သတင်း

မိုးမိတ်မှာ မြို့တွင်း သန့်ရှင်းရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေ

တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်နဲ့ရှမ်းမြောက်အစပ်က မိုးမိတ်မြို့နယ်အတွင်း ဒေသခံတစ်ချို့ပြန်ဝင်နေကြပြီးတော့ မြို့တွင်းသန့်ရှင်းရေးကိုလည်း အရပ်သားတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကနေစပြီးတော့ ဒေသခံတချို့ မြို့ထဲကိုပြန်ဝင်ကြပြီး ရွှေဇာလီဆရာတော်က ဦးဆောင်ကာ ပရဟိတအဖွဲ့တွေနဲ့အရပ်သားတွေပေါင်းပြီးတော့ မြို့တွင်း သန့်ရှင်းရေးတွေလုပ်ဆောင်နေကြတာဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ယောက်က ပြောပါတယ်။

ဘယ်သူမှမပါဘူးအရပ်သားတွေပဲပေါင်းပြီးလုပ်နေတာ ကိုယ်ထူကိုယ်ပဲဆိုပါစို့ ရွှေဇာလီဆရာ တော် ဦးဆောင်ပြီးမှ ကျနော်တို့မြို့ခံတွေရယ် ပရဟိတအဖွဲ့တွေရယ်ပေါင်းပြီးသန့်ရှင်းရေးလုပ်ကြ တာပေါ့ဗျာလို့စစ်ရှောင်ကူညီနေသူဒေသခံတစ်ယောက်ကပြောပါတယ်။

လက်ရှိမှာတော့ မိုးမိတ်မြို့ပေါ်က လမ်းတွေနဲ့ဆေးရုံတွေကို သန့်ရှင်းရေးတွေလုပ်ဆောင်ထားပြီ ဖြစ်ပြီးတော့ မြို့ရဲ့ ၄ ပုံမှာ ၁ ပုံလောက်ရှိတဲ့အရပ်သားတွေသာ ပြန်ဝင်နိုင်သေးတယ်လို့ သိရပါ တယ်။

မြို့တွင်းသန့်ရှင်းရေး လုပ်ဆောင်နေတဲ့ ဒေသခံပြည်သူများ

တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြန်ဖြစ်ပွားမှာကို လည်း ဒေသခံတွေစိုးရိမ်နေကြပြီး စိုးရိမ်မှုတွေကြားကပဲ မြို့တွင်းသန့်ရှင်းရေးတွေလုပ်ဆောင်နေ ကြတာလို့ ဒေသခံတွေကပြောပါတယ်။

နောက်တစ်ခေါက်တိုက်ပွဲဖြစ်မှာကိုတော့ ပြန်စိုးရိမ်နေကြတယ် တော်တော်များများတော့ပြန် မဝင်နိုင်ကြသေးပါဘူး အိမ်ရှိတဲ့လူတွေလောက်ပဲပြန်လာကြတာပေါ့ လာချင်တဲ့သူတွေကတော့ များတာပေါ့ တိုက်ပွဲနောက်ထပ်ဖြစ်မှာကိုပဲကြောက်နေကြတာပေါ့လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

မိုးမိတ်မြို့ပေါ်ရပ်ကွက်ကတော့ ပြီးခဲ့တဲ့တိုက်ပွဲအတွင်းအပျက်အဆီးနဲ့ ဆုံးရှုံးမှုတွေများခဲ့လို့ အရပ်သားတွေတချို့သာဝင်ရောက်နိုင်ပြီး မိုးမိတ်မြို့ပေါ်နဲ့အနီးတစ်ဝှိုက်ကရွာတွေကဒေသခံတွေ ကတော့ နေရပ်ပြန်နေထိုင်နေကြပြီလို့ဆိုပါတယ်။

မိုးမိတ်မြို့ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KIA နဲ့ပူးပေါင်းအဖွဲ့က မြို့ရဲ့နေရာအတော်များများကိုထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ဇန်နဝါရီလ ၂၉ ရက်နေ့မှာပဲ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကပဲ ရက်နေ့ကပဲ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့ဖြစ် ပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ လောက်ကိုင်၊ မဘိမ်း၊ ကုန်းကြိမ်း၊ သိန္နီအပါအဝင်နမ့်ခမ်း၊နမ္မတူ စတဲ့ မြို့တွေကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားပြီး အဲ့ဒီမြို့တွေကို သိမ်းပိုက် ထားတဲ့ မြောက်ပိုင်းညီနောင်၃ဖွဲ့ကတော့ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်တွေ အကြုံးမဝင်တော့ဘူး လို့ကြေညာထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button