မြေစာပုံ

  • Apr- 2024 -
    8 April
    သတင်း

    ဖားကန့်မှာ ရေတွင်းတူးရင်းမြေစာပြိုလို့ အမျိုးသားတစ်ယောက်သေဆုံး

    ဖားကန့်မြို့နယ် မှော်စီဇာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေး ရေတွင်းတူးရင်းမြေစာပြိုကျလို့ အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Myanmar Rescue Organization-Hpakant ဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်ဝန်းကျင် လုံးခင်းကိုသွားတဲ့အဓိကလမ်းမကြီးပေါ်မှာရှိတဲ့ မှော်စီစာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေးမှာ မော်စီဇာကျေးရွာအတွက်ရေဘုံဘိုင်တွင်းတူးရာကနေသေဆုံးခဲ့ရတာလို့ သွားရောက်ကူညီခဲ့တဲ့ MRO-Hpakant အဖွဲ့မှတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “မနေ့ကဖြစ်စဥ်မှာ ကျနော်တို့သိသိချင်းသွားတယ် အဲ့မှာ တစ်ယောက်ကတော့ပေါင်လောက်ထိမြေစာပိ တာ အပေါ်ပိုင်းကလွတ်သွားတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာ တစ်ယောက်ကတော့ ၈ပေနဲ့၁၀ပေကြား မှာ ပိသွားတာမလို့ သူကတော့အသက်ဆုံးသွားတယ်” လို့ပြောပါတယ်။ သေဆုံးသူဟာ အသက် ၂၉နှစ်အရွယ် ကိုရှိုင်းထက်နှိုင်ဆိုသူဖြစ်ပြီး ရေတွင်းတူးတဲ့အလုပ်သမားတွေဖြစ်ပြီး ခက်ခက်ခဲခဲကူညီဆောင်ရွက်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုရေတွင်းတူးရင်းမြေစာပြိုကျပြီးသေဆုံးတာဟာ ဖားကန့်မှာပထမဆုံးအကြိမ်ဖြစ်ပြီး ကျောက်စိမ်းလုပ်ကွက်ဟောင်းအနီးမှာ ရေတွင်းတူးတာဖြစ်တဲ့အတွက် ပိုပြီးသတိထားလုပ်ဆောင်သင့်တယ်လို့ MRO-Hpakant အဖွဲ့မှတာဝန်ရှိသူတစ်ယောက်က အကြံပြုပါတယ်။ “ ဒီလိုမျိုးမြေစာပုံနဲ့နီးတဲ့ရွာတွေမှာ နွံကန်တွေနားမှာရေတွင်းတူးတာ၊ ရေကန်တူးတာတွေကမလုပ် သင့်ဘူး လို့ တော့မှတ်ချက်ပေးချင်တယ် ဒီကိစ္စတွေကအန္တာရယ်များတယ် သာမန်မြေနေရာမှတူးတာမဟုတ်ဘူးလေ စိတ်မချရဘူးလေ”လို့ပြောပါတယ်။ ဖားကန့်ဒေသဟာ ကျောက်စိမ်းလုပ်ကွက်ဟောင်း၊လုပ်ကွက်သစ် စသဖြင့်များစွာရှိတဲ့ဒေသဖြစ်သလိုစည်းမဲ့ကမ်းမဲ့ကျောက်စိမ်းတူးဖော်တာတွေကြောင့် မြေစာပြိုကျတာ၊ နွံကန်ပေါက်တာတွေ မကြာခဏဖြစ်လေ့ရှိပြီး ထိခိုက်သေဆုံးမှုတွေဟာ နှစ်တိုင်းကြုံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ပထမအပတ်ကလည်း လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာအပိုင် သာယာကုန်းကျောက်ကမ်းပါးမြေစာပြိုကျလို့ပိမိရာကနေ ရေမဆေးကျောက်ရှာဖွေသတစ်ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ By – အမိုး

    Read More »
  • Aug- 2023 -
    16 August
    သတင်း

    မနမှော်မြေပြိုကျမှုမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူရုပ်အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ

    ဖားကန့်ကျောက်စိမ်းမှော်ဒေသ မနမှော်မြေပြိုကျမှုတွင် ရေထဲမျောပါပျောက်ဆုံးနေသူများထဲမှ ရုပ်အလောင်း ရှစ်လောင်းထပ်မံရှာဖွေရရှိတယ်လို့ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံမှ သိရပါတယ်။ မြေပြိုကျပြီး ပျောက်ဆုံးနေသူ ၄၂ ဦးစာရင်းအနက် သြဂုတ်လ ၁၅ ရက်နေ့တွင် ၂၅ ဦး၊ဒီနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် ၈ဦး၊စုစုပေါင်း ၃၃ ဦး၏ ရုပ်အလောင်းအား…

    Read More »
  • 15 August
    သတင်း

    မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ ရေမဆေးသမားများအနက် အလောင်း ၁၀ လောင်းရှာတွေ့

    ဖားကန့် မနမှော်မှာရှိတဲ့ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေစာပုံဟောင်းပြိုကျမှုမှာ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံး နေရာကနေ ဒီမနက်မှာတော့ အလောင်း ၁၀ လောင်းရှာတွေ့ခဲ့တယ်လို့ မနမှော်ဒေသခံတွေကပြောပါတယ်။ “မြေပြိုတဲ့နေ့ကတည်းက ရှာဖွေရေးတောက်လျှောက်လုပ်နေကြတာပေါ့နော် ဒီမနက်ပိုင်း အလောင်း ၁၀ လောင်းက ပေါ်လာတယ် ခုထိလည်း…

    Read More »
  • Dec- 2022 -
    23 December
    စစ်ပြေးဒုက္ခသည်များဖားကန့်

    ဖားကန့်စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အဆင်မပြေမှုကြောင့် စွန့်ပစ်မြေစာပုံများတွင် နေရာချပေးရန် လိုလား

    နေရာထိုင်ခင်း အခက်အခဲကြောင့် ဖားကန့်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများပေါ်တွင် နေရာချပေး စေလိုကြောင်း စစ်ရှောင်ပြည်သူများပြောသည်။ ယခုနှစ် သြဂုတ်လကတည်းက ဖားကန့်မြို့နယ် မှော်ဘုံ(မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စသည့်ကျေးရွာများတွင် စစ်ဘေးရှောင်လာကြသည့် ဆယ်ဇင်းပြည်သူများသည် စစ်ရှောင်ကာလ ၅လနီးပါး ကြာမြင့်လာပြီးနောက်…

    Read More »
Back to top button