မြစ်ကြီးနား
-
Mar- 2026 -10 Marchသတင်း
မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်၂ စီးတိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည(မတ်လ၉ရက်) ၇နာရီဝန်းကျင်အချိန် အေးမြသာယာရပ်ကွက် ဘုရားတစ်ထောင်အကျော်မှာ ဆိုင်ကယ်အချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာကနေ ဆိုင်ကယ်မောင်းတဲ့ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ…
Read More » -
10 Marchသတင်း
မြစ်ကြီးနားမှာ ဓားထိုးခံရပြီး သေဆုံးမှုထပ်မံဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဓားထိုးခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ထပ်မံဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရှိရပါတယ်။ ဓားထိုးမှုဖြစ်စဉ်ကတော့ မတ်လ ၁၀ရက် ည ၁၀ နာရီ ၁၄မိနစ်မှာ မြို့မရပ်ကွက် ရွှေဖြူဟိုတယ်ရှေ့နား အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဓားထိုးခံရပြီးနောက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကနေပြီးတော့ ဆေးရုံကြီးဆီ အမြန်ပို့ဆောာင်ခဲ့ပေမယ့်လည်း လက်တစ်ဝက်မှာတင် သေဆုံးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ဒဏ်ရာက ရင်ဘက်နဲ့ ဗိုက်မှာလားမသိဘူး ဒဏ်ရာက။ ဆေးရုံမှာ မဟုတ်ဘူး။ လမ်းတစ်ဝက်မှာတင် ဆုံးတာဟုတ်တယ်”လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားဟာ လမ်းဘေးကဆီဆိုင်တစ်ခုတွင်း ပစ္စည်းဝင်ခိုးဖို့ကြိုးစားရင်း အနီးဝန်းကျင်ကပြည်သူတွေဝိုင်းဖမ်းရာ ဆိုင်ရှင်ကနေ ဓားနဲ့ ထိုးမိသွားတာဖြစ်ကြောင့် ပြောဆိုကြပေမယ့် KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ဧပြီလ ၆ ရက်နေ့တုန်းကလည်း မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်၊ သင်္ဂြိုင်းကုန်းသွားလမ်း ဘောလုံးကွင်းနားမှာ လည်ပင်းလှီးခံထားရတဲ့ ဒဏ်ရာနဲ့ ဝမ်းဗိုက်မှာဓါးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ၁၉နှစ်အရွယ်အမျိုးသားကို ဆာလာအိတ်နဲ့ စွန့်ပစ်ထားခဲ့တာဘဲ ဖြစ်ပါတယ်။ အလားတူ မတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်၊ သံလမ်းကူးအနီးမှာ အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေလည်းများပြားနေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း သတ်ဖြတ်မှုတွေမကြာခန ဖြစ်ပွားခဲ့တာဘဲ ဖြစ်ပါတယ်။ ဖြစ်စဉ်တွေကတော့ ၂၀၂၅ နိုဝင်ဘာလ ၁၀ ရက် ယုဇနရပ်ကွက် ဘုန်းကြီးကျောင်းထီးတင်ပွဲကျင်းပနေတဲ့ ကျောင်းဝန်းအပြင် ပွဲစျေးတန်းရှေ့မှာ အမည်မသိ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှု၊ စက်တင်ဘာလက ၂၈ ရက်နေ့ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံထားရတဲ့ ဒဏ်ရာနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ ၁၀ ချက်ဝန်းကျင်နဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရပြီး ဩဂုတ်လ ၂၉ ရက် ဂျန်မိုင်ကောင် ရပ်ကွက် နယ်မြေ (၁၂)မှာလည်း သူငယ်ချင်းနှစ်ဦး ရန်ဖြစ်ရာကနေ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ ခုလိုသတ်ဖြတ်ခံရတာအပါအဝင် မူးယစ်ဆေးကြောင့် သေဆုံးသူတွေများလာတဲ့ မြစ်ကြီးနားမြိုမှာတော့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုကို သက်ဆိုင်တဲ့အာဏာပိုင်တွေဟာ လျစ်လျှူ ရှုထားကြတာအပြင် သတ်ဖြတ်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း တရားခံဖမ်းဆီးရမိခြင်းမရှိတဲ့အပေါ် ပြည်သူတွေကြား ဝေဖန်မှုတွေမြင့် တက်နေပါတယ်။ By – Hope
Read More » -
7 Marchသတင်း
မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်းမျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီမနက် ၅နာရီ ၅၄မိနစ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံထားရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့…
Read More » -
6 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ်…
Read More » -
5 Marchသတင်း
မြစ်ကြီးနားမှာ သဲကျောက်ကားတွေကြောင့်လမ်းတွေပျက်စီးလာ
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာတယ်လို့မြို့ခံတွေကပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တွေရဲ့ မြစ်ကြောင်းတစ်လျှောက်က သဲကျောက်တွေကို တူးဖော်နေပြီး တုံဖုန်းကားကြီးတွေနဲ့နေ့စဥ်…
Read More » -
5 Marchသတင်း
မြစ်ကြီးနား-မန္တလေးလမ်းမရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်
ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကစလို့ အခုလိုခရီးသွားတွေနဲ့ မော်လူး–နဘား ဒေသတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေအပါအဝင် အဲ့ဒီလမ်းပိုင်းကို…
Read More » -
4 Marchသတင်း
မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည(ဖေဖော်ဝါရီ ၃ရက်) ၇နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၂၁ မှာရှိတဲ့ ပညာအလင်းတန်းဆိုတဲ့ ဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “စာအုပ်တွေ ဘာမရလိုက်ဘူးလို့…
Read More » -
3 Marchသတင်း
မြစ်ကြီးနားမှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်ဆက်တိုက် လုယက်ခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်လုယက်ခံတာတွေ မကြာခနကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။ KNG ရဲ့ စုံစမ်းထားချက်အရ လုယက်ခံရတဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကုန်ထိ ၁၅ ကြိမ်ထက်မနည်းရှိနေပါတယ်။…
Read More » -
2 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ
မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ ဒီပေါက်ကွဲမှုအပေါ် KIA/PDF ရဲအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာပြီး ပြင်းထန်တဲ့တုံးပြန်မှုလုပ်ဆောင်သွားမယ်လို့ဆိုကာ လေကြောင်းခရီးစဉ်အားလုံးရပ်နားထားတာဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ကချင်ဒေသဟာ အာဏာသိမ်းပြီးနောက် ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်–မန်းလေး–မြစ်ကြီးနားဗျူဟာလမ်းမကြီးရှိပေမယ့ စစ်ရေးအခြေနေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေရှိနေတဲ့အတွက် လေကြောင်းလိုင်းကိုအဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေး–ရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။ ခုလိုလေကြောင်းခရီးစဉ်အားလုံး ရပ်နားထားတဲ့အပေါ် ခရီးသွားရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ထိခိုက်မှုများစွာ ရှိနေပြီး အချိန်ကြာမြင့်စွာ ဆက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသစီးပွားရေး ကျဆင်းနိုင်သလို လူထုရဲ့ နေ့စဉ်ဘဝလည်း ပိုမို ခက်ခဲလာနိုင်ပါတယ်။ ဒီအခြေအနေအပေါ် မြို့ခံတွေ ဘယ်လိုမြင်ကြလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို KNG ကို မေးမြန်းထားပါတယ်။ မြစ်ကြီးနားမြို့နေ အမျိုးသားလူငယ်တစ်ဦး “လေကြောင်းလိုင်းတွေ အကုန်ပြန်ပိတ်သွားတော့ အကုန်လုံးက ညီးနေကြတယ်။ ဘာမှ မလုပ်တတ်သလို ဖြစ်သွားတယ်။ အကုန်လုံးက လေယာဉ်တစ်မျိုးနဲ့ဘဲ သွားနေတာကို လေယာဉ်ပြန် ပိတ်သွားတော့ ဘယ်မှမသွားတတ် မလုပ်တတ်နဲ့ အကုန်လုံးက။ ဘယ်လိုပြောရမလဲ ဟိုးအောက်ကို ပြန်ရောက်သွားသလို။ လေယာဉ်က ဘယ်အချိန်ပြန်ဖွင့်မလဲမသိတော့ အကုန်လုံးက အာရုံနှောက်ကုန်တာ။ ပြီးတော့ လောလောဆယ် မြစ်ကြီးနားမှာ ဖြစ်နေတာက အကုန်ကြောက်ပြီး စိုးရိမ်နေတယ်။ မြစ်ကြီးနားမှာ ဘယ်အချိန်တိုက်ပွဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ အကုန်လုံးက ကြောက်ပြီး နေနေရတယ်” ကိုးရီးယားသွားဖို့ ပြင်ဆင်နေတဲ့ လူငယ် အမျိုးသမီးတစ်ဦး “ကားနဲ့ သွားမယ်ဆိုရင် မလုံခြုံဘူးလေ။ လေယာဉ်နဲ့ဘဲ သွားရမှာ ။ အခုကျွန်မတို့ဆို ကိုးရီးယားသွားရတော့မှာ ရန်ကုန်တက်ရတော့မှာကွာ ခုလို လေယာဉ်တွေ ပိတ်သွားတော့ ကျွန်မတို့က ဘယ်လိုမှ လုပ်လို့မရနေဘူးကွာ။ ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင်လည်း မလုံခြုံဘူး အရမ်းခက်ခဲတယ်။ သွားလာရေးလည်း ပိုခက်လာတယ်။ လေယာဉ်ကဆို ပစ္စည်းတွေ ပိုရင်လည်း အမြန်ရောက်တယ်။ ကားနဲ့ဆိုရင် အရမ်းကြာတယ်လေ နှစ်ပတ်သုံးပတ်ကြာတယ်။ အရမ်းမကောင်းဘူး လုံးဝမကောင်းဘူး။ လေယာဉ်က အမြန်ဖွင့်ရင်ကောင်းမယ်” မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး “ကျွန်တော်ထင်တာက အဲလောက်အကြာကြီးတော့ သူတို့မပိတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း လေယာဉ်နဲ့ဘဲ သွားလာနေတော့ အဲလောက်ကြာအောင် ပိတ်ထားလို့ မရလောက်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီအတောအတွင်း ပြန်ဖွင့်မယ်လို့ ထင်တယ်။ သူတို့လည်း ခရီးသွားရမယ်ဆိုရင် လေယာဉ်နဲ့ဘဲ သွားရမှာပေါ့ ကားနဲ့မှ သွားလို့မရတာ။ ဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် သူတို့ ပြန်ဖွင့်လာမယ်လို့ထင်တယ်။ မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦး “အခက်အခဲက အရမ်းများတယ်။ တကယ်လို့ ကိုယ်ပြန်ချင်တဲ့အချိန် အရေးပေါ် အခြေအနေတွေဆိုရင် ဖြစ်လာတဲ့အချိန်တွေကြလို့ရှိရင် ပြန်လို့မရတာပေါ့နော။ ကားလမ်းနဲ့ ပြန်ပြန်မယ်ဆိုရင်လည်း ကားလမ်းက သိတဲ့အတိုင်းဘဲ ရက်သတ္တပတ် ကြာတယ်။ ဒါကြောင့် အခုလောလောဆယ် သွားလာနေတာက လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့ဆိုရင် မြန်ရောမြန်တယ်၊ လုံလည်းလုံခြုံတယ်။ အခုလိုမျိုး ပိတ်လိုက်တယ်ဆိုရင်က ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းဒုက္ခရောက်တယ်။ မြစ်ကြီးနားကနေ ရန်ကုန် သွားချင်တဲ့သူတွေအတွက်လည်း သူတို့ အလုပ်ကိစ္စတွေလည်း ရှိတယ်လေနော။ အရမ်းနှောင့်နှေးတယ် အရာရာ ပြတ်တောက်သွားသလို ဖြစ်တော့ အဆင်မပြေဘူး။ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး “လေယာဉ်နဲ့ ခရီးသွားတာက ပိုက်ဆံသုံးနိုင်တဲ့ သူတွေဘဲဆိုတော့ ကျွန်တော်တို့ သာမန် လူလတ်တန်းစားတွေအတွက်တော့ လေဆိပ် ပိတ်တာဖြစ်ဖြစ် မပိတ်တာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ အများဆုံး သွားလာတာက တရုတ်ပြည်ဘက်က သွားလာတယ်။ မန္တလေးလမ်းဘက်က သွားလာတယ်။ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်လည်း အရမ်းကြီး မပြောင်းလဲဘူး။ လေဆိပ်ပိတ်သွားတဲ့အတွက်ကြောင့် သာမန်ပြည်သူလူထုအတွက်တော့ ထိခိုက်နစ်နာတာ သိပ်မရှိဘူး။ ဒါပေမယ့် ရန်ကုန် မန္တလေးဘက်ကို သွားလာချင်တဲ့သူတွေလည်း ရှိမှာဘဲ လေယာဉ်နဲ့ဘဲ အများဆုံး သွားကြတာဆိုတော့။ ထိခိုက် နစ်နာတာက ရာခိုင်နှုန်းအဲသလောက် မရှိဘူး။ ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ပါဘဲ။ ကုန်တွေက လေယာဉ်နဲ့လည်း အဓိက သယ်ယူတာမဟုတ်တော့“ ဝိုင်းမော်မြို့ခံလူငယ်တစ်ဦး “ကျနော့်အမြင့်ကတော့ ရှင်းပါတယ်။ စစ်တပ်က သူအသုံးလိုလို့ ဒါမှမဟုတ် KIA/PDF ကို ပြည်သူတွေအမြင်မှားအောင်လုပ်နေတာဖြစ်တယ်။ ပြောချင်တာက လက်နက်ကိုင်အချင်းချင်းတိုက်ချင်ရင် KIA/PDF ရှိတဲ့နေရာသွားတိုက်ကြပါ။ ဒါက အရပ်သားတွေအတွက် တကယ်လိုအပ်တဲ့လေကြောင်းလိုင်းပိတ်တာ လုံးဝမဖြစ်သင့်ဘူးလေ။ ပြီးတော့ လေယာဉ်ကလည်း ဒီတစ်စင်းပဲရှိတာလား တကယ်လုပ်ပေးချင်တဲ့ဆန္ဒမရှိလို့ပဲ စစ်တပ်ကမကောင်းကြံနေတာ အသိသာကြီးပါ။ ဒါကိုပြည်သူတွေအားလုံးလည်း သိပါတယ်” ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦး…
Read More » -
2 Marchသတင်း
ပိတ်မိနေတဲ့ကုန်ကားတွေဆီက ကုန်တစ်ဝက်ကို စစ်ကော်မရှင်ပြန်ဝယ်နေ
မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဝန်းကျင်လောက်ကနေ ပိတ်မိနေတဲ့ ကုန်ကားတွေဆီက ပါလာသမျှကုန်ပစ္စည်းရဲ့ တစ်ဝက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပေါက်ဈေးအတိုင်းပြန်ဝယ်သွားတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းပိုင်းက ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေကြသလို လမ်းပိုင်းကို လည်းနှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ဆို့ထားကြတာလို့…
Read More »









