,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

ကသာမြို့နယ် မိုးတားလေး ကျေးရွာအနီး စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲပြင်းထန်ပြီး နေအိမ်များ မီးလောင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတား‌လေးကျေးရွာအနီးတွင် ယနေ့ နံနက် ၁၀နာရီဝန်းကျင်ခန့်မှစကာ PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ် ၈ လုံးခန့် မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက် ၁၀နာရီလောက်မှာ တိုက်ပွဲစဖြစ်တာ ခုနတစ်ခေါက်ငြိမ်သွားတယ် ခုပြန်ပစ်နေကြပြီလို့။ လောလောဆယ် မီးကတော့ ငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကသာဘက်မှ ဆန်တက်လာသည့် သင်္ဘောအား လုံခြုံရေးလာရောက်ယူပေးနေသည့် စစ်ကောင်စီ အင်အား ၁၀၀ ခန့်အား မိုးတားလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က PDF မှ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်အနီးရှိ မိုးတားလေးကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးများကျပြီး နေအိမ် ၈ လုံးခန့် မီးလောင်ကာ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြောသည်။

“ပြီးခဲ့တဲ့လ ၂၈ရက်ညက တိုက်ပွဲဖြစ်လို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာဟုတ်တယ်။ အဲဒါ မနေ့တစ်နေ့ကမှ ရွာထဲပြန်ရောက်လာကြတာ ဒီနေ့ထပ်ပြေးရပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနေရာဒေသအနှံ့ ပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ကလည်း ကသာဒေသခံတစ်ဦးအား လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်သတ်ထားခဲ့ဟု ဒေသခံများ ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလမှ စကာ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား နေရာအနှံ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည် စက်တင်ဘာလ ၅ ရက် ၆ ရက်နေ့ Sagaing PDF နှင့် စစ်ကောင်စီတပ်တို့ကြား ပင်လည်ဘူးမြို့နယ်တွင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၅၀ ဦးခန့် သေဆုံးပြီး SPDF ဘက်ကလည်း ၅ ဦးခန့် ကျဆုံးခဲ့သည်။

Read Previous

ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ နှစ်အရွယ် အဘွားတစ်ဦးကို စစ်ကောင်စီတပ်သား ၁ ဦး အဓမ္မ ပြုကျင့်

Read Next

ကသာ မိုးတားလေးကျေးရွာအနီးရှိ ဝဲကြီးကျေးရွာတွင် စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

Leave a Reply

Your email address will not be published. Required fields are marked *