သတင်း

ချစ်သူနဲ့ အဆင်မပြေရာကနေ ရေနစ်သေဆုံးမှုဖြစ်ပွား

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဧရာဝတီမြစ်မှာ အမျိုးသားတစ်ဦး မိမိကိုယ်ကို ရေနစ်ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့  ညနေ ၆ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားသူက သူငယ်ချင်းတွေနဲ့အတူ မန်ခိန်ရပ်ကွက် အရိန်နာဘားဆိုင်မှာ ဘီယာသောက်နေရင်း ဘားဆိုင်လမ်းကြား၊ မြစ်ဆိပ်ဘက်ကိုဆင်းသွားကာ ကိုယ့်ကိုယ်ကိုရေနစ်သေဆုံးပြီး အဆုံးစီရင်သွားတာဖြစ်တယ်လို့ အမည်မဖော်လိုသူတစ်ယောက်က KNG ကိုပြောပါတယ်။

သူကသူ့ငယ်ချင်းတွေနဲ့အတူဘားမှာ အရက်သောက်နေတာ၊ သောက်နေရင်းနဲ့ သူက ဘားဆိုင်လမ်းကြားထဲက မြစ်ဆိပ်ဘက်ကိုသွားပြီး ရေထဲဆင်းသွားတာတဲ့၊ သူ့သူငယ်ချင်းတစ်ယောက်က တွေ့လို့လိုက်ပေမယ့် သူက ရေလယ်လောက်ထိရောက်နေတော့ ဟိုကလည်း ဆက်မလိုက်ရဲတော့၊ ပြန်ခေါက်သွားတယ်လို့ပြောပါတယ်။

သေဆုံးသွားတဲ့သူဟာ ထူးမြတ်အဆောင်က ဆရာလီဂျီးဘိုဆိုသူဖြစ်ပြီး ချစ်သူနဲ့အဆင်မပြေဖြစ်ရာကနေ သူငယ်ချင်းတွေနဲ့ တစ်နေကုန် အရက်သောက်ပြီး ခုလို အဆုံးစီရင်သတ်သေသွားဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေဘက်ကလည်း အဲဒီနေ့သွားရောက်ခဲ့ပေမဲ့ ညမှောင်နေပြီးဖြစ်တာကြောင့် နောက်နေ့မနက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ပြန်ရှာခဲ့ပြီး ညနေ ၂ နာရီလောက်မှာ အလောင်းကိုရှာတွေ့ခဲ့ကြတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေး အသင်းက ဆိုပါတယ်။

ကျွန်တော်တို့ကို ည၈ နာရီလောက်မှာခေါ်တယ် ကျွန်တော်တို့လည်း သွားကြည့်ပြီး ညဆိုရင်က မဖြစ်ဘူးဆိုပြီး နောက်တစ်နေ့ ၇ နာရီခွဲလောက်မှာ သွားပြီးပြန်ရှာခဲ့တယ်၊ ကျွန်တော်တို့လည်း လမ်းကြောင်းတွေအရမ်းများသွားတော့ သူတို့ကိုလည်း အချိန်အရမ်းမပေးနိုင်ခဲ့တော့ ညနေ ၂ နာရီလောက်မှ ပြန်တွေ့ခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကလည်း မြစ်ကြီးနားမြို့၊ ဇီးကျွန်း၊ ခပ်ချိုဆိပ်မှာ ဇီးလွန် စစ်ရှောင်က ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးနှစ်ယောက်လည်း ထင်းလိုက်ဆယ်ရင်း ရေနစ်သေးဆုံးခဲ့တဲ့အဖြစ်အပျက်လည်း ရှိခဲ့ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button