မန်တုံ

  • Jun- 2024 -
    14 June
    သတင်း

    KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို

    ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး KIA ဘက်ကဖြတ်တောက်လိုက်တဲ့လမ်းဟာ အများပြည်သူသုံးတဲ့လမ်းမဟုတ်ဘဲ TNLA တပ်ရဲ့ သတ္တုတင်တဲ့ကားတွေနဲ့ ကုမ္မဏီလူတွေအဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းသာဖြစ်တယ်လို့  KIO ဘက်က ပြောဆိုပါတယ်။ မိုင်းမော်နမ်ဟိုင်း(Mungmaw) နဲ့ မိုင်းဝီး( Mungwi) ကိုဆက်သွယ်ထားတဲ့ကားလမ်းပိုင်းကနေ အရှေ့ဘက်ဘော်ဟိုကျန့်…

    Read More »
  • Oct- 2023 -
    31 October
    သတင်း

    မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်း) ရွာမှာတပ်စွဲတဲ့  စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ ၄  တပ်ရင်း ၈ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက် မနက်ကစပြီး မန်ဟိုင်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၈ တပ်ဖွဲ့က နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီမခွဲခင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာ KNG ကို ပြောပါတယ်။ “စစ်တပ်ရဲ့ ရှေ့တန်း စခန်းကြီးဖြစ်တယ်။ တပ်ရင်း ၈ တပ်ဖွဲ့တွေ ၂ ရက်ကြာလောက် တိုက်ခိုက်လိုက်ရတာပေါ့။ မနေ့ည ၆ နာရီမခွဲခင် သိမ်းလိုက်နိုင်တာပေါ့။ ရိက္ခာအစားသောက်တွေ အမြောက်အများ သိမ်းယူနိုင်တယ်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများလည်း သိမ်းပိုက်နိုင်တယ်ပြောတယ်”လို့ရှေ့တန်းသတင်းရင်းမြစ် ဖြစ်သူ မန်တုံဒေသခံတစ် ဦးက ပြောပါတယ်။ သိမ်းပိုက်လိုက်တဲ့ စခန်းကနေ လက်နက်ရိက္ခာပစ္စည်း အမြောက်အများသိမ်းယူရရှိထားပြီး စစ်တုံ့ပန်း ၃ ယောက်ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တပ်စခန်းကြီးဟာ မန်တုံမြို့အခြေစိုက် ခလရ ၃၂၄ အောက် မိုင်းမော်(ခေါ် ) မန်ဟိုင်းရွာတောင်ကုန်းက ရှေ့တန်းစခန်းကြီး ဖြစ်ပြီး နှစ် ၄၀ ခန့် ကြာပြီဖြစ်တဲ့ တပ်စခန်းဖြစ်သလို အင်အား ၇၀–၈၀ ပုံမှန်တပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ကြောင်း ပြောပါတယ်။ “အဲ့ဒီစခန်းကျသွားတာ စစ်တပ်ဘက် တော်တော်ကြပ်သွားပြီ။ KIA ဘက်ကတော့ အရေးကြီးတဲ့ အောင်ပွဲပေါ့။ အဲ့ဒီ မိုင်းမော်…

    Read More »
Back to top button