သတင်း

ဖားကန့်မှာ ရေတွင်းတူးရင်းမြေစာပြိုလို့ အမျိုးသားတစ်ယောက်သေဆုံး

ဖားကန့်မြို့နယ် မှော်စီဇာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေး ရေတွင်းတူးရင်းမြေစာပြိုကျလို့ အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Myanmar Rescue Organization-Hpakant ဆီကသိရပါတယ်။

ဖြစ်စဥ်မှာ ဧပြီလ  ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်ဝန်းကျင် လုံးခင်းကိုသွားတဲ့အဓိကလမ်းမကြီးပေါ်မှာရှိတဲ့ မှော်စီစာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေးမှာ မော်စီဇာကျေးရွာအတွက်ရေဘုံဘိုင်တွင်းတူးရာကနေသေဆုံးခဲ့ရတာလို့ သွားရောက်ကူညီခဲ့တဲ့ MRO-Hpakant အဖွဲ့မှတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

မနေ့ကဖြစ်စဥ်မှာ ကျနော်တို့သိသိချင်းသွားတယ် အဲ့မှာ တစ်ယောက်ကတော့ပေါင်လောက်ထိမြေစာပိ တာ အပေါ်ပိုင်းကလွတ်သွားတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာ တစ်ယောက်ကတော့ ၈ပေနဲ့၁၀ပေကြား မှာ ပိသွားတာမလို့ သူကတော့အသက်ဆုံးသွားတယ် လို့ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၉နှစ်အရွယ် ကိုရှိုင်းထက်နှိုင်ဆိုသူဖြစ်ပြီး ရေတွင်းတူးတဲ့အလုပ်သမားတွေဖြစ်ပြီး ခက်ခက်ခဲခဲကူညီဆောင်ရွက်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ဒီလိုရေတွင်းတူးရင်းမြေစာပြိုကျပြီးသေဆုံးတာဟာ ဖားကန့်မှာပထမဆုံးအကြိမ်ဖြစ်ပြီး ကျောက်စိမ်းလုပ်ကွက်ဟောင်းအနီးမှာ ရေတွင်းတူးတာဖြစ်တဲ့အတွက် ပိုပြီးသတိထားလုပ်ဆောင်သင့်တယ်လို့ MRO-Hpakant အဖွဲ့မှတာဝန်ရှိသူတစ်ယောက်က အကြံပြုပါတယ်။

“ ဒီလိုမျိုးမြေစာပုံနဲ့နီးတဲ့ရွာတွေမှာ နွံကန်တွေနားမှာရေတွင်းတူးတာ၊ ရေကန်တူးတာတွေကမလုပ် သင့်ဘူး လို့ တော့မှတ်ချက်ပေးချင်တယ် ဒီကိစ္စတွေကအန္တာရယ်များတယ် သာမန်မြေနေရာမှတူးတာမဟုတ်ဘူးလေ စိတ်မချရဘူးလေလို့ပြောပါတယ်။

ဖားကန့်ဒေသဟာ ကျောက်စိမ်းလုပ်ကွက်ဟောင်း၊လုပ်ကွက်သစ် စသဖြင့်များစွာရှိတဲ့ဒေသဖြစ်သလိုစည်းမဲ့ကမ်းမဲ့ကျောက်စိမ်းတူးဖော်တာတွေကြောင့် မြေစာပြိုကျတာ၊ နွံကန်ပေါက်တာတွေ မကြာခဏဖြစ်လေ့ရှိပြီး ထိခိုက်သေဆုံးမှုတွေဟာ နှစ်တိုင်းကြုံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ပထမအပတ်ကလည်း လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာအပိုင် သာယာကုန်းကျောက်ကမ်းပါးမြေစာပြိုကျလို့ပိမိရာကနေ ရေမဆေးကျောက်ရှာဖွေသတစ်ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button