သတင်း

မိုးညှင်းတွင် NON -CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အထွက်တွင် ယမန်နေ့ည ၆နာရီဝန်းကျင် NON-CDM ကျောင်းဆရာနှင့် အတူလိုက်ပါလာသည့် အရပ်သားတစ်ဦးသေနတ်ပစ်ခံရ၍သေဆုံး သွားကြောင်း ဒေသခံများထံမှသိရသည်။

NON – CDM ဆရာ စောလင်းအောင်နှင့် သေဆုံးသူသည် ဆိုင်ကယ်ဖြင့် မြို့ဘက်မှ ကျောင်းဘက်သို့ ပြန်လာစဉ် အုတ်ကျင်းရပ်ကွက်အထွက် အမှတ်() အထက်တန်းကျောင်းရှေ့တွင် ဆိုင်ကယ်တစ်စီးမှ လူငယ် ၂ဦးက သေနတ်ပစ်ခတ်သွားသောကြောင့် သေဆုံးသွားသည်ဟု မိုးညှင်းဒေသခံတစ်ဦး KNG ကိုပြောသည်။

သေသွားတဲ့တစ်ယောက်က ကျောင်းဆရာရဲ့ သူငယ်ချင်းဟုတ်တယ်။ လုပ်ကြံတာက ကျောင်းဆရာကို ဒါပေမယ့် ကျောင်းဆရာကိုမထိဘဲ သူ့သူငယ်ချင်းထိသွားတယ်။ နောက် ကျောင်းဆရာကလွတ်သွားတယ်တဲ့ဟုပြောသည်။

သေနတ်ပစ်သတ်ခံရသည့် သူသည် ဆိုင်ကယ်ဝပ့်ရှော့ပြင်ဆရာတစ်ဦးဖြစ်ပြီး ဆိုကယ်ဖြင့် သေနတ်ပစ်ခတ်သွားသည့် လူငယ် ၂ဦးမှာ မည်သူမည်ဝါများဖြစ်သည်ကို မသိရကြောင်း ဒေသခံများပြောဆိုသည်။

NON-CDM ဆရာ မောင်စောလင်းအောင်သည် မိုးညှင်း အုတ်ကျင်း အထက်တန်းကျောင်းတွင် စာသင်ပေးနေသည့် ကျောင်းဆရာတစ်ဦးဖြစ်ပြီး ပြီးခဲ့သော ၂၀၂၁ခုနှစ်တွင်လည်း ပထမအကြိမ် လုပ်ကြံခံရဖူးသူလည်းဖြစ်သည်ဟု ဆက်သိရသည်။

Show More

Related Articles

Back to top button