ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ
,
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရပ်ကွက်အချို့တွင် မီတာခ မပေးဆောင်သည့် နေအိမ်များမှ မီတာ ဘောက်များကို လျှပ်စစ်ရုံးဝန်ထမ်းများနှင့် ရဲများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ဖြုတ်သိမ်းနေကြောင်း ဒေသခံများမှ သိရှိရသည်။ ဗန်းမော်မြို့တွင် မေလ ၉ ရက်နေ့မှစကာ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ မီခပေးဆောင်ရန်နှင့် ပေးဆောင်ခြင်း မပြုသည့်နေအိမ်များအား မီတာဘောက်များဖြုတ်သိမ်းကာ တရားစွဲဆိုသွားမည်ဟူသည့် သတိပေး ခြိမ်းခြောက်စာများအား EPC လျှပ်စစ်ဝန်ထမ်းများမှ လိုက်လံပေးဝေ ထားပြီးနောက် ယမန်နေ့ နံနက်ပိုင်းမှစကာ
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ပြည်သူများ မီတာခ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ မီတာဘောက် ပြန်သိမ်းမည့်အပြင် တရားစွဲဆိုသည်အထိ ပြုလုပ်သွားမည်ဟု မိုးမောက် မြို့နယ်လျှပ်စစ်ရုံးက စာဖြင့် ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ခြိမ်းခြောက်စာများကို မိုးမောက်မြို့ပေါ် ကြေးနန်းရပ်ကွက်၊ နမ်ဘုံရပ်ကွက်နှင့် အလင်းကောင်ရပ်ကွက်များရှိ မီတာခမဆောင်သည့် နေအိမ်များတွင် မေလ ၉ ရက်နေ့မှစတင်ကာ EPC လျှပ်စစ်ဝန်ထမ်းများက လာပေးခဲ့ခြင်းဖြစ်သည်။ စာထဲတွင် မေလ
မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မီတာကြေး မဆောင်သောကြောင့်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။ မော်ဟန်ကျေးရွာ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၆၀ ကျော်ခန့်ကသာ မီတာခ ဆောင်လေ့ရှိသောကြောင့် မတ်လ ၂၁ ရက်နေ့မှ စတင် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်ဟု လျှပ်စစ်ရုံးမှ ပြောလာကြောင်း မော်ဟန်ကျေးရွာမှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ဆိုသည်။ “အခွန်မဆောင်လို့ မီးဖြတ်ပေးတဲ့သဘောပဲ။ EPC ကပြန်ပြောလာတာက အိမ်ခြေတစ်ထောင်ကျော်မှာ ထောင်အိမ်ထောင်စု