မိုးညှင်းမြို့နယ်
-
သတင်း
နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ၂ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း ဒေသခံများထံမှသိရသည်။ နန်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်(ရဲအမှုစစ်)နှင့် ဒုရဲအုပ်သွင်အောင် (နယ်ထိန်း) ၂ ဦးတို့ကို ပြီးခဲ့သော…
Read More » -
မြေယာနှင့် သဘာဝပတ်ဝန်းကျင်
အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်နေသည့် ဘက်ဟိုး ၄၇ စီးကို ပိုင်ရှင်မဲ့အဖြစ် စစ်ကောင်စီဖမ်းဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးနေသည့် ဘက်ဟိုး ၆၇ စီး ကို စစ်ကောင်စီတပ်မှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၆ရက်နေ့တွင် အင်းတော်ကြီးဒေသ မမုံနှင့်မိုင်းနောင် ကျေးရွာ ၂ခုကြားတွင် ရွှေတူးဖော်နေသည့်…
Read More » -
သတင်း
အင်းတော်ဒေသတွင် ဝက်များအစုလိုက်အပြုံလိုက် သေဆုံးနေသဖြင့် ဝက်မွေးသူများအရှုံးပေါ်
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဝက်နာကျ၍ ဝက်သေဆုံးမှုနှုန်းမြင့်တက်နေပြီး ဝက်မွေးသူများ အရှုံးပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလကုန်ပိုင်းအတွင်းမှ ဝက်ရောဂါများ စတင်ဖြစ်ပွားခဲ့ပြီး ဝက်ခြံတစ်ခုလုံး အစုလိုက်အပြုံလိုက် သေဆုံးနေသည့်အထိ ဖြစ်ပွားနေသည်ဟု မိုင်းနောင်ဒေသခံတစ်ဦး KNG ကို ယခုလိုပြောသည်။…
Read More » -
သတင်း
နန်းမား PDF ခေါင်းဆောင်ဟုစွပ်စွဲခံရသူ၏ နေအိမ်ကိုစစ်ကောင်စီက ဘတ်ဖိုးဖြင့်ဖြိုချဖျက်ဆီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် PDF ခေါင်းဆောင်ဟုစွပ်စွဲခံရသူ၏ နေအိမ်ကို စစ်ကောင်စီ တပ်သားများနှင့် ရဲ တပ်ဖွဲ့မှ ဘတ်ဖိုးတစ်စီးဖြင့် ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ နန်းမားမြို့ မြို့မရပ်ကွက် ကားလမ်းမကြီးဘေးတွင်ရှိသည့် ဘကြီးမုံ(ခ) ဦးသန်းစိုး အသက် ၃၀ ကျော်၏ နေအိမ်ကို စက်တင်ဘာ ၂၈ ရက်နေ့…
Read More » -
သတင်း
နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ လင်မယားနှစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီနောက် အမျိုးသားဖြစ်သူမှာ သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှသိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ နန်းမားကျေးရွာ နန်းခမ်းရပ်ကွက်မှ ဦးတင်ဌေး ၊ ဒေါ်နေကြည်တို့ လင်မယားကို အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် အမျိုးသားဖြစ်သူ ဦးတင်ဌေးသတ်ဖြတ်ခံလိုက်ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။ ”၂၆ ရက်နေ့ည ၇နာရီခွဲလောက်မှာ ဖမ်းခေါ်သွားတယ်တဲ့…
Read More » -
သတင်း
ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နန့်မွန်းရှိ လယ်ခင်းများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီလိုအပ်နေ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းအတွင်း မိုးသည်းထန်စွား ရွာသွန်းမူကြောင့် ချောင်းရေကြီးကာ ပျက်စီးဆုံရှုံးသွားသည့် လယ်ယာမြေများ ပြန်လည်ပြုပြင်ရန်အတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံ မှ သိရသည်။ မိုးသည်းထန်စွာ ရွာသွန်းမူကြောင့် နန့်မွန်းချောင်းရေသည် တောင်ကျချောင်းရေနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး တောင်ခြေအနီးတွင် စိုက်ပျိုးထားသည့် ဒေသခံများ၏…
Read More » -
မြေယာနှင့် သဘာဝပတ်ဝန်းကျင်
မော်ဟန် နန့်မချီမှော်တွင် လုပ်ကွက်တစ်ကွက်လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီ ကောက်ခံ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နန့်မချီမှော်တွင် တနိုင်တစ်ပိုင်ကျောက်စိမ်း နှင့် ရွှေလုပ်ကွက်တစ်ကွက် လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီက ကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။ နန့်မချီမှော်သည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ကြပြီး NLD အစိုးရအလွန်တွင် ကျောက်စိမ်း ကုမ္ပဏီ အားလုံးမှာ လုပ်ကွက်သက်တမ်းကုန်သွားပြီ ဖြစ်သည်။ သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်ကာ…
Read More » -
Fact Check
KIA တပ်မဟာ ၈ ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA နှင့် PDF သေဆုံးမှု များပြားဟူသော သတင်းအမှားတစ်ပုဒ် ထပ်ပြန့်နေ
မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ ဌာနချုပ်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA ၏ လက်နက်တိုက်များ ပေါက်ကွဲဖျက်ဆီးခဲ့ပြီး KIA နှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ထပ်မံ ပြန့်နှံနေသည်ကို တွေ့ရသည်။ အဆိုပါအကြောင်းအရာကို Manaw Myay ဖေ့စ်ဘုတ်…
Read More » -
သတင်း
နမ့်စီးအောင် နှင့် ၂၁ မိုင်ပူးပေါင်းဂိတ်တို့တွင် ဂိတ်ဖြတ်ကြေးကို ၃ ဆ ထပ်တိုး ကောက်ခံနေ
ကချင် စစ်ကိုင်း နယ်စပ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင် စုပေါင်းဂိတ် နှင့် မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စုပေါင်းဂိတ်တို့တွင် ကုန်တင်ကားနှင့် ဝက်သယ်ကားများထံ ယခုရက်ပိုင်း ဂိတ်ဖြတ်ကြေးကို ၃ ဆအထိ တိုးမြင့်ကောက်ခံနေကြောင်း ယာဉ်မောင်းများထံ မှ…
Read More » -
သတင်း
နန့်မွန်း ချောင်းရေကြီးမှုကြောင့် လယ်ယာမြေဧက ၂၀ နီးပါး ပျက်စီး၊ ရွှေအလွန်အကျွံ တူးဖော်မှုကြောင့်ဟု ဒေသခံများ ပြောဆို
မိုးညှင်းမြို့နယ် အင်းတော်ကြီး နန့်မွန်းမြို့တွင် စက်ယန္တရားဖြင့် ရွှေတူးဖော်ခဲ့သည့် လုပ်ရပ်များကြောင့် ပြီးခဲ့သည့် အပတ်အတွင်း တောင်ကျ ချောင်းရေမြင့်တက်ကာ လယ်ယာမြေဧက ၂၀ နီးပါး ထိခိုက် ပျက်စီးသွားသည်ဟု ဒေသခံများ ပြောသည်။ နန့်မွန်းချောင်းနှင့် နီးသည့်တောင်ခြေဘက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်…
Read More »