မုံရွာ
-
သတင်း
ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောတွေက ကျေးရွာတွေကို ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင် ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇ရက်နေ့ မနက်ပိုင်း ချင်းတွင်းမြစ်အတိုင်း စစ်ဘက်သုံးရေယာဥ်တစ်စီး စုန်ဆင်းခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ နောက်ထပ် စစ်သင်္ဘော ၁၆ စီး ဆက်လက်စုန်ဆင်းလာပြီး မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ “သူတို့ကမုံရွာနယ်ကျော်တာနဲ့ကိုတောက်လျှောက် ပစ်တော့တာ ကမ်းဘေးဝဲယာကိုပစ်တာ…
Read More » -
သတင်း
မုံရွာမှာ ကာကွယ်ရေးတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းစီးနင်းခံရလို့ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြေးမုံရွာနားက ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးစခန်းစီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ရပြီးတော့ ၂ ဦးဆေးကုသမှုခံယူ နေရတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီကနေ သိရပါတယ်။ မနေ့က ဩဂုတ်လ မနက်ပိုင်း ၅ နာရီလောက်မှာ…
Read More » -
သတင်း
မုံရွာမှာ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မအူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး၁ဦးသေဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။ မနေ့က ညနေပိုင်း ၆နာရီဝန်းကျင်မှာ မုံရွာမြို့အဝင် မအူရွာစစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မအူရွာဘက်ကို ၆၀မမ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါ တယ်။ “သူတို့က ရမ်းသမ်းပြီးပစ်တာ ဘာမှလည်းဖြစ်နေတာမဟုတ်ပဲ မအူရွာကိုကျတာထိတာကတော့၃ယောက်…
Read More » -
သတင်း
ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်း တစ်ခု မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Chindwin Attack Force အဖွဲ့၏ လက်နက် ထုတ်လုပ်ရေးစခန်းတစ်ခု မီးလောင်ပြီးပျက်စီးသွားသည့်အတွက် ဆုံးရှုံးမူတန်ဖိုး ကျပ်ငွေသိန်း ၃၀၀ ကျော်ရှိခဲ့သည်ဟု Chindwin Attack Force အဖွဲ့က ဒီကနေ့ ဇွန်လ၂၁…
Read More »