ကသာမြို့နယ် မိုးတားလေး ကျေးရွာအနီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲပြင်းထန်ပြီး နေအိမ်များ မီးလောင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတား‌လေးကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀နာရီဝန်းကျင်ခန့်မှစကာ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ် ၈ လုံးခန့် မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီမနက် ၁၀နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ ခုနတစ်ခေါက်ငြိမ်သွားတယ် ခုပြန်ပစ်နေကြပြီလို့။ လောလောဆယ် မီးကတော့ ငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကသာဘက်မှ ဆန်တက်လာသည့် သင်္ဘောအား လုံခြုံရေးလာရောက်ယူပေးနေသည့် စစ်ကောင်စီ အင်အား ၁၀၀…