မြစ်ဆုံ

  • Sep- 2024 -
    4 September
    သတင်း

    KIO ထိန်းချုပ်ထားတဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ ရွှေအလွန်အကျွံတူးဖော်လာ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်လိုက်တဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသမှာ လုပ်ငန်းရှင်အမြောက်အများဝင်လာပြီး ရွှေတူးဖော်မှုအလွန်အကျွံလုပ်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်သွားပြီးနောက် အင်ဂျန်းယန်ဒေသအလုံးစုံကို KIA ထိန်းချူပ်လိုက်တဲ့ ၉ လအတွင်း အင်ဂျန်ယန်မြို့တွင်းထိ ရွှေတူးတာတွေလုပ်နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။ “ရွှေတူးဖော်မှုပိုများလာတယ် အစက အင်ဂျန်းယန်တဝိုက် စစ်တပ်ရှိတဲ့ဘက်တွေမှာ အဲလိုရွှေတူးဖော်တာတွေ သိပ်မရှိဘူး။ဒါပေမဲ့ အခုတော့ အားလုံးမှာရွှေတူးဖော်လိုက်ပြီ။ စစ်ကောင်စီတွေ ထွက်သွားပြီးတဲ့နောက် ရွှေတူးဖော်တာတွေ အရမ်းများလာတယ်။ အစကတော့ မြို့နဲ့ရွာနဲ့ နီးတဲ့နေရာတွေမှာမတူးဘူးဟုတ်တယ်။ ဒါပေမဲ့ အခုတော့ ရွာတွေနဲ့နီးနီးကပ်ကပ် ရွှေတူးဖော်တာတွေ အလွန်အကျွံလုပ်နေတယ်။” လို့ အင်ဂျန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိ အင်ဂျန်းယန်ဒေသမှာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေထဲမှာ ဒေသခံတွေမဟုတ်ပဲ အပြင်ကနေဝင်လာတဲ့ လုပ်ငန်းရှင်တွေများတယ်လို့  ပြောပါတယ်။ ဒီနှစ်ဆန်းပိုင်းကစပြီး အင်ဂျန်းယန်မြို့နဲ့ ကျေးရွာတွေထဲထိ ရွှေတူးဖော်တာတွေ အလွန်အကျွံလုပ်လာတာတွေ့ရပြီး ဝင်လာတဲ့ စက်ယန္တရားအရေအတွက် အတိအကျတော့မသိရဘူးလို့ ဒေသခံတွေပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ KIA တပ်ဟာ ၁ ၊ တြိဂံနယ်မြေလို့ တင်စားခေါ်ဝေါ်တဲ့ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့နယ်က စစ်တပ်၊ ရဲ နှင့် အရပ်ဘက်အုပ်ချုပ်ရေး ဝန်ထမ်းအားလုံး စွန့်ခွာသွားကြတာဖြစ်ပါတယ်။ စစ်တပ်ထွက်သွားပြီးတဲ့နောက် အင်ဂျန်းယန်ဒေသအလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ထိန်းချူပ်လိုက်ပြီး အုပ်ချူပ်ရေးယန္တရားတွေ လည်ပတ်နေတာဖြစ်ပါတယ်။ လက်ရှိ ရွှေတူးဖော်နေတဲ့နေရာတွေဟာ အရင်စစ်တပ်နဲ့ ဌာနဆိုင်ရာရုံးတွေတည်ရှိတဲ့ နေရာတဝိုက်နဲ့ မြို့၊ ရွာနယ်နိမိတ်တွေထဲအထိ  KIO ရဲ့ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေဝင်လာပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံတူးနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “ဒေသခံတွေတချို့ကတော့ ဘာမှစိုးရိမ်မှုမရှိပဲ ကိုယ့်ခြံ၊မြေတွေကို ရောင်းလိုက်တာတွေလည်းရှိတယ်။ ဒါပေမဲ့ တချို့ကတော့ စိုးရိမ်ကြတာပေါ့ နောက်နောင်ဘယ်မှာမှ လုပ်ကိုင်စားသောက်လို့မရတော့ရင် ဘယ်လိုနေကြမလဲပေါ့။ ဒီလို အလွန်အကျွံရွှေတူးဖော်တာကြောင့် ဒီနှစ်က အဆိုးဆုံးရေကြီးရေလျှံတာလည်း ကြုံခဲ့ရပြီ။ ဖြစ်နိုင်ရင် KIO အစိုးရအနေနဲ့ သူတို့ချမှတ်ထားတဲ့စည်းမျဉ်းအတိုင်း ဒေသခံတွေသဘောမတူတဲ့နေရာတွေမှာ သယံဇာတတူးဖော်တာတွေမပြုလုပ်တာအကောင်းဆုံးပဲ။အခုက KIO ကစည်းမျဉ်းတော့ချထားတာတွေရှိပေမဲ့ သူတို့ကိုယ်တိုင်လိုက်နာတာမျိုးမရှိဘူး။” ဟု အင်ဂျန်းယန်ဒေသခံကပြောပါတယ်။ အင်ဂျန်းယန်ဒေသက ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲကြောင့် မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ လက်ရှိချိန်ထိ စစ်ရှောင်စခန်းတွေမှာရှိနေပါတယ်။   အင်ဂျန်းယန်ဒေသမှာ စစ်ကောင်စီတွေမရှိတော့ပေမယ့် ဒေသခံပြည်သူတွေဟာ နှစ်ကာလကြာ စွန့်ပစ်ချန်လပ်ခဲ့ရတဲ့ ကျေးရွာနေအိမ်တွေကို ပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးတာကြောင့် လက်ရှိချိန် အားလုံးနေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ ရံဖန်ရံခါ တောင်ယာ၊အခင်းသွားကြည့်ဖို့ အသွားအပြန်လုပ်နေသူတော့ ရှိတယ်လို့ သိရပါတယ်။ ကချင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားတွေအပါအဝင် ရွှေတူးဖော်တာတွေကို မြစ်ဆုံအထက်အောက် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊မလိခမြစ်ရိုးတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ တူးနေတာ၊ ရေငုတ်ကျင်းတူးတာ၊ ကုန်းပေါ်မှာတူးတာ၊ မြစ်ကမ်းနံဘေး အဆက်မပြတ်တူးဖော်မှု ပိုပြီးဆိုးရွားလာနေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြပေမယ့် စစ်တပ်နဲ့လက်နက်ကိုင်အပေါင်းအပါ၊ ခရိုနီတွေဟာ ရွှေတူးဖော်မှုကို ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တူးဖော်နေကြတာဖြစ်ပါတယ်။ အဲဒီထဲမှာ အဆိုးရွားဆုံးကတော့ KIO ထိန်းချူပ်ထားတဲ့ မြစ်ဆုံအထက်ဧရာ၀တီဖြစ်ကြောင်းတစ်လျှောက်နဲ့  မေခမြစ်ဝှမ်းတစ်လျှောက်အပါအဝင် လက်ရှိ တြိဂံနယ်မြေ အင်ဂျန်းယန်ဒေသတွေမှာ ရွှေအလွန်အကျွံတူးဖော်တာတွေ၊ သစ်ထုတ်လုပ်တာတွေ ဆိုးဆိုးရွားရွားလုပ်နေတာဖြစ်ပါတယ်။ အင်ဂျန်းယန်မြို့မှာ တိုက်ပွဲမဖြစ်ခင် ၂၀၁၈ ရှေ့ကာလတုန်းက အိမ်ခြေ ၁၀၀ ကျော်ရှိခဲ့ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • May- 2024 -
    20 May
    သတင်း

    မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်

    မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံအထက် တယန်ဇွပ်တစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIO ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တချို့ မရပ်မနားသစ်ထုတ်လုပ်နေပြီး ကားလမ်းပိတ်ထားပေမယ့် သစ်ကားကြီးတွေက ညတိုင်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တန်ဖရဲရွာကနေကျော်တက်သွားပြီး အခုတော့ ဟိုး..အထက်ဘက် ဆက်ထုတ်နေတယ်။ ဆွမ်ပရာဘွမ်လမ်းဘက် ထုတ်နေတယ်။ မရပ်မနား ဆက်တိုက်ပါပဲ။ ညပဲဖြတ်တယ်။ အဲဒီသစ်ကားကြီးတွေက အရှိန်နဲ့ အရမ်းမြန်မောင်းတယ်လေ။ သူတို့သစ်ကားဖြတ်ပြီဆို လူကိုလည်း တိုက်ပစ်လိုက်တယ်၊ ကျွဲ၊နွားတွေကိုလည်း တိုက်ပစ်လိုက်တယ်။ တစ်ညတည်းမှာ နွား ၂ ကောင်ကို ကားနဲ့တိုက်သွားတာရှိတယ်။ သူတို့ အဲလိုကားနဲ့တိုက်တာကြောင့် ရွာက နွားတွေတောင် တော်တော်သေတယ်။ ညပဲသွားတယ်။ နေ့ဆို လုံး၀ မတွေ့ဘူး။ ည ၁၀ နာရီဆိုတာနဲ့သွားပြီ။ တစ်ညမှာ ကားအစီး ၂၀ ကျော်လောက်ဖြတ်တယ်”လို့ တယန်ဇွပ်ဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိတ်ထားတာ ၂ လကျော်ကြာလာပြီဖြစ်ပြီး တခြားခရီးသွားကားနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာခွင့်မရပေမဲ့လည်း သစ်ကားကြီးတွေတော့ မှောင်ခိုပုံစံနဲ့ ညအချိန်မှာသာ သယ်ထုတ်နေပြီး သစ်ကားတိုက်မှုကြောင့် ကျွဲ၊ နွားသေဆုံးတဲ့အပြင် လူထိခိုက်တာတွေပါ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။  လက်ရှိ သစ်ထုတ်လုပ်မှုလုပ်ငန်းကို စစ်ကောင်စီကတော့ လမ်းကြောင်းသွားလာခွင့်ပြုထားပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ကတော့ အခွန်နဲ့လုပ်ကိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ မြစ်ဆုံဒေသမှာ လုပ်ငန်းရှင် ခရိုနီတချို့ အရင်ကတည်းက ကျွန်းသစ်နဲ့ တခြားသစ်မာတွေကို  ဆက်တိုက်ထုတ်ယူခဲ့ပြီး လက်ရှိမှာတော့ မြစ်ဆုံဒေသ၊ ဖုန်အင်၊ အင်ဆော့–စတဲ့ကျေးရွာတစ်လျှောက် သစ်ပင်ကြီးတွေကုန်သလောက်ဖြစ်သွားပြီလို့ သိရပါတယ်။  ဒါကြောင့် မြစ်ဆုံအထက်ဘက် ဆွမ်ပရာဘွမ်လမ်း တယန်ဇွပ်ဘက်မှာ ဆက်လက်ထုတ်ယူနေပြီး လမ်းပိတ်ထားတဲ့ပြီးခဲ့တဲ့ ၂ လတာအတွင်း ပိုမိုဆိုးရွားစွာ အလွန်အကျွံ သစ်ထုတ်ယူနေကာ တစ်ညမှာ သစ်ကားကြီးအစီး ၂၀ ကျော် ပုံမှန်ဖြတ်နေတယ်လို့ ဆိုပါတယ်။  “အရင်ကလည်း သစ်ထုတ်တာတော့ အရမ်းထုတ်တယ်။ နေ့ ၊ ညမပြတ် သစ်ကားတွေဖြတ်တယ်။ ဒါပေမဲ့ အခုတော့ အခြားကားတွေ၊ ခရီးသည်၊ ကုန်ကားတွေတော့ မဖြတ်ခိုင်းပြီး သူတို့ သစ်ကားကြီးတွေပဲ ညတိုင်းဖြတ်တာ။ နေခင်းဆို အို..တောချောင်တွေထဲ တန်းစီပုန်းထားပြီး ညရောက်ပြီဆိုတာနဲ့ ဆင်းလာပြီ။ တန်းစီဖြတ်လာပြီ”လို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူပေးမယ့်သူမရှိတာကြောင့် ဒေသခံတွေကတော့ ဒီလုပ်ရပ်တွေကို အလိုမရှိပေမဲ့ အရေးယူပေးဖို့အတွက် ဘယ်အဖွဲ့ကိုတောင်းဆိုရမှန်းမသိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။  Kachin Environmental Group(KEG)အဖွဲ့က စာရင်းပြုစုထားချက်အရ ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း သူဌေးတစ်ယောက်တည်းမှာတင် သစ်တန် ၁,၀၀၀ ခန့် ထုတ်ယူထားတယ်လို့ သိရတယ်လို့ ပြောပါတယ်။  အခုလိုသစ်ထုတ်လုပ်ဖို့ အလွန်အကျွံလုပ်ဆောင်နေတာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ အဲဒီဒေသမှာ အုပ်ချုပ်နေသူတွေမှာ တာဝန်ရှိတယ်လို့ KEG က ထောက်ပြပြောဆိုပါတယ်။ “ဒီသစ်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အဲဒီဒေသမှာ ထိန်းချုပ်၊ အုပ်ချုပ်နေတဲ့သူတွေပေါ်မှာ တာဝန်ရှိတယ်။ ဒါပေမဲ့ အခုချိန်က နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်စားနေကြတာဆိုတော့ အရမ်းကြီး တကယ်တာဝန်ယူဖြေရှင်းပေးဖို့ ခေါင်းဆောင်တွေ ဘယ်သူမှ မရှိဘူး။ ဒါကြောင့် သူတို့က ပိုပြီးလုပ်စား ပျော်နေကြတာဖြစ်တယ်”လို့ပြောပါတယ်။ မြစ်ဆုံဒေသကို စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင် ဦးယွပ်ဇေခေါင် က နယ်မြေပိုမိုကျယ်ပြန့်စွာ သိမ်းယူလိုက်ပြီး ရွှေတူးဖော်တဲ့အပြင် သစ်ထုတ်လုပ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။  လက်ရှိမှာတော့ မြစ်ဆုံတစ်လျှောက် တန်ဖရဲ၊တန်ယန်ဇွပ် ဒေသမှာသစ်ထုတ်လှုပ်မှုတွေဟာ သိသိသာသာ ထုတ်ယူလာကြတာဖြစ်ပြီး အရင်နှစ်တွေထက် ၂ ဆနှုန်းနဲ့ ထုတ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။မြစ်ဆုံအထက် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းတစ်ကြော ကျွန်းသစ်နဲ့ တခြားသစ်မာကြီးတွေထုတ်လုပ်နေသူတွေဟာ ဘယ်လုပ်ငန်းရှင်တွေဆိုတာကိုတော့ အတိအကျ သိရဖို့ KNG ကလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Feb- 2024 -
    1 February
    သတင်း

    မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

    “တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး…

    Read More »
  • Jan- 2024 -
    23 January
    သတင်း

    မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်

    မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • May- 2022 -
    8 May
    သတင်း

    သယံဇာတ တူးဖော်မှုဟာ အနာဂတ် လူသားတွေရှင်သန်ဖို့ ခက်ခဲလာနိုင်ပြီး ကချင်ဒဏ္ဍာရီပုံပြင်တွေလည်း ပျောက်ကွယ် သွား​စေနိုင်

    စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်စီးပွားရေးမှာဂေဟစနစ် နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ မြစ်များကို ပျက်စီးစေတဲ့ ရာသီဥတုဆိုင်ရာကို ခြိမ်းခြောက်မဲ့ ရွှေတူးဖော်တဲ့ အကြီးစားလုပ်ငန်းကြီးတွေကို ပူတာအိုခရိုင် မချမ်းဘော်မြို့နယ် နမ်းထီးချောင်းနှင့် မေခမြစ်နဲ့ မလိခမြစ်အထက်ပိုင်း  မြစ်ဆုံ နှင့်ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတွေမှာ…

    Read More »
  • Jan- 2022 -
    7 January
    သတင်း

    မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြား စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှု မိုများပြားလာ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နှင့် ချီဖွေမြို့ မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နှင့်ဆက်နွယ်သူများက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံများပြောသည်။ မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံများကန့်ကွက်နေသည့်ကြား စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူသည့် လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း…

    Read More »
Back to top button