သတင်း

မိုးတားလေးမှာ စစ်တပ်က ဗုံးကျဲလို့ KPDF တပ်ဖွဲ့  ၁ ဦးသေဆုံး၊ အရပ်သားလည်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

ကသာမြို့နယ် မိုးတားလေးကျေးရွာမှာ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးတားလေးရွာထဲကို အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်သွားတဲ့အတွက် မြို့လှ KPDF က တပ်သားတစ်ဦးသေဆုံးပြီး အရပ်သား  ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ နေ့လည် ၁၁ နာရီခွဲအချိန် မြစ်ကြီးနားကနေ တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ဂျက်ဖိုက်တာတစ်စီးဟာ မိုးတားလေးရွာနဲ့ ကျွန်းပင်ရွာဘက်ကို ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံး တစ်လုံးစီကျဲချသွားတာဖြစ်တယ်လို့ ကသာကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

ဟုတ်တယ် မိုးတားလေးမှာ တော်လှန်ရေးအဖွဲ့တွေ ကင်းပတ်ရင်းခနနားနေတဲ့ချိန် ဗုံးချသွားတာ KPDF ကတစ်ယောက်ကျတယ်။ ပြီးတော့ အရပ်သား မိန်းကလေး တစ်ယောက်နဲ့ အမျိုးသား  ယောက်လည်း ထိထားတယ်။ ကျွန်းပင်ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ဘဲ သိထားသေးတယ် အဲလောက်ဘဲပြောလို့ရအုံးမယ် အသေးစိတ်တော့ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ဗုံးကျဲချသွားတဲ့နေအိမ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ကင်းပတ်ရင်း ယာယီဝင်နားနေတဲ့နေအိမ်ဖြစ်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်သွားတာဖြစ်တဲ့အတွက် နေအိမ်မှာတည်းခိုနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာအပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ နေအိမ်  လုံးလည်း ထိခိုက်ပျက်စီးကာ အရပ်သားထိခိုက်မှုရှိတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ခုလို စစ်တပ်ဘက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ယာယီဝင်နားနေတဲ့နေရာကိုပါ တိတိကျကျ ဗုံးကျဲသွားတာဟာ စစ်တပ်သတင်းပေးထက်သာတဲ့ တပ်တွင်းသတင်းပေးတွေရှိနေတဲ့အတွက် ဖြစ်နိုင်တယ်လို့ ကာကွယ်းတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပစ်မှတ်ဒီလောက်တိတိကျကျပစ်နိုင်တာ ဒါပထမဆုံးအကြိမ်ဘဲ ရိုးရိုးသတင်းပေးထက် သာတဲ့သတင်းပေးရှိနေလို့ ဒီလိုပစ်မှတ်တိကျတာလို့ ပြောပါတယ်။

စစ်တပ်က ဗုံးကျဲချသွားတဲ့ မိုးတားလေးရွာနဲ့ကျွန်းပင်ရွာဟာ မိုင်အားဖြင့်  မိုင်ခန့်ဝေးတဲ့ရွာဖြစ်ပါတယ်။

ကသာမှာ ဒီဇင်ဘာလ လဆန်းပိုင်းကစပြီး စစ်ကိုင်းဘက်ကနေ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ကျားဘီလူးဆိုတဲ့စစ်ကြောင်းတွေရောက်လာပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့ ကသာမြို့နယ် ပကဖက သတင်းတာဝန်ခံအပါအဝင်  ယောက် သတ်ဖြတ်ခံရတဲ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း မိုးတားလေး ဒရုန်းတပ်ဖွဲ့ဝင်  ဦးနဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ အောင်ပုံရွာက ဒေသခံတစ်ဦးကိုလည်း သတ်ဖြတ်ခံလိုက်ရပြီဖြစ်ပါတယ်။

ခုလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင် အရပ်သားသတ်ဖြတ်ခံရတာ ခပ်စိပ်စိပ်ဖြစ်လာနေတာဟာ စစ်တပ်သတင်းပေးအခိုင်မာရှိနေခြင်းကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့ဟာ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းနံဘေး ရှိတဲ့မြို့နယ်ဖြစ်တဲ့အပြင် စစ်ရေးအရအချက်ချကျတဲ့ နေရာလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button