ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ ကိုယ်စားလှယ်များ၊ ကျောက်တူးသမားများနှင့် စားဖိုမများစုစုပေါင်း ၄၀ ကျော်ကို ယနေ့ထိ ဖမ်းဆီးထား၍ အခိုင်အမာတပ်ချ နေထိုင်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''အဲ့ကုမ္ပဏီဝန်းထဲမှာပဲ နေနေကြတုန်း အထဲမှာ ဖမ်းထားတဲ့လူတွေကို ကတုတ်ကျင်း တူးခိုင်းတယ်။ သဲအိတ်တွေသယ်ခိုင်းတယ်။ အဲ့မှာ
ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများကို စစ်ဆေးနေကြောင်း ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''ဘာကိုရှာချင်တာလည်းမသိဘူး ဆက်တိုက်စစ်နေတာသုံးရက်ရှိပြီ အဲ့ပန်းတင်တံတားနဲ့ရဲစခန်းရှေ့ မှာစစ်တာ ၁၂ရက်နေ့ကတည်းကစစ်တာ။ ဒီနက်ထိပဲ လက်ကိုင်ဖုန်းတွေစစ်တယ် ဆိုင်ကယ်တူးဘောက် တွေပြီးတော့ကား အတွင်းခန်းတွေပါ အကုန်စစ်တယ်'' ဟု
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့သို့ ဆန်တင်ပို့နိုင်ရေးအတွက် စစ်ကောင်စီတပ်ထံ ဆန်ကုန်သည်များ ရက်ပေါင်း ၂၀ ကြာ ညှိနှိုင်းခဲ့သော်လည်း ခွင့်ပြုမိန့်မရသေးကြောင်း စုံစမ်း သိရှိရသည်။ ဖားကန့်မြို့နယ်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းနေသည့် ဆန်ကားအစီးရေ ၇၀ ကျော်အထိ နန့်ယားစစ်ကောင်စီဂိတ်တွင် ပိတ်မိနေကြောင်း ဖားကန့်သို့ ဆန်တင်ပို့သည့် ဆန်ကုန်သည်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ''ပိုက်ဆံပေးဝင်လို့လည်းမရဘူး ငိုယိုတောင်းပန်ပြီးပြောရင် တောင်လုံးဝကို မဝင်ခိုင်းဘူး။ အခုတချို့ဆန်းကားတွေဆို စောင့်နေတာကြာတော့ပြန်လှည့်သွားကြတယ်''ဟု ပြောသည်။ လက်ရှိ ပိတ်မိနေသည့် ဆန်ကားများမှာ ၁၂ ဘီး ယာဥ်များဖြစ်ပြီး ကားတစ်စီးလျှင် ဆန်အိတ် ၃၀၀ ကျော်ထိ တင်ဆောင်ထားသောကြောင့် ပိတ်မိနေသည့်
ဖားကန့်တွင် ယနေ့ နံနက်ပိုင်း ၉နာရီခွဲဝန်းကျင်ခန့်တွင် နယ်ထိန်းတစ်ဦး သေနတ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ဦးသိန်းနိုင်ဦးခေါ်သူ ဖားကန့်မြို့ နယ်ထိန်းတစ်ဦးဖြစ်ပြီး အိမ်စီးကားဖြင့် မရှီကထောင်ဘက်သို့ မောင်းနင်းလာစဉ် SKY NET ဘေလ်ဆောင်ရုံးအနီးတွင် သေနတ်ပစ်သတ်ခံလိုက်ရသည်ဟု အေးမြသာယာရပ်ကွက် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “SKY NET ဘေလ်ဆောင်တဲ့ရုံးရဲ့ လမ်းဟိုဘက်ခြမ်းမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်။ သေနတ်ကတော့ တစ်ချက်ပဲထိသွားတယ် ဒါပေမယ့် နယ်ထိန်းရဲ့ ရင်ဘတ်တစ်မှာဖောက်ဝင်သွားတော့
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်က အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ လူသုံးဦးကို သေနတ်ထောက်ကာ ငွေလုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို အောင်ဟိန်းမင်းနှင့်ပတ်သက်၍ မကြာခန ဝါဒဖြန့် သတင်းအမှားရေးသားနေသော “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် အောက်တိုဘာလ (၃) ရက်နေ့တွင် စတင်ရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသော အကြောင်းအရာမှာ “အောင်ဟိန်းမင်းခေါင်းဆောင်သည့် KIA/PDF အဖွဲ့မှ ဖားကန့်တွင် သေနတ်ထောက်ကာ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က အများပြည်သူသွားလာသည့် လမ်းနေရာများတွင် ကင်းပုန်းများ ချထားကာ ပြည်သူမျးကို စစ်ဆေးမှုများနှင့် သေနတ်လိုက်လံပစ်ခတ်သည့် လုပ်ရပ်များ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ပိုမိုလုပ်ဆောင်လာသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်မြို့ပေါ် ရပ်ကွက်များနှင့် လုံးခင်းကျေးရွာရှိ လမ်းဆုံနေရာများတွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက စစ်အင်အား ၁၀ ကျော်အထက် အဖွဲ့များခွဲကာ ည ၈ နာရီနောက်ပိုင်း သွားလာသည့် ပြည်သူများကို ပစ်ခတ် ခြိမ်းခြောက်မှုများလုပ်ဆောင်လာသည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “နေ့ဘက်မှာတော့ ပုံမှန်လောက်ပဲ
ဖားကန့်မြို့တွင် ဥရုချောင်းရေ မြင့်တက်မှုကြောင့် ယမန်နေ့မှ စတင်ကာ မြေနိမ့်ပိုင်း ရပ်ကွက်ပြည်သူများ ရေဘေးသင့်နေသဖြင့် စားရေးသောက်ရေး အခက်အခဲအထိ ရှိလာနေသည်ဟု သိရသည်။ ဥတုချောင်းအထက် ကံဆီးကျေးရွာ(Gin Si)ဘက်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ဥတုချောင်းရေမြင့်တက်လာခဲ့ပြီး ချောင်းနှင့်နီးသည့် အေးမြသာယာ၊ မရှီကထောင်၊ မြို့မ နှင့် ငှက်ပျောတောရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်ခဲ့သည်ဟု အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ "ကားလမ်းနဲ့ နီးတဲ့လူ
ဖားကန့်မြို့ ရှရော်ခ၊ မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းထဲပြုတ်ကျ သေဆုံးခဲ့သည့် မိသားစုဝင်သုံးဦး၏ ရုပ်အလောင်း ရှာမတွေ့တော့သည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများမှ သိရသည်။ ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီအချိန် မော်မောင်းလျှံအကျိူးတူ ကုမ္ပဏီမှ ဝန်ထမ်း မိသားစုတစ်စုသည် ဖားကန့်ဆေးရုံ ၎င်းတို့၏ လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဆင်းလာစဉ် အေးမြသာယာအနီး ကားဘရိတ်ပေါက်၍ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ပြုတ်ကျခဲ့ရာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်တွင် ပြီးခဲ့သောနှစ် ဒီဇင်ဘာလ စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန် ဖမ်းခံခဲ့ရသည့် ဦးကျော်မင်း ခေါ်သူသည် မေလ ၂၈ ရက်ည ၁၁ နာရီခန့်တွင် နှလုံးဖောက်ကာ သေဆုံးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ "ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ၂၀ရက်နေ့က မရှီကထောင်ရပ်ကွက်က ဆန္ဒပြလူစုကွဲချိန်မှာဖမ်းခံရတဲ့ အုပ်စု ၁၄ ယောက်ထဲမှာ ပါတဲ့ ဦးကျော်မင်း ဆိုတဲ့အမျိုးသားပါတယ်။ အဲ့ဒါ မေလ ၂၈ ရက်ညက