သတင်း

စစ်ကောင်စီသတင်းပေးဆိုသူ၏ နေအိမ်နှင့်ခြံဝင်းကို ရောင်းဝယ်ခွင့်ပိတ်လိုက်သည်ဟု မိုးညှင်းတော်လှန်ရေးအဖွဲ့ ထုတ်ပြန်

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေးအဖြစ် သတင်းထွက်နေသည့် အားဖူ()မင်းရာဇာ()သန်းထွန်းအောင် ပိုင်ဆိုင်သည့် နေအိမ်နှင့်ခြံဝင်းကို ရောင်းဝယ်ခွင့်ပိတ်လိုက်သည်ဟု Mohnyin Revolution Force က ဆိုသည်။

သူသည် နေအိမ်နှင့်ခြံဝင်းကိုရောင်းချကာ တစ်ခြားမြို့သို့ရှောင်ပြေးရန်လုပ်နေသည့်အပြင် အခြားစစ်ကောင်စီ သတင်းပေးသူများအနေဖြင့် ဆင်ခြင်နိုင်ရန်အတွက် ယခုလို နေအိမ်ရောင်းချခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သူကျူးလွန်တာတွေများလွန်းလို့ မြို့ပေါ်က ကလေးကအစခွေးအဆုံး အားဖူ ဘာကောင်ဆိုတာသိကြတယ်။ ခုနောက်ပိုင်းသူက ကြောက်ပြီးထွက်ပြေးချင်နေတာ။ သူပိုင်တဲ့အိမ်နဲ့ခြံဝင်းကို ရောင်းပြီးလွတ်ရာပြေးတော့မှာ အခုက ဒလန်လုပ်ရင် ဒါမျိုးစိတ်ဆင်းရဲရမယ် ခွင့်မလွှတ်ဘူး အမြဲဖိအားပေးနေမယ်ဆိုတာ အခြားဒလန်တွေပါ သိပြီး ဆင်ခြင်နိုင်အောင် ပိတ်ပင်အမိန့်ထုတ်တာပါ ဟု Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ဦးအားဖူသည် မင်းရာဇာအမည်ဖြင့် သတင်းထောက်အဖြစ်လုပ်ကိုင်ပြီး မြို့ပတ်လမ်းရှိ လယ်ကွက်ဟောင်းကို ၂၀၂၀ ခုနစ်ကတည်းက မီဒီယာသင်တန်းကျောင်းဖွင့်မည်ဆိုကာ မြေစာရင်းဋ္ဌာနများဖြင့်ပူးပေါင်းအလှူခံ၍ မီဒီယာသင်တန်းအမည်ခံပြီး သစ်စက်ဖွင့်ထားသည်ဟု Mohnyin Revolution Force ထံမှ သိရသည်။

ဦးအားဖူ ပိုင်ဆိုင်သည့် အရှေ့စု ၁ လမ်း လျောင်းတော်မူဘုရားအနီးရှိနေအိမ်နှင့် မြို့ပတ်လမ်းရှိ ၎င်းပိုင်ဆိုင်သည့် ခြံအား မသိပဲ ဝယ်ယူသူများနှင့်အရောင်းအဝယ်ဖြစ်အောင် ပွဲစားလုပ်ပေးသူများကိုလည်း ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အားဖူရဲ့ အိမ်နဲ့ခြံကို ရောင်းဝယ်ဖို့လုပ်ပေးတဲ့ ပွဲစားများကို ပြင်းထန်စွာအရေးယူပါမယ် ဘယ်လိုအရေးယူမယ်ဆိုတာမသိပေမဲ့ ပြင်းထန်ပါလိမ့်မယ် အာဖူရဲ့ အိမ်ခြံမြေကို တော်လှန်ရေးရဲဘော်များအတွက် သိမ်းဆည်းမည်ဖြစ်ပြီး ဝယ်ယူသူတွေရဲ့ ငွေကြေးဆုံးရှုံးမယ်” ဖြစ်ကြောင်း Mohnyin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဦးအားဖူ၏ သတင်းပေးမူကြောင့် ၂၀၂၁ ခုနှစ်မေလ ၁၇ ရက်နေ့က မိုးညှင်းမြို့ရှိ CDM ဆရာမ ဒေါ်အေးမြသီတာနှင့် အခြားသော မိုးညှင်းမြို့က စစ်ကောင်စီကို ဆန့်ကျင်သူအများအပြား ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေဖြင့် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်အပါအဝင် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မူများကို အစုရှယ်ယာစနစ်ဖြင့်  ဝယ်ယူလိုသူများကို ရောင်းချကာ တော်လှန်ရေးအတွက်အသုံးပြုမည်ဟုကြေညာခဲ့ပြီး တစ်ဖက်မှာလည်း စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် ၄င်းတို့ ချိပ်ပိတ်သိမ်းဆည်းထားသည့် နိုင်ငံရေးလှုပ်ရှားသူများ၏နေအိမ်များကို ရောင်းချသွားမည်ဟု ဆိုသည်။

Show More

Related Articles

Back to top button