မိုးမိတ်
-
Jun- 2024 -10 Juneသတင်း
စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်နေတယ်လို့ တအာင်းတပ်မတော် TNLA ပြော
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်က တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၃ ယောက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ TNLA…
Read More » -
7 Juneသတင်း
မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မိုးမိတ်ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပြီးတော့ မိုးမိတ်မြို့နားက မန်ဖွယ်ရွာဟောင်းနဲ့ သက်ရက်တောရွာတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၄ ရက်နေ့ကတိုက်ပွဲပြန်ဖြစ်တာဗျ မိုးမိတ်မြို့နဲ့ကပ်လျှက်ရွာကစဖြစ်တာ ကေအိုင်အေပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီနဲ့ပေါ့ အဲ့ရွာမှာက စစ်ကောင်စီကတပ်စွဲနေတော့ဝင်တိုက်တာလို့ပြောတယ်။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်သံမကြားဘူး။ မနေ့ကအထိပေါ့ ၂ ရက်ဖြစ်တာတဲ့”လို့ပြောပါတယ်။ အခုလိုတိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် မိုးမိတ်မြို့အနီးတစ်ဝှိုက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတစ်ဝှိုက်ကအရပ်သားတွေ ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့အခြေနေတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေအခြေစိုက်ပြီး ဗျူဟာမှူးကိုယ်တိုင်အထိုင်ချ ကွပ်ကဲသလို မိုးမိတ်မြို့ဟာ ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ စစ်ကောင်စီနဲ့KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲမှာ မြို့ပျက်လုနီးပါး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ ဒေသခံတွေဟာ ဒီတစ်ကြိမ်တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်နေကြပြီး ရှောင်ရတဲ့ လူဦးရေ ၂ ထောင်ခန့်ရှိတယ်လို့ မိုးမတ်ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ “တိုက်ပွဲက နှစ်ရက်လောက်ဖြစ်လိုက်တော့ မိုးမိတ်ကအရပ်သားတွေလည်းပြန်ထွက်ပြေးနေရတယ်။ မိုးမိတ်မှာက ဗျူဟာကုန်းရှိတယ်။ အခုဖြစ်တာက ကာကင်းတွေဖြစ်မယ်။ မိုးမိတ်မြို့ခံပြည်သူတွေက မြို့ထဲပြန်ရောက်တာတောင်မကြာသေးဘူး အခုပြန်ပြေးနေရတာ။ ပြည်သူတွေကလည်း ခံဖူးထားတာ ဆိုတော့ လန့်နေကြတာ”လို့ပြောပါတယ်။ မိုးမိတ်မြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း အဖွဲ့တွေကြိုးစားခဲ့ပေမဲ့ မြို့တွင်းကိုသာထိန်းချုပ်နိုင်ခဲ့ပြီး အထိုင်ချတပ်ရင်းတွေကိုမတိုက်ပဲ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်တဲ့မြို့ဖြစ်ပြီး မ်းပြည်နယ်အနောက်မြောက်ဘက်မှာရှိကာ နယ်နိမိတ်အားဖြင့် မြောက်ဘက်မှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်မှာ သိန္နီနယ်နဲ့ တောင်ပိုင်နယ်၊ တောင်ဘက်မှာ သီပေါနယ်၊ အနောက်ဘက်မှာ ရွှေဘိုခရိုင်တို့ရှိတာဖြစ်ပါတယ်။ By…
Read More » -
Mar- 2024 -12 Marchသတင်း
မိုးမိတ်မှာ မြို့တွင်း သန့်ရှင်းရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေ
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်နဲ့ရှမ်းမြောက်အစပ်က မိုးမိတ်မြို့နယ်အတွင်း ဒေသခံတစ်ချို့ပြန်ဝင်နေကြပြီးတော့ မြို့တွင်းသန့်ရှင်းရေးကိုလည်း အရပ်သားတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကနေစပြီးတော့ ဒေသခံတချို့ မြို့ထဲကိုပြန်ဝင်ကြပြီး ရွှေဇာလီဆရာတော်က ဦးဆောင်ကာ ပရဟိတအဖွဲ့တွေနဲ့အရပ်သားတွေပေါင်းပြီးတော့ မြို့တွင်း သန့်ရှင်းရေးတွေလုပ်ဆောင်နေကြတာဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ယောက်က ပြောပါတယ်။…
Read More » -
Feb- 2024 -22 Februaryသတင်း
မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာ“လို့ပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ မြို့တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ခိုးဆိုးလုယက်သူတွေရဲ့ အန္တရာယ်ကလည်း ရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ “အခုကတော့ ထောက်ပံ့သူတွေရှိတော့ သူတို့လှူတာတွေနဲ့ပဲစားသောက်နေကြတာ ဒီဘက်ကတော့ အိမ်ကိုမပြန်ရဲကြသေးဘူးဘယ်သူမှ မြို့ကလည်း တော်တော်ကြေသွားပြီကို ကျမတို့ကတော့ပြန် မဝင်သေးဘူး ကြောက်လို့ပေါ့”လို့စစ်ဘေးရှောင်နေတဲ့မိုးမိတ်ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့ပေါ်က ရွှေဇာလီကျေးရွာ၊ အုန်းချောဟောင်း၊ အုန်းချောသစ်၊ ညောင်နီ၊ အာသံ၊ လည်ကြီး၊ သရက်တော စတဲ့ကျေးရွာတွေအပါအဝင် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက် ဘေးလွှတ်ရာဘုန်းကြီးကျောင်းတွေနဲ့ တစ်ခြားသောဘေးလွှတ်ရာမြို့ကြီး တွေဆီထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။ စစ်ကောင်စီတပ်တွေဟ မြို့ထဲဝင်တဲ့ဒေသခံအမျိုးသမီးတစ်ချို့ကို မုဒိန်းကျင့်တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာမြို့ထဲဝင်ရောက်ဖို့ ကြောက်ရွံ့နေကြတယ်လို့ မိုးမိတ်စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ By – အမိုး
Read More » -
9 Februaryသတင်း
မိုးမိတ် စစ်ရှောင်တွေအတွက် အစားသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေ
ကချင်– ရှမ်းအစပ်မှာရှိတဲ့ မိုးမိတ်မြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် အခြေခံအစားသောက်တွေနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အောက်ပြည်နှစ်ခြင်းသာသနာနယ် စစ်ရှောင်ကော်မတီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့် ဇန်နဝါရီလ ၁၈ ရက်နေ့နှစ်ဖက်တိုက်ပွဲကြောင့် မိုးမိတ်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဘုံကလုန်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး အစားအသောက်၊ ဆေးဝါး ကူညီမှုတွေလိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင် ကော်မတီ တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ သွားကြည့်တဲ့အချိန် တွေ့ရတာက အစားအသောက်၊ ဆေးဝါးနဲ့ ပတ်သက်တာတွေ ပြီးတော့ နေတဲ့နေရာက လည်း ဝါးတွေနဲ့ ဘဲ လုပ်ထားတာဆိုတော့ ရှေရှည်အတွက်က အဆင်မပြေဘူးပေါ့၊ အဲ့တာကြောင့် မိုးကာတွေ၊ သုံးထပ်သား၊ ငါးထပ်သားတွေ လည်း လိုအပ်နေတယ်”လို့ပြောပါတယ်။ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၅၀ ၊ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် ၃ ဦး၊ နို့စို့ကလေးမိခင် ၅ ယောက်နဲ့ သက်ကြီးရွယ်အို ၇ ယောက်ပါဝင်တာဖြစ်တဲ့အတွက် ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းကို စစ်ရေးအခြေအနေတွေကြောင့် မြို့ဘက်လမ်းကနေသွားလို့မရဘဲ တောလမ်းဘက်ကသွားရတဲ့အတွက် သွားလာရေးခက်ခဲပြီးတော့ ဖုန်းလိုင်းအင်တာနက်လိုင်းလည်း မရဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအနေနဲ့ အစားအသောက်၊ လိုအပ်တာတွေ ဝယ်ဖို့ ဘုံကလုန်ကနေ မိုင် ၄၀ လောက်ဝေးတဲ့ ရှမ်းရွာဘက်ထိသွားရတာဖြစ်တာကြောင့် မိုးတွင်းဆိုရင် သွားလာရေးသာမက နေရာထိုင်ခင်းမှာလည်း အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ဒေသခံပြည်သူတွေကို နေရပ်ပြန်လာဖို့ပြောဆိုနေပေမယ့် ပြန်သွားသူတစ်ချို့ကိုခြိမ်းခြောက်ပစ်သတ်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။ “သူတို့ဘက်က အိမ်ပြန်လာတော့ ၊ မပြန်လာရင် အိမ်တွေ မီးရှို့ပစ်လိုက်မယ်ဆိုလို့ ခြိမ်းခြောက်တော့ တစ်ချို့ ကပြန်တာတွေရှိပေမဲ့လည်း ပစ်သတ်ခံရတာတွေရှိတော့ ကိုယ်အိမ်ကိုယ်ယာကို ပြန်လာကြည့်ချင်ရင်တောင် ဘယ်သူမှ မပြန်ရဲကြတော့ဘူး၊ အဲ့တော့ သူတို့ဘက်ကလည်း အိမ်တွေ ဖောက်၊ မီးရှို့တာတွေ လုပ်နေကြတယ်”လို့ပြောပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ မိုးမိတ်မြို့နယ် လူထုအခြေပြုတွေဘက်က ကချင်လွတ်လပ်ရေးတပ်မတော် ရုံးချုပ်ဆီ KIA တွေအနေနဲ့ မိုးမိတ်မြို့ကို ပြန်လည်သိမ်းပိုက်ပေးဖို့ စာတင်ပြထားတယ်လို့လည်း သိရပါတယ်။ စစ်ရေးအခြေအနေတွေကြောင့် မိုးမိတ်မြို့တွင်း နေရပ်ပြန်လို့မရသေးသလို လက်ရှိ တိမ်းရှောင်နေတဲ့ နေရာမှာလုံခြုံတယ်ဆိုပေမဲ့ ရေရှည်အတွက် စဉ်းစားရမှာဖြစ်သလို စစ်တပ်ဘက်ကလည်း ဝင်ရောက်လာနိုင်တဲ့အတွက် စစ်ရှောင်ကော်မတီတွေဘက်က လုံခြုံတဲ့နေရာမှာ ထပ်မံပြောင်းရွေ့နိုင်ဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်လောက်ကနေ မိုးမိတ်အတွင်း တိုက်ပွဲကြောင့်ဒေသခံပြည်သူတွေဟာ မိုးမိတ်မြို့နဲ့ နီးတဲ့ မန်ဘတ်၊ ပြောင်းပြန်၊ ဘုံကလုန်း၊ တုံးခီး၊ ဘော်ဒယ်၊ စတဲ့နေရာတွေမှာ ထွက်ပြေးတိမ်း ရှောင်လာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊မံစီမြို့နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ကချင်၊ပလောင်၊ရှမ်း၊ဗမာလူမျိုးတွေ စုပေါင်းနေထိုင်တဲ့နေရာဖြစ်ပါတယ်။ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့ KIA,PDF,ABSDF ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် စစ်တပ်က လေကြောင်းရော၊မြေပြင်စစ်ကြောင်းပါ ထိုးစစ်ဆင်နေတာကြောင့် KIA,PDF ဘက်က တပ်ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိစစ်တပ်ဘက်က ဝင်ရောက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Bu Bu
Read More » -
Jan- 2024 -29 Januaryသတင်း
မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား
ကချင် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မြို့တွင်းကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က KIAနဲ့ကာကွယ်ရေးတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ မိုးမိတ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ တပ်ဆုတ်သွားပြီဖြစ်ပြီး မြို့တွင်းကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတယ်လို့ ဘေးလွှတ်ရာရောက်နေတဲ့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။ “လက်တလောက ဟိုဘက်အဖွဲ့အစည်းတွေကပြန်ဆုတ်သွားတယ်လို့ပြောတယ်ဗျ တပ်ကတော့ မြို့ထဲ ဝင်ပြီး ရှင်းလင်းရေးတွေလုပ်တယ်လို့ သတင်းရပါတယ် မနေ့က ကယ်ဆယ်ရေးလုပ်နေတဲ့ တစ်ယောက် ကဖုန်းဆက်လာတယ် မြို့ထဲကို ပေးမဝင်ဘူးလို့ပြောတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ပိုင် ရုပ်သံချန်နယ်လ်တွေနဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာလည်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ထိန်းချုပ်ထားပြီလို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထဲကို ဝင်လာနိုင်တဲ့နေရာတွေအားလုံးကို လုံခြုံရေးတွေချပြီးနေရာယူထားသလို မြို့ရှောင်လမ်း၊ အုန်းချောရွာသစ် နဲ့ မြို့ပတ်ပတ်လည်နေရာတချို့ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ မြို့တွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေလို့ပေးမဝင်တာဖြစ်တယ်လို့ပြောပေမဲ့ စစ်ကောင်စီတပ်ဘက်က မြို့တွင်းထဲကဆိုင်တွေထဲဝင်ပြီးတန်ဖိုးကြီးပစ္စည်းတွေသယ်ယူ တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “သူတို့ဘက်ကပြောတာပေါ့နော် မြို့ထဲ ဗုံးတွေဘာတွေထောင်ထားထဲ့မှာစိုးလို့ ပြည်သူတွေထိမှာစိုးလို့ ပြောတာပေါ့နော် ဒါပေမဲ့ ခံစားရတဲ့ပြည်သူတွေကတော့ အကုန်လုံးကပြောတာပေါ့နော် မြို့တွင်းထဲက ပစ္စည်းတွေဆိုရင် ထော်လာဂျီတွေနဲ့တိုက်ပြီးကိုယူတယ်တဲ့ ဆိုင်ကယ်ဆိုင်တွေကလည်း တစ်စီးပြီးတစ်စီး ယူတယ်လို့ ပြောတယ်ဗျ” လို့ ပြောပါတယ်။ မိုးမိတ်မြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့ တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကလည်း ခရိုင်အဆင့်ရှိတဲ့ မိုးမိတ်မြို့ကို လက်မလွှတ်ရရေး လေကြောင်းနဲ့ပစ်ခတ်တာအပြင်၊ လက်နက်ကြီးတွေနဲ့ အစွမ်းကုန်ခုခံခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့သလို နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့လို့ မြို့တွင်းရဲ့ ၄ ပုံ ၃ ပုံလောက်ကပျက်ဆီးသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ မြို့တွင်းအရပ်သားသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပေမယ့် အသေးစိတ်အခြေနေကို ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲကြောင့် KNG က အတည်မပြုနိုင်သေးပါဘူး။ ဒါ့အပြင် တစ်ဖက်မှာ တိုက်ပွဲစဖြစ်လာပြီး ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ မြို့တွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်သွားခဲ့ရာ ဒီကနေ့အထိ အဆက်အသွယ်မရပျောက်ဆုံးနေတဲ့ အရပ်သားကလည်း ရာနဲ့ချီရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ မိုးမိတ်မြို့နယ်ထဲမှာတော့ ခလရ ၂၂၃ ၊ခလရ ၂၇၆ တပ်ရင်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၄၈ တပ်ရင်းတို့အပြင် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် ဗျူဟာတစ်ခု တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာ သူတွေကသုံးသပ်ကြပါတယ်။ By – အမိုး
Read More » -
23 Januaryသတင်း
မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း သင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်း ၄၀ အထိရှိလာ
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရ သူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးရတာ ရုပ်အလောင်း ၄၀ ကျော်အထိရှိလာပြီလို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီကသိရပါတယ်။ အဲဒီရုပ်အလောင်းတွေဟာ အရပ်သားတွေချည်းမဟုတ်ပဲ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တစ်ချို့လည်းပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “ခန့်မှန်းကတော့ မနေ့ကရွှေဇာလီက တစ်ယောက်လှုပ်ရှားပေးတာကိုက ၄၀ ကျော်သွားပြီ သူသင်္ဂြိုဟ်ပေး နေတယ် ရွှေဇာလီကတစ်ယောက်ကတော့ ကျနော်တို့ အရပ်သားသေဆုံးမှုတွေကို မီးသင်္ဂြိုဟ်ပေးနေတယ် လို့လည်း ခိုင်မာတဲ့သတင်းရတယ် တပ်ကလည်းပါမယ်ထင်တယ် “လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ KIAနဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစု တွေ က မိုးမိတ်မြို့နယ်ထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာတော့ မိုးမိတ်မြို့တွင်းက နေအိမ်နဲ့အဆောက်အဦးတွေရဲ့ ၄ ပုံမှာ ၃ပုံလောက်က ပျက်ဆီး သွားရ ပြီဖြစ်ပြီး ပိတ်မနေတဲ့အရပ်သားတွေဆက်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီ နေသူကဆက်ပြောပါတယ်။ “အကို ပြောရမယ်ဆိုရင် မြို့ရဲ့ ၄ ပုံမှာ ၃ ပုံလောက်ကသွားပြီထင်တာပဲ ကျနော်တို့မြို့ပေါ်လေးရပ်ကွက် ပေါ့ အဓိကက လက်နက်ကြီးနဲ့လေယာဥ်ကြောင့်ပေါ့နော် ကြားထဲမှာတော့ အရပ်သားတွေက ထွက်နိုင် တဲ့သူတွေ က ထွက်ကြတာပေါ့ အခုနောက်ပိုင်းကျန်တာကတော့ ၅၀၀ နောက်ပိုင်းကတော့ကျန်မယ် ထင်တယ် အဲ့ဒီ ပိတ်မိတဲ့သူတွေကိုကယ်ဖို့ကြတော့လည်း လိုင်းမရလို့ လုံးဝအဆက်အသွယ်မရဘူး”လို့ ဆိုပါတယ်။ မိုးမိတ်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး အဲ့ဒီ ရဲစခန်းမှာ ရှိတဲ့ အချုပ်သားသေဆုံးမှုတွေရှိတယ်လို့သိရပေမဲ့ အသေးစိတ်အခြေနေကိုတော့ KNG က အတည် မပြုနိုင် သေးပါဘူး။ “ မိုးမိတ်ကတော့ ရဲစခန်းက သိမ်းပြီးပြီ အဲ့မှာကြားလိုက်တာက အချုပ်သားတွေအကုန်သေတယ်တဲ့ ဘာ့ကြောင့်သေတာတော့မပြောတတ်ဘူး ခိုင်မာတဲ့သတင်းရင်းမြစ်ဆီကတော့သိရတယ်” လို့စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။ မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့အထိကို စစ်ကောင်စီတပ်က မိုးမိတ်မြို့ပေါ်နဲ့အနီးတစ်ဝှိုက်ကို လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေပြီး မိုးမိတ်မြို့နဲ့ ၂မိုင်အကွာလောက်က စစ်ကောင်စီရဲ့တပ်ရင်းတစ်ချို့နဲ့ဗျူဟာကုန်း တွေတော့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မိုးမိတ်မြို့နယ်ဟာ စစ်ကောင်စီရဲ့ဗျူဟာကုန်းတည်ရှိသလို ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပြီး မိုးမိတ်ကိုသာ KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့ရင် မန္တလေး–တကောင်း၊ မိုးကုတ်–ပြင်ဦးလွင် လမ်းပိုင်းတွေကို ထိန်းချုပ်သွားနိုင်မယ့်အခြေနေတွေရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ By – အမိုး
Read More » -
19 Januaryသတင်း
မိုးမိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သားသေဆုံးမှုရှိ
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က မိုးမိတ်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၅ နာရီခွဲကစလို့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး လက်ခုပ်တန်းရွာနဲ့ မိုးမိတ်မြို့နယ် မြောက်ပိုင်းဘက်မှာတိုက်ပွဲဖြစ်နေတာလို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “အခုကို လေယာဥ်ကကြဲချနေတယ် မနက် ၅ နာရီခွဲကတည်းကစဖြစ်နေတာ လေယာဥ်ကတော့ အဆက်မပြတ်ကိုလာပြီးတော့ကြဲနေတာ မနေ့ကကော ဒီနေ့ကော အရပ်သားသေဆုံးမှုတွေရှိတယ် ဒီနေ့မနက်က တော့လေယာဥ်ကြောင့်ထိပြီး အမျိုးသမီးတစ်ယောက် သေဆုံးတယ်”လို့ ပိတ်မိနေတဲ့အမျိုးသမီးကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးဟာ နမ့်ခမ်းအင်းရွာကလို့ သိရပေမယ့် အသေးစိတ်ကို KNG က အတည်ပြုနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မနေ့က တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုတွေအကြား အရပ်သား ၃ ယောက် သေဆုံးတယ်လို့ သိရပေမယ့် တိုက်ပွဲဆက်တိုက်ပြင်းထန်နေဆဲဖြစ်တာကြောင့် သေဆုံးသူတွေရဲ့ အခြေနေကို အတည်မပြုနိုင်သေးဘူးလို့သူကဆိုပါတယ်။ တစ်ဖက်မှာ လက်ရှိ မိုးမိတ်တိုက်ပွဲဟာ အတော်လေးပြင်းထန်နေလို့ ပိတ်မိနေတဲ့အရပ်သားတွေ အတော်လေးစိုးရိမ်နေကြရတယ်လို့လည်း ပိတ်မိနေတဲ့ဒေသခံတွေကပြောပါတယ်။ “အခုက အခြေနေက အရမ်းကိုစိုးရိမ်ရတဲ့အနေအထားဖြစ်နေတာ ပြည်သူတွေက အိမ်ထဲမှာရှိနေကြတာ သက်ကြီးရွယ်အိုတွေကော အခြေနေတွေကြောင့် မသွားနိုင်သူတွေကလေးငယ်တွေအကုန် ကိုယ်အိမ်နဲ့ ဗုံးခိုကျင်းတွေထဲနေ နေရတဲ့အခြေနေပေါ့” လို့ပိတ်မိနေတဲ့ ဒေသခံအမျိုးသမီးကဆိုပါတယ်။ မိုးမိတ်မြို့နယ်ထဲက ရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့တပ်စခန်းတွေကို မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ် ပါတယ်။ By – အမိုး
Read More »







