တိုက်ပွဲသတင်း

KIA တပ်ရင်း ၁၂ ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တစ်ရက်ထဲ ၂ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်း တစ်ရက်အတွင်း   ကြိမ်တိုက်ခိုက်ခံရတာကြောင့် အထိနာပြီးတပ်ပြန်ဆုတ်သွားတယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ် LPDF အဖွဲ့ကနေ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ်လ  ရက် မနေ့က နေ့မနက်ပိုင်းမှာ ရွှေကူမြို့ဘက်ကနေ မြို့အထက် နန့်ဖာဘက်ကို အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာချိန် လမ်းကူးကျေးရွာနဲ့ မီတာ ၂၀၀ ကျော်အကွာ (ဒေသအခေါ် )ကျောက်ကွင်းစခန်းအနီးမှာ  KIAနဲ့ KPDF LPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့က KIAရင်း ၁၂ ရှိတဲ့ဒီနန့်ဖာဘက်ကိုလာတာ ခြေလျှင်တက်လာတာ အဲ့တာကို ဒီဘက္က ပူပေါင်းအဖွဲ့တွေက လမ်းကူမရောက်ခင် တောစပ်မှာ ကြားဖြတ်တိုက်ခိုက်လိုက်တော့ အဲ့မှာအထိနာပြီးပြန်ဆုတ်သွားတာ ပြန်ဆုတ်တဲ့အချိန်လည်းတစ်ခေါက် ပြန်တိုက်ခိုက် ခံရတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

မတ်လ  ရက်နေ့ မနက်ပိုင်းတိုက်ခိုက်ခံရတဲ့ အဲဒီစစ်ကြောင်းဟာ ဒဏ်ရာရတဲ့စစ်သားတွေကို ထမ်းသယ်ပြီးတပ်ပြန်ဆုတ်သွားချိန် ပထမအကြိမ်တိုက်ခိုက်ခံရတဲ့ နေရာနဲ့  ဖာလုံလောက်အကွာအဝေးအရောက် ညနေ  နာရီဝန်းကျင်မှာ နောက်ထပ်တစ်ကြိမ် KIA,PDF တပ်တွေက ပြန်ပြီးတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ရွှေကူနယ် LPDF ကနေသိရပါတယ်။

ပထမအကြိမ်ဖြစ်ပြီးတော့မှနောက် ဒုတိယအကြိမ်ထပ်ဖြစ် အဲ့ဒီပထမနေရာနဲ့မနီးမဝေးမှာပဲဖြစ်တာပါ့ ကျွန်တော်တို့က ဆုတ်သွားပြီထင်ပြီး ပြန်ခေါက်သွားလိုက်တာ ဘယ်ဟုတ်မလဲသူတို့ကအဲ့နားကတောမှာခိုနေတာအဲ့ကို သိမ်းငှက်(KPDF) အဖွဲ့ကတစ်ခါပြန်တိုက်တာ အတော်အထိနာသွားတယ်  ၉နာရီခွဲလောက်မှမြို့ထဲကိုပြန်ဆုတ်သွားတယ်လို့ KPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဒုတိယအကြိမ်ဟာ  ၆နာရီခွဲအချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး တစ်ရက်အတွင်း ၂ကြိမ်တိတိတိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်ထိခိုက်သေဆုံးသူတွေများတာကြောင့် လူနာတွေကို ကား  စီးနဲ့တင်ပြီး ရွှေကူမြို့တွင်းဘက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

ပထမတစ်ခါဖြစ်ပြီးတဲ့လူနာတွေရယ်နောက် ထပ်တစ်ခါဖြစ်တဲ့လူနာတွေရယ် တိုက်ခိုက်ခံရတာနှစ်ခါဖြစ်ဆိုတော့ လူနာတွေကို ကားသေးသေးလေး ၂စီးနောက် တုံဖုံးကားကြီးတစ်စီးနဲ့လူနာတွေကိုတင်သွားပြီးည ၉နာရီမှပြန်ဆုတ်သွားတာစစ်ကြောင်းကတော့ခြေလျှင်ပဲသွားတယ် ကားကလူနာတွေတင်သွားတယ်လို့ KPDF  တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မတ်လ   ရက်နေ့တကည်းက ရွှေကူမြို့တွင်းတပ်ကနေ တက်လာတဲ့စစ်ကြောင်းဖြစ်ပြီး   ၈၈ လက်အောက်ခံစစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။ 

အလားတူ ရွှေကူမြို့နယ်အထက်ဘက်ကကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ်က ဖေဖော်ဝါရီ လကုန်းပိုင်းကတည်းကနေ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိတ်စိတ်ရှိလာနေပြီး  စစ်ကောင်စီတပ်အနေနဲ့ ရွှေကူနယ်မှာစစ်ရေးမလှုပ်ရှားဖို့နဲ့လှုပ်ရှားလာပါကပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း မနေ့က မတ်လ  ရက်နေ့မှာ ရွှေကူနယ် KPDF ကသတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းတိုက်ခိုက်ခံရပြီး မတ်လ  ရက်နေ့  ၁၁ နာရီဝန်းကျင်မှာတော့ ရွှေကူမြို့စစ်တပ်ရဲ့အထိုင်တပ်စခန်းဟာ မြို့နဲ့   မိုင်နီးပါးဝေးတဲ့ ရွှေကူမြို့အောက်ဘက်က တောပုန်းကျေးရွာထဲကို လက်နက်ကြီးအလုံး ၂၀ ကျော်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာတွင်း ထိခိုက်ပျက်စီးမှုတွေများခဲ့တယ်လို့ တောပုန်းကျေးရွာအနီးနေထိုင်တဲ့ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။

တောပုန်းရွာထဲကိုပဲပစ်တာ လက်နက်ကြီးက အလုံး ၂၀ ကျော်တယ် လူတော့ မထိပါဘူး ဒါပေမယ့် နွား ၇ကောင်သေသွားတယ် ဒီဘက်မှာတော့ဘာမှတိုက်ပွဲလည်းမဖြစ်ပဲနဲ့ပစ်တာလို့လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တောပုန်းရွာထဲ လက်နက်ကြီး အလုံး ၂၀ ကျော်ကိုအကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲ့ဒီလိုပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့နွား ခုနှစ်ကောင်အပါလူနေအိမ်သုံးလုံးလည်းပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလိုလက်နက်ကြီးပစ်ခတ်တာဟာ မနေ့က မနက်ပိုင်းမှာ ရွှေကူအထက်ဘက် KIAတပ်ရင်း ၁၂ နယ်မြေထဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် လမ်းကူးအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရချိန် အထိအခိုက်များခဲ့တာကြောင့် အဲ့ဒီစစ်ကြောင်းရွှေကူမြို့ထဲ ပြန်ရောက်လာတဲ့ နောက်ပိုင်းကနေ လက်နက်ကြီးတွေစတင်ပစ်ခတ်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။

အလားတူ ဒီကနေ့ မတ်လ  ရက်နေ့ နေ့လည် ၁၂ နာရီလောက်ကနေစပြီး တောပုန်းရွာနဲ့ ရွာချင်းဆက်နေတဲ့ မြောက်ရွာကျေးရွာထဲကို စစ်ကောင်စီစစ်သား အင်အား ၅၀ ဝန်းကျင်ဟာ ပျူစောထီး တွေနဲ့အတူဝင်ရောက်လာပြီး စစ်တပ်သတင်းပေးသူတွေ လက်ညိုးထိုးပြတဲ့နေအိမ်တွေကိုလိုက်လံမီးရှို့ခဲ့တယ်လို့ သိရပြီး လက်ရှိနေအိမ်  အိမ်အထိမီးလောင်နေပြီး ဆက်လက်မီးရှို့နေဆဲ ဖြစ်တာကြောင့်နောက်ဆက်တွဲသတင်းကိုစုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အနောက်ဘက်ခြမ်းက ရေလဲ၊မိုးစစ်၊ဆင်တပ်စတဲ့ကျေးရွာတွေနဲ့ စီသာ၊မံဝင်းစတဲ့ကျေးရွာတွေဘက်ကိုရမ်းသမ်းပစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေကြောင့် လူနေအိမ်ပျက်စီးတာ၊ကျွဲ၊နွားသေဆုံးတာတွေရှိခဲ့သလိုအရပ်သားထိခိုက်သေဆူံးတာတွေလည်းရှိခဲ့ပါတယ်။

ဒ့ါအပြင် ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ကြားမှာရှိတဲ့ မံစီနယ်ထဲက စီးခမ်းကြီးကျေးရွာစစ်ကောင်စီ တပ်စခန်းကုန်းကို KIAKPDF AAနှင့် ရွှေကူ LPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ မှာတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ရွှေကူမြို့နယ် တောပုန်းကျေးရွာနဲ့တစ်ကြောထဲရှိနေတဲ့ စီးမော်၊စီသာ၊မံဝန်းစတဲ့ကျေးရွာတွေဘက်ကို လွန်ခဲ့တဲ့အပတ်ကတည်းက စစ်ရေးးလှုပ်ရှားတာတွေရှိနေတာကြောင့်ဒေသခံတွေဟာ အရင်ပတ်ကတည်းက တိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button