ရွှေကူ
-
Feb- 2024 -16 Februaryသတင်း
ရွှေကူမှာ သတ္တုတူးဖော်နေတာကို အမြန်ဆုံးရပ်တန့်ပေးဖို့ဒေသခံများ တောင်းဆို
ရွှေတောင် တောင်ခြေမှာရှိတဲ့ စီသောင်၊ မံဝင်း၊ စီမူကြီး၊ စီမူလေး၊ မံနား၊ မံခါးစတဲ့ကျေးရွာပေါင်း ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျေးရွာထဲကလူနေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် လက်ရှိအဲ့ဒီကျေးရွာတွေဟာ ပြန်လည်ထူထောင်ရေးစလုပ်နေဆဲ ကျေးရွာတွေဖြစ်ပါတယ်။
Read More » -
Jan- 2024 -31 Januaryသတင်း
ရွှေကူမြို့နယ်မှာ NUG ထိန်းချုပ်မှုအောက် အခြေခံစာသင်ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထား
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအောက်ကနေဖွင့်လှစ်ထားတဲ့ အခြေခံစာသင်ကျောင်းပေါင်း ၅၀ ကျော်ရှိတယ်လို့ ရွှေကူမြို့နယ်ပညာရေးဌာနက သိရပါတယ်။
Read More » -
19 Januaryသတင်း
ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw
Read More » -
16 Januaryသတင်း
ရွှေကူနယ်မှာ စစ်ကောင်စီတပ်သား အလင်းဝင်လာသူ ၁၀ ဦးအထိရှိလာ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက် ကချင်လွတ်လက်ရေးတပ်မတော် KIAနဲ့ ဒေသကာကွယ်ရေးတပ် LPDF ဆီ အလင်းဝင်ရောက်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ “ဒီလထဲမှာကို ၁၀ ယောက်ရှိပြီလို့ အစုလိုက်ဝင်လာတာတော့မဟုတ်ဘူး။ တစ်ယောက်ချင်းစီဝင်လာတာ။ ဒီလ…
Read More » -
5 Januaryသတင်း
KIA-PDF ပူးပေါင်းဂိတ်မှာ စစ်ကောင်စီတပ်သား ၅ ဦးကို ဖမ်းဆီးရမိ
ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA-KPDF ၊ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်တွေ ပူးပေါင်းထိုင်ထားတဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီစစ်သား ၅ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရွှေကူနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။ အဲဒီဂိတ်တွေဟာ ရွှေကူ-ဗန်းမော်ကားလမ်းပိုင်း ရွှေကူမြို့အနီးက အထက်လေးလမ်းဆုံအနီးမှာ ၂ ဂိတ်၊…
Read More » -
3 Januaryသတင်း
ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို KPDF စောင့်ကြိုတိုက်ခိုက်
ကချင်ပြည်နယ် ရွှေကူမြို့ အောက်လေးလမ်းဆုံဂိတ်က ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ ဒီကနေ့ မနက် ၈နာရီခွဲအချိန်မှာ ရွှေကူအောက်လေးလမ်းဆုံမှာ…
Read More » -
Dec- 2023 -12 Decemberသတင်း
ရွှေကူနယ်အရှေ့ခြမ်းက မီးဘေးသင့်ပြည်သူများ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးစတင်
ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေမီးလောင်ပျက်ဆီးခဲ့ရတဲ့ကျေးရွာနေပြည်သူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးတွေစတင်လုပ်ဆောင်ပြီလို့ ဒေသခံတွေကပြောပါတယ်။ ရွှေကူနယ်က စီသာ၊စီသောင်၊မံဝင်း၊ စီမူလေး၊စီမူကြီး၊နန့်လန်ကျေးရွာတွေနဲ့ ကျေးရွာပေါင်း ၁၂ ရွာက ပြည်သူတွေဟာ မီးဘေးသင့်ခဲ့ပြီး ၉ လ ကျော်ကြာ တောတောင်တွေထဲတိမ်းရှောင်ခဲ့ရာကနေ လက်ရှိနေရပ်ပြန်ပြီးပြန်လည်ထူ…
Read More » -
1 Decemberသတင်း
ရွှေကူနယ်က စစ်တပ်ရဲ့ အထိုင်တပ်စခန်းတစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှနယ် ရွှေငြိမ်းချမ်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်း တစ်ခုကို ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှကာကွယ်ရေးတပ် ဘက်က KNG ကိုအတည်ပြုပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ဒီကနေ့မနက်ပိုင်း…
Read More » -
Nov- 2023 -21 Novemberသတင်း
ရွှေကူမြို့ ရဲစခန်းနဲ့နီးတဲ့ ရပ်ကွက်တစ်ချို့က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်နေ ပြည်သူတစ်ချို့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ညကစပြီး ရွှေကူမြို့မရဲစခန်းနဲ့ ရေဝန်းဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ထဲရက်ကွပ်တစ်ချို့နဲ့ကျေးရွာဘက်တွေကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိလာတဲ့အတွက် ရဲစခန်းနဲ့နီးတဲ့ ရွှေကူမြို့အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်အပါအဝင် ရပ်ကွပ်တစ်ချို့ကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးနေတာတော့ ၁၆ ရက်နေ့ညပိုင်းကတည်းကပဲ ဒီကနေ့ထိလည်းတိမ်းရှောင်နေကြတုန်း ရွှေကူမြစ်ဟိုဘက်ကမ်းကရွာတွေမှာကော ဒီဘက်ကမ်းကရွာတွေမှာကော ပြေးနေကြပြီ။ မြို့ပေါ်မှာ အခုလူတွေမရှိသလောက်ကုန်ဖြစ်ကုန်ပြီ။ အဓိကတော့…
Read More » -
17 Novemberသတင်း
ရွှေကူနယ်တောင်သူများ လယ်စပါးအထွက်နှုန်း ၁၀ ဆ ခန့်ကျဆင်း
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကျေးရွာမှာ မိုးစပါးစိုက်ထားတဲ့ တောင်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်မိုးစပါးအထွက်နှုန်း အရင်နှစ်တွေထက် ၁၀ ဆခန့် ကျဆင်းသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို မိုးစပါးအထွက်နှုန်းကျဆင်းသွားတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ သြဂုတ်လပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာတွေဆက်တိုက်ရှိနေခဲ့တာကြောင့် စိုက်ပျိုးထားတဲ့စပါးခင်းမှာ ပေါင်းမသတ်နိုင်တဲ့အပြင်၊ စပါင်းခင်းအတွက် လိုအပ်တဲ့မြေဩဇာဖြန်းပေးတာတွေ လုပ်ဆောင်နိုင်တာမရှိတဲ့အတွက် စပါးအထွက်နူန်းကျဆင်းသွားတာဖြစ်တယ်လို့ စီသောင်းကျေးရွာလယ်သမား တစ်ဦးက အခုလိုပြောပြလာပါတယ်။ “စပါးတွေကရှူံးတာပေါ့ ဒီနှစ်ကကျတော့ စစ်ပြေးနေရတဲ့အခါကျတော့ ပေါင်းသတ်ရတဲ့အချိန်မှာ ပေါင်းမသတ်ရ ရေသွင်းရမယ့်အချိန်မှာရေကမသွင်းရ မိုးကလည်းခေါင်ပြန်…
Read More »









