,

Breaking News :

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

ရွှေဘိုတိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ပြည်သူ ၁၄ ဦးအနက် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေးအကျဥ်ထောင်ပို့ရန် စီစဥ်နေ

မိုးညှင်း Silent strike နေ့တွင် အလယ်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

စစ်ဘေးရှောင်ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်သောင်းကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာအရေးပေါ်အကူညီများ လိုအပ်နေ

စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ဖားကန့်မြို့ နယ်ထိန်းတစ်ဦး သေနတ်ပစ်သတ်ခံရ

သတ်ဖြတ်ခံလိုက်ရသည့် နယ်ထိန်း ဦးသိန်းနိုင်ဦး

ဖားကန့်တွင် ယနေ့ နံနက်ပိုင်း ၉နာရီခွဲဝန်းကျင်ခန့်တွင် နယ်ထိန်းတစ်ဦး သေနတ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၀နှစ်အရွယ်ရှိ ဦးသိန်းနိုင်ဦးခေါ်သူ ဖားကန့်မြို့  နယ်ထိန်းတစ်ဦးဖြစ်ပြီး အိမ်စီးကားဖြင့် မရှီကထောင်ဘက်သို့ မောင်းနင်းလာစဉ် SKY NET ဘေလ်ဆောင်ရုံးအနီးတွင် သေနတ်ပစ်သတ်ခံလိုက်ရသည်ဟု အေးမြသာယာရပ်ကွက် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“SKY NET ဘေလ်ဆောင်တဲ့ရုံးရဲ့ လမ်းဟိုဘက်ခြမ်းမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်။ သေနတ်ကတော့ တစ်ချက်ပဲထိသွားတယ် ဒါပေမယ့် နယ်ထိန်းရဲ့ ရင်ဘတ်တစ်မှာဖောက်ဝင်သွားတော့ ပွဲချင်းပြီးပဲ နေရာမှာတင် ဆုံးသွားတယ်။ နောက်ပြီး သူ့ရဲ့ကားပါလုထွက်သွားတယ် အလောင်းပဲကျန်ခဲ့တာဟုပြောသည်။

နယ်ထိန်း ဦးသိန်းနိုင်ဦးသည် ယခင်ကတည်းက ဖားကန့် နယ်ထိန်းတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခုနှစ်အတွင်းမှ ဖားကန့်ရဲစခန်းက တာဝန်မှ ခေတ္တအနားပေးခံရသည့်သူတစ်ဦး လည်းဖြစ်သည်။

အရင်တုန်းကတော့ နယ်ထိန်းလုပ်တာဟုတယ်။ ဒီရက်ပိုင်းနည်းနည်းလွန်ထားတာရှိတော့ သူ့လူအချင်းချင်းတိုင်တန်းတာတွေရှိလို့ သူ့ကိုပြန်ချုပ်ထားတာ ဟုတ်တယ်။ ချုပ်ထားတယ် ဆိုပေမယ့် အပြင်မသွားနဲ့ ဘာညာပေါ့ စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ အခုက သတ်ခံလိုက်ရတာဟုတယ်။ ဘယ်သူ ဘယ်ဝါလုပ်ကြံသွားတယ်ဆိုတာက ခန့်မှန်းကရခက်တယ်ဟု ဖားကန့်ရဲစခန်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ထပ်မံပြောဆိုထားသည်။

ဦးသိန်းနိုင်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မည်သူ့လက်ချက်ဖြင့် လုပ်ကြံသတ်ဖြတ်သွားကိုသည်ကို အသေးစိတ်မသိရှိရသေးဘဲ စစ်ဆေးစုံစမ်းလျက်ရှိနေကြောင်းသိရသည်။

လက်ရှိတွင် ဦးသိန်းနိုင်ဦး၏ ရုပ်အလောင်းကို ဖားကန့်မြို့နယ် ကြက်ခြေနီအသင်းမှ လာရောင်သယ်ယူသွားပြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

ဖားကန့်ဒေသတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၁နှစ်ကျော်ခန့်အကြာတွင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်သတင်းပေးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့ မကြာခဏသတ်ဖြတ်ခံရမှု ဖြစ်ပွားလျက်ရှိနေပါသည်။

Read Previous

အောင်ဟိန်းမင်းခေါင်းဆောင်သည့်အဖွဲ့မှ သေနတ်ထောက်ကာ လုယက်မှုပြုလုပ်ခဲ့သည်ဆိုပြီး သတင်းအမှားဖြန့်

Read Next

စစ်ဘေးရှောင်ရင်း ဒေသခံ ၂ဦးမြွေကိုက်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ