,
ကချင်ပြည်နယ် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အထွက်တွင် ယမန်နေ့ည ၆နာရီဝန်းကျင် NON-CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦးသေနတ်ပစ်ခံရ၍သေဆုံး သွားကြောင်း ဒေသခံများထံမှသိရသည်။ NON - CDM ဆရာ စောလင်းအောင်နှင့် သေဆုံးသူသည် ဆိုင်ကယ်ဖြင့် မြို့ဘက်မှ ကျောင်းဘက်သို့ ပြန်လာစဉ် အုတ်ကျင်းရပ်ကွက်အထွက် အမှတ်(၃) အထက်တန်းကျောင်းရှေ့တွင် ဆိုင်ကယ်တစ်စီးမှ လူငယ် ၂ဦးက သေနတ်ပစ်ခတ်သွားသောကြောင့် သေဆုံးသွားသည်ဟု မိုးညှင်းဒေသခံတစ်ဦး KNG ကိုပြောသည်။ “သေသွားတဲ့တစ်ယောက်က ကျောင်းဆရာရဲ့
မိုးညှင်းမြို့ နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အသစ် ၃ ခု ထပ်တိုးလာပြီး ယခင်ကထက် စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးညှင်းမြို့အထွက်တွင် တစ်ခု၊ မော်ဟန်မြို့အထွက်တွင်တစ်ခု နှင့် မိုးညှင်း-မော်ဟန်ကြား လမ်းခုလတ်နေရာတွင် တစ်ခု စုစုပေါင်း စစ်ဆေးရေးဂိတ် ၃ ခု ထပ်တိုးလာကာ ကား၊ ဆိုင်ကယ် များကို စစ်ဆေးရေးတင်းကြပ်နေကြောင်း ဒေသခံတစ်ဦးက
မိုးညှင်းမြို့ မှ မန္တလေးဘက်သို့ ဆင်းသွားသော အရာရှိတစ်ချို့နှင့် ကျောက်စိမ်းသယ်ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို အင်းတော်မြို့နယ် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု KIA ရှေ့တန်း အရာရှိတစ်ဦးထံမှ သိရသည်။ မိုးညှင်း အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ စစ်ကား ၃၃ စီးသည် ဇွန်လ
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်မှုကြောင့် နန့်ရင်းချောင်းရေမြင့်တက်နေပြီး ချောင်းနှင့်နီးသော မြေနိမ့်ပိုင်း ရပ်ကွက်တစ်ချို့တွင် ရေဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၁၅ရက်နေ့ ညပိုင်း ၃နာရီအချိန်ခန့်မှ မိုးသည်းထန်စွာရွာသွန်းမှုဖြင့် နန့်ရင်းချောင်းအထက်ဘက်တွင် ရေကြီးရေလျံဖြစ်ကာ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်ပြီး ချောင်းရေ ၁၀ ပေခန့်အထိ ရုတ်တရက်ရေမြင့်တက်လာခဲ့ပြီးနောက် လက်ရှိတွင် မိုးညှင်းမြို့ပေါ်ရှိ ရပ်ကွက် ၃နေရာခန့်တွင် ရေဝင်ရောက်မှုများကြုံတွေ့နေရသည်ဟု နောင်စွန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက
ကချင်ပြည်နယ် မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်အိမ်တွင် မတ်လ ၃၀ ရက်ညက လူငယ်တစ်စု မှ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်လာပြီး အိမ်ရှင်များကို ရိုက်နှက်သွားကြောင်း သိရသည်။ အသက် ၂၀ ကျော်ဝန်းကျင် အမည်မသိလူငယ် ၁၀ ဦးခန့်သည် နောင်စွန်းရပ်ကွက်ရှိ အိမ်တစ်လုံးကို ခဲနှင့် စတင် ပစ်ပေါက်ပြီး သော့ခတ်ထားသည့် နေအိမ်ခြံတံခါးကိုလည်း ချိုးဖောက်ကာ နေအိမ်အတွင်းရှိ အိမ်ရှင်များကို ရိုက်နှိက်သွားကြောင်း ကျူးကျော် ရိုက်နှိက်ခံရသည့် မိသားစုဝင် အမျိုးသမီးတစ်ဦးက