့်တပ်တော် AA ပူးပေါင်းတပ်တွေဘက်က မြစ်ကြီးနား– ဗန်းမော်လမ်းတစ်လျှောက်အပါအဝင် ကချင်ဒေသနေရာအနှံ့ ဆိုသလို စစ်မျက်နှာဖွင့် စစ်ဆင်ရေးစတင်လိုက်တဲ့နေ့ကစတာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းနဲ့ဗန်းမော်မြို့အခြေစိုက် ၂၃၆ ဟာ မြို့ပတ်ပတ်လည် လက်နက်ကြီးပစ်ခတ်တာဟာ အင်မတန်ကိုဆိုးရွားလွန်းနေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ သင်္ဘောဆိပ်ကမ်းရှိတဲ့တစ်ခုတည်းသော မြို့နယ်ဖြစ်သလို အစိုးရအဆက်ဆက် ခရိုင်ရုံးစိုက်တဲ့မြို့နယ်ဖြစ်ပါတယ်။မြို့ဧရိယာနည်းပြီး ကျေးလက်ဧရိယာများကာ ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ရဲ့တောင်ဘက် မိုင် ၁၁၄ မိုင်အကွာမှာရှိပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ အကွာမှာရှိတာလည်းဖြစ်ပါတယ်။ ပထဝီမြေအနေထားအရရော စစ်ရေးအရပါ အရေးကြီးတဲ့နေရာမှာတည်ရှိပြီး ဗန်းမော်မြို့ရဲ့အရှေ့မြောက်ဘက် မိုင် ၄၀ အကွာမှာတော့ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်ခရိုင်မှာ မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်၊ဗန်းမော်မြို့နယ်ဆိုပြီး မြို့နယ် ၄ မြို့နယ်ရှိပြီး လက်ရှိ ဗန်းမော်မြို့နယ်ထဲက ဗျူဟာကျစခန်းတွေကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နေတာလည်းဖြစ်ပါတယ်။ By – Bu…
Read More » -
11 Marchသတင်း
ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှုတော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်
ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦးအပါအဝင်စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ…
Read More »