ဗုံးကျဲတိုက်ခိုက်မှု

  • သတင်း

    ဖားကန့် အစုပြုံလိုက် ဗုံးကျဲခံရခြင်းမှ လွတ်မြောက်လာသူများကို စစ်ကောင်စီက ထပ်မံရှာဖွေနေ

    ဖားကန့်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများ ဆုတောင်းပွဲပြုလုပ်ရန် လုံခြုံရေးအရ စိုးရိမ်ရသည့်အပြင် လွတ်မြောက်လာသူများကိုလည်း ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ အလောင်းကို သယ်ယူခွင့်မရအောင် ဖားကန့် Ginsi ကျေးရွာအထွက်တွင် အောက်တိုဘာလ ၂၄ ရက်နေ့ကတည်းက ပိတ်ဆို့ထားပြီး လွတ်မြောက်လာသူများနှင့် ကူညီဆောင်ရွက်ပေးသူများကိုလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုမည်ဟု သိရကြောင်း ဖားကန့်ဒေသခံ ကချင်ပြည်သူတစ်ဦးက KNG ကိုပြောသည်။ “အခုက သူတို့ တော်တော်တင်းကြပ်ထားတဲ့ပုံစံဖြစ်တယ်။ စစ်ကောင်စီတွေက ဒဏ်ရာရပြီး လွတ်လာတဲ့သူတွေကော ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုပါ ၁၇(၁)နဲ့ ဖမ်းဆီးမယ်လို့လည်း ပြောနေကြတယ်။ အဲ့ကြောင့် ပြည်သူတွေလည်း လုပ်ရကိုင်ရတာ တော်တော်ခက်ခဲသွားတယ်”ဟုပြောဆိုသည်။ ယခုလို စစ်ကောင်စီဘက်မှ ဖမ်းဆီးအရေးယူမည်ဟု ပြောဆိုနေသည့်အတွက် သေဆုံးသွားသူများ၏ မိသားစုဝင်များက အောက်မေ့ သတိရ ဆုတောင်းပွဲပြုလုပ်၍ မရသည့် အခြေအနေရှိနေသည်ဟု သူကဆက်ဆိုသည်။ လက်ရှိ ဒဏ်ရာရရှိသူများပိတ်ဆို့ခံထားရဆဲဖြစ်သောကြောင့် KIA တပ်မဟာ ၉ နယ်မြေတွင်သာ ဆေးဝါးကုသမှုများပြုလုပ်လျက်ရှိနေပြီး တစ်ချို့မှာ ဆေးကုသခံယူမှု နှောင့်နည်းသည့်အတွက် သွေးထွက်လွန်ကာ သေဆုံးမှုများရှိနေသည်။ ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်၏ ရုပ်အလောင်းများကို ဖားကန့် Ginsi ကျေးရွာအထက် ဘော်ဆာဒီးကျေးရွာ၏ ဥရုချောင်းတစ်ဖက်ကမ်းတွင် အောက်တိုဘာလ ၂၅ ၊၂၆ ရက်နေ့တို့တွင် မြေမြှုပ်သဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ ည စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅၀ ဝန်းကျင်ရှိခဲ့ပြီး ၃ ရက်ခန့်အကြာ စစ်ကောင်စီတပ်မှ သွားလာခွင့်ပိတ်ဆို့ထားသည့်အတွက် ဒဏ်ရာရရှိသူများသွေးလွန်ကာ သေဆုံးမှုများရှိခဲ့သောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဗုံးကျဲမှုအပြီး ဖားကန့် ဆေးရုံး ဆေးခန်းများတွင် စစ်ကောင်စီ စစ်သားများနှင့်ရဲများက ဒဏ်ရာပြင်းထန်သည့် လူများရှိမရှိ လိုက်လံစစ်ဆေးမှုများရှိနေသည့်အတွက် မြို့တွင်း မြို့ပြင်နေရာများတွင်လည်း စစ်ဆေးရေးတင်းကြပ်ထားသည်ခြင်းသည်။

    Read More »
  • သတင်း

    ဖားကန့်တွင် ပြည်သူများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဟု ဆို

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ A Nang Pa တွင် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုသည် ‘ပြည်သူလူထုကို ပစ်မှတ်ထားကာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေခြင်းသာဖြစ်သည်’ ဟု ကချင်လူထု ပြောသည်။ စစ်ရေးနှင့် မသက်ဆိုင်ဘဲ ပြည်သူများ စုဝေးနေသည့်နေရာတွင် စစ်ကောင်စီတပ်မှ…

    Read More »
  • တိုက်ပွဲ

    ဖားကန့်တွင် ဒဏ်ရာပြင်းထန်ရရှိသူများ ကယ်ဆယ်ခွင့်ပိတ်ဆို့ခံထားရဆဲ၊ သေဆုံးသူ ရုပ်အလောင်းများ ၈၀ ကျော်အထိတွေ့ရှိ

    ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ  အောက်တိုဘာလ ၂၄ ရက်နေ့  ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။…

    Read More »
  • တိုက်ပွဲ

    စစ်ကိုင်း-ကချင်နယ်စပ်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာ

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီတပ်က စစ်လေယာဥ်သုံးပြီး ဗုံးကျဲတိုက်ခိုက်မူ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ သိရသည်။ ယခင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နည်းပါးခဲ့သော်လည်း ယခုလမှစတင်ကာ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ”ဒီအင်းတော်နယ်မှာတော့…

    Read More »
Back to top button