သတင်း

မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ ရေမဆေးသမားများအနက် အလောင်း ၁၀ လောင်းရှာတွေ့

ဖားကန့် မနမှော်မှာရှိတဲ့ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေစာပုံဟောင်းပြိုကျမှုမှာ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံး နေရာကနေ ဒီမနက်မှာတော့ အလောင်း ၁၀ လောင်းရှာတွေ့ခဲ့တယ်လို့ မနမှော်ဒေသခံတွေကပြောပါတယ်။

မြေပြိုတဲ့နေ့ကတည်းက ရှာဖွေရေးတောက်လျှောက်လုပ်နေကြတာပေါ့နော် ဒီမနက်ပိုင်း အလောင်း ၁၀ လောင်းက ပေါ်လာတယ် ခုထိလည်း ရှာဖွေရေးကလည်း ဆက်ပြီးလုပ်နေတုန်း ခုနကတော့ မိုးရွာလို့ခနနားထားကြတယ်” လို့ပြောပါတယ်။

ပြိုကျသွားတဲ့ မှော်စာပုံဟာ အမြင့်ပေ ၅၀၀ လောက်ရှိပြီးတော့ ဩဂုတ်လ ၁၃ ရက်နေ့ ညနေ  ၃ နာရီလောက်မှာပြိုကျခဲ့တာဖြစ်ပါတယ်။

မြေစာပုံပြိုချချိန် အောက်ခြေမှာ ကျောက်တူးနေတဲ့သူတွေနဲ့ အနီးပတ်ဝန်းကျင်မှာ ရေမဆေးရှာနေတဲ့ စုစုပေါင်း ပြည်သူ ၅၀ လောက်ဟာ မြေစာပုံပြိုကျလာချိန် မြေသားရိုက်ချသွားတာရှိသလို အောက်‌ခြေမှာရှိတဲ့ ရေကန်အတွင်း ကျရောက်ရာကနေ ရေလှိုင်းများဖြစ်ပေါ်ခဲ့ပြီး ရေလှိုင်းထဲပါသွားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေကဆိုပါတယ်။

မနမှော်မြေစာပုံပြိုကျမှုကြောင့်ထွက်ပြေးလွတ်မြောက်လာသူ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို စာရင်းအရပျောက်ဆုံးနေတဲ့ ၃၇ ဦးထဲက အလောင်း ၂လောင်းသာ ရှာဖွေတွေ့ရှိသေးတဲ့အတွက် ၃၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လက်ရှိ မနမှော်မြေပြိုကျမှုမှာ ရှာဖွေကယ်ဆယ်ရေးကို ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ လူမှုကူညီရေး အသင်းအဖွဲ့ ၁၂ ဖွဲ့မှ အဖွဲ့ဝင် ၁၂၀ ဦးခန့်ဖြင့် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ မနမှော်မှာနေထိုင်သူတွေကပြောပါတယ်။

ကယ်ဆယ်ရေးတွေက ဆက်တိုက်လုပ်နေတုန်း ဒါပေမယ့် မြေစာပုံအောက်မှာ ရေစိမ့်ထွက်နေတော့ သတိထားပြီးလုပ်နေကြရတယ်

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ဆောင်သူတွေဟာ အားသွန်ခွန်စိုက်လုပ်ဆောင်နေပေမယ့် မြေပြိုကျမှုဖြစ်ခဲ့တဲ့ ကျောက်စိမ်းတောင်မှာကမ်းပါးရဲ့အောက်ခြေမှာ ရေစိမ့်ထွက်နေတဲ့အပြင် မြေစာနည်းနည်းစီပြိုကျနေတာ ကြောင့်လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေခက်ခဲကြုံနေရတယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကပြောပါတယ်။

မနမှော်မှာ ပွင့်လင်းရာသီကျောက်စိမ်း‌တူးဖော်တဲ့ကုမ္မဏီတွေဟာ နေမင်းကမ္ဘာ၊အောင်ဟိန်းမင်း၊‌ ကျောက်စိမ်းသစ်ရွက် အစရှိတဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်နယ်မြေမှာ နှစ်တိုင်းဆိုသလို မိုးရာသီချိန်မှာ မြေစာပုံဟောင်းပြိုကျမှုကြောင့် လူရာချီသေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့သလို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ ဂွေခါကျောက်စိမ်းမှော်မှာ အကြီးမားဆုံးမြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ ဝန်းကျင် သေဆုံးခဲ့တဲ့ဖြစ်စဥတွေရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီလ လဆန်းပိုင်းမှာလည်း ဖားကန့်မြို့မှော်စီစာကျေးရွာ အပိုင်အတွင်းရှိ အောင်သာယာ မှော်ကွက်ရပ်မှာ မြေပြိုကျရာမှ အမျိုးသမီးတစ်ဦး ရေနစ်မြုပ်သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

Show More

Related Articles

Back to top button