ရေနစ်သေဆုံး

  • Apr- 2025 -
    17 April
    သတင်း

    မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့

    ကချင်ပြည်နယ် မချမ်းဘော့မြို့ မလိခချောင်းထဲမှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးပြီး ရုပ်အလောင်းကို ဒီနေ့ထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက် မွန်းလွဲ ၁နာရီဝန်းကျင် မချမ်းဘော့မြို့အနီး မလိခချောင်းဘေးတစ်နေရာမှာ လူတစ်စုပျော်ပွဲ စားထွက်ရာကနေ အမျိုးသမီးသုံးဦး…

    Read More »
  • Dec- 2024 -
    16 December
    သတင်း

    ဖားကန့်မှာ ရေကူးသင်ပေးရင်း လူ နှစ်ဦး အသက်သေဆုံးမှုဖြစ်

    ဖားကန့်မြို့ ဥရုချောင်းမှာ ရေကူးသင်ရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် ဖားကန့်ဆေးရုံကြီးနောက်ကျော ဥရုချောင်းမှာ တူနဲ့ တူမကို ရေကူးသင်နေရင်း တူမဖြစ်သူရေနစ်သွားတာကြောင့် လိုက်လံဆယ်ယူခဲ့ရာ တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးတာလို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “သူတို့က ဥရုချောင်းဘေးမှနေကြသူတွေပေါ့ အဲဥရုချောင်းထဲ တူနဲ့ တူမဖြစ်သူကို ရေကူးသင်နေရင်း တူမက ရေနစ်သွားလို့ ဦးလေးဖြစ်သူလိုက်ရှာရင်း ဦးလေးကော၊တူမကော ရေနစ်သေဆုံးတာဟုတ်တယ်”လို့ ပြောပါတယ်။ ရေနစ်သေဆုံးတဲ့ တူဝရီးနှစ်ဦးဟာ အသက် ၃၈ နှစ်အရွယ် ကိုအားကျူနဲ့ အသက် ၁၁ နှစ်အရွယ် မစုရတီဖြိုးတို့ဖြစ်ပြီး ဦးလေးဖြစ်သူကို မနေ့ညနေ ၄ နာရီ ၃၈ မိနစ်မှာ ရုပ်အလောင်းပြန်ရှာတွေ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် တူမဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးတာကြောင့် ဒီနေ့ထပ်မံရှာကြမှာဖြစ်တယ်လို့ ဖားကန့်မြို့ခံတွေ ဆိုပါတယ်။ ဖားကန့်မြို့ ဥချောင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် အသက် ၂၀ နှစ်အောက် ယောကျာ်လေးနှစ်ဦး ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးမှုဖြစ်စဉ်ရှိခဲ့သလို ဇွန်လ ၂၈ ရက်နေ့မှာလည်း အသက် ၃၁ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ချောင်းထဲမျောပါသေဆုံးခဲ့ပါတယ်။ By – Zami

    Read More »
  • Apr- 2024 -
    15 April
    သတင်း

    စစ်ဘေးရှောင်က‌လေး ၅ ဦးရေနစ်သေဆုံး

    ကချင်နယ် တနိုင်းမြို့နယ် နမ့်ဗျူချောင်းမှာ ရေချိုးရင်း စစ်ဘေးရှောင် မိန်းကလေးငယ် ၅ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ အသက် ၁၃ နှစ်အောက် မိန်ကလေးငယ် ၅ ဦး ဧပြီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက…

    Read More »
  • Feb- 2024 -
    12 February
    သတင်း

    ချစ်သူနဲ့ အဆင်မပြေရာကနေ ရေနစ်သေဆုံးမှုဖြစ်ပွား

    မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဧရာဝတီမြစ်မှာ အမျိုးသားတစ်ဦး မိမိကိုယ်ကို ရေနစ်ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့  ညနေ ၆ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားသူက သူငယ်ချင်းတွေနဲ့အတူ မန်ခိန်ရပ်ကွက် အရိန်နာဘားဆိုင်မှာ…

    Read More »
  • Oct- 2023 -
    10 October
    သတင်း

    ဖားကန့်မှာ ၇ နှစ်အရွယ်ကလေးငယ် တစ်ဦးရေနစ်သေဆုံး

    ဖားကန်မြို့ လုံးခင်းရပ်ကွက်မှာရှိတဲ့ မြစိမ်းမြေဂေါက်ကလပ်ကွင်း ကျင်းနံပါတ် ၃ ရေကန်မှာ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦး ရေနစ်သေဆုံးတယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ရေနစ်သေဆုံးတဲ့ ကလေးငယ်တစ်ဦးအပါအဝင်…

    Read More »
Back to top button