ရှမ်းပြည်နယ်
- Jun- 2026 -11 Juneသတင်း

နယ်စပ်မြစ်များ အဆိပ်သင့်မှုကို ဝိုင်းဝန်းဖြေရှင်းရန် တောင်းဆို
မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း သတ္တုတူးဖော်မှုတွေ တဖြည်းဖြည်း ပိုကျယ်ပြန့်လာနေတယ်လို့ ပြောရပါတယ်။ အခုလက်ရှိမှာ ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်က သတ္တုတူးဖော်တဲ့နေရာတွေကြောင့် မြစ်ရေညစ်ညမ်းမှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်နေတဲ့အပေါ် လူထုဘက်က ဝိုင်းဝန်းဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ အဲဒီအပြင် အင်အားကြီးနိုင်ငံတွေရဲ့ ဝယ်လိုအားကြောင့် မြန်မာမှာ သတ္တုတူးဖော်မှုတွေက တစ်စတစ်စ ပိုများလာနိုင်ပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေကလည်း ဆက်ဖြစ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လေ့လာသူတွေက ထောက်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင်သုတေသနလုပ်နေသူ ဦးဇုန်းတိန့်ကတော့ “မြေရှားတူးဖော်မှုတွေက မြန်မာပြည်ထဲမှာ တဖြည်းဖြည်း များလာနေတယ်။ ကချင်မှာတင်မကဘဲ ရှမ်းပြည်မှာလည်း ကျယ်ပြန့်လာတယ်။ ၀ဒေသမှာလည်း တူးဖော်မှုတွေ တိုးလာနေတယ်။ ဒီလိုဆက်သွားရင် ဝယ်လိုအားကြောင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေ ဆက်ဖြစ်လာမယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကနေ ဇွန်လ ၅ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်ကနေ ချင်းရိုင်အထိ “Peace Walk for Rivers” ဆိုတဲ့ အမည်နဲ့ ငြိမ်းချမ်းစွာ လမ်းလျှောက်လှုပ်ရှားမှုကို ၆ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ထိုင်းရောက်မြန်မာကျောင်းသားတချို့၊ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတွေ၊ ထိုင်း CSO တွေ၊ ပညာရှင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ပါဝင်ခဲ့ကြပါတယ်။ အဓိကကတော့ ရှမ်းပြည်နယ်ထဲက ထိုင်း–မြန်မာနယ်စပ်ဖြတ်ကျော် မြစ်တွေဖြစ်တဲ့ နမ့်ခုတ်မြစ်၊ ဆိုင်မြစ်၊ ရုအက်မြစ်၊ မဲခေါင်မြစ်နဲ့ သံလွင်မြစ်တွေမှာ ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ အဆိပ်သင့်သတ္တုတူးဖော်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတာပါ။ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ Myanmar Students’ Association – MFU က ကျောင်းသူ ချမ်ကတော့ “မြစ်ရေညစ်ညမ်းမှုဆိုတာ နယ်နိမိတ်မရှိဘူး။ တစ်နိုင်ငံတည်းမဟုတ်ဘဲ အားလုံးကို ထိခိုက်တယ်။ ဒါကြောင့် ငါတို့လည်း ဒီပြဿနာကို အတူတကွဖြေရှင်းချင်တာပါ” လို့ ပြောပါတယ်။ ပြီးတော့ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာတော့ ချင်းရိုင်ခရိုင်အစိုးရရုံးမှာ ထိုင်းအစိုးရအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံတွေ တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုတွေကို အရေးပေါ်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဓိကကတော့ မြစ်တွေထဲမှာ အာဆင်းနစ်လို အဆိပ်ဓာတ်တွေ ပါဝင်နေတာကို နိုင်ငံတော်အဆင့်နဲ့ စနစ်တကျ စစ်ဆေးပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ လက်ရှိအခြေအနေမှာတော့ မြန်မာဘက်က ထွက်တဲ့ သတ္တုတွေကို အဓိကဝယ်ယူနေတဲ့ တရုတ်ကုမ္ပဏီတွေဘက်က လုပ်ဆောင်နေတဲ့ တူးဖော်မှုတွေကိုလည်း စနစ်တကျ စောင့်ကြည့်ထိန်းချုပ်ပေးဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ ဦးဇုန်းတိန့်ကလည်း “မြစ်တွေမှာ နယ်နိမိတ်မရှိဘူး၊ အထက်ပိုင်းမှာ ထိန်းချုပ်မှုမရှိရင် အောက်ပိုင်းက တိုင်းပြည်တွေကိုပါ ထိခိုက်တယ်။ အခုလည်း ထိုင်းဘက်မှာ စိုးရိမ်နေကြတာ ဒီအကြောင်းကြောင့်ပဲ” လို့ ဆက်ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ၀ဒေသအပါအဝင် ကချင်ပြည်နယ်နဲ့ ပဋိပက္ခဒေသတွေမှာ သတ္တုတူးဖော်မှုတွေ ထိန်းချုပ်ဖို့ ခက်ခဲနေပြီး ရေထုညစ်ညမ်းမှုတွေက နယ်စပ်နိုင်ငံတွေအထိ ထိခိုက်လာနေတယ်လို့လည်း ထောက်ပြနေကြပါတယ်။…
Read More » - Mar- 2026 -9 Marchသတင်း

နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး အသက်သေဆုံး
ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦးအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၈ ရက်နေ့ မနေ့ည ၈ နာရီခွဲမှာ နမ့်ဖတ်ကာမြို့ ရပ်ကွက် (၆)မှာ နေအိမ်တစ်အိမ် မီးလောင်ရာကနေ မြေးအဖွား ၂ ဦး အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အိမ်ထဲမှာ ဓာတ်ဆီပုံးနဲ့အနီးကပ်မှာ မီးခြစ်နဲ့လားဘာနဲ့လား ခြစ်မီးကနေစပြီး မီးစလောင်ကျွမ်းလာတာလို့ သိရတယ်။ အဖွားဖြစ်သူနဲ့ မြေးဖြစ်သူ ကလေးမလေး မီးထဲသေဆုံးသွားတယ်။ အဖိုးဖြစ်သူနဲ့ မြေးလေးတစ်ယောက်က လွတ်တယ်။”လို့ ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့နေအိမ်ဟာ ဦးအိုက်စိုင်းဆိုသူရဲ့နေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအိုက်စိုင်း ဇနီး ဒေါ်အန်ဟေမ်နဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မြေးမလေးတို့ဖြစ်တယ်လို့သိရပါတယ်။ ဒေသခံတွေပြောချက်အရ နေအိမ်မီးလောင်မှုစဖြစ်တာဟာ နေအိမ်ထဲမှာရှိတ့ ဓာတ်ဆီပုံးမှာ မီးစွဲရာကတစ်ဆင့် စတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး မီးလောင်မှုကြောင့် အိမ်တွင်းပိုင်ဆိုင်မှုအားလုံးလည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုမကြာခဏဖြစ်ပွားနေပြီး အဓိက မီးလောင်ရတဲ့အကြောင်းရင်းက မီးအသုံးပြုမှု သတိမထားတာကြောင့် ဖြစ်ပွားတာများတယ်လို့ ဆိုပါတယ်။ “မီးလောင်တာတွေကို ကြည့်လိုက်ရင် မိသားစုဝင်တွေ မီးအသုံးပြုမှုပေါ့ဆတာကြောင့် များတယ်။ မီးလောင်ပြီဆိုတာနဲ့ တစ်ခါတည်း ငြိမ်းသတ်နိုင်ခြင်းလည်း မရှိဘူး။ အဓိက မီးသတိပြုမှု အားနည်းကြတယ်။ အခုတစ်ခေါက်ရော၊ ရှေ့တစ်ခေါက်တွေမှာရော မီးလောင်တာတွေက လျှပ်စစ်မီးလျှော့တာကြောင့် လောင်တာမပါသေးဘူး။” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ နမ့်ဖတ်ကာမြို့မှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ဒီနှစ်အတွင်း နေအိမ်မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားပြီလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတိုင်း နမ့်ဖတ်ကာမြို့မှာတာဝန်ရှိတဲ့ မီးသတ်ရုံးတွေဘက်မှ မီးလောင်တဲ့အိမ်ကို ချက်ချင်းမရောက်နိုင်တာမျိုးတွေ တာဝန်ရှိအုပ်ချူပ်ရေးအပိုင်းမှ တာဝန်ယူလုပ်ဆောင်ရမယ့်အရာ၊ အားနည်းနေသေးတဲ့အရာတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။ နမ့်ဖတ်ကာမြို့ကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ထိန်းချူပ်ထားတာဖြစ်ပြီး မြို့တွင်း တအာင်းတပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA တို့လည်း ရုံးစိုက်ထားကာ မြို့တွင်း အုပ်ချူပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » - Nov- 2025 -3 Novemberသတင်း

၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးက ယမ်းကိုထုတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ညနေပိုင်း…
Read More » - Oct- 2025 -2 Octoberသတင်း

နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ
ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…
Read More » - Aug- 2025 -5 Augustသတင်း

လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးကြောင်း KHRW ထုတ်ပြန်
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ KHRW-Kachin Human Rights Watch အဖွဲ့ကနေပြီးတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေမှာ ဇူလှိုင်လ တစ်လအတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး…
Read More » - Jul- 2025 -24 Julyသတင်း

မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့မှာ ကိုးကန့်အလံဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူ
ရှမ်းမြောက် မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့ရှိ ကိုးကန့် ( MNDAA) ရဲ့ အစိုးရဆိုင်ရဌာနရုံးတွေမှာ ကိုးကန့်(MNDAA ) အလံကိုဖြုတ်သိမ်းပြီး စစ်ကောင်စီအလံပြောင်းလဲလွှင့်ထူထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လဆန်းပိုင်းကစပြီး မုံးကိုးမြို့ နဲ့ ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွေနဲ့ မြို့တွင်းဌာနဆိုင်ရာရုံးအားလုံးမှာ အလံကိုပြောင်းလဲလွှင့်ထူလိုက်သလို ရုံးဝန်ထမ်းတွေကိုလည်း စစ်တပ်လက်အောက်ခံဝန်ထမ်းတစ်ချို့နဲ့တရုတ်နိုင်ငံသားတွေကိုခန့်အပ်ထားတယ်လို့ မုံးကိုးဒေသခံတွေက ပြောပါတယ်။ “ပန်ဆိုင်းဘက်က ဝမ်တိန်ဂိတ်၊ မုံးကိုးဘက်က မန်ဟိုင်းဂိတ်တွေမှာ စစ်ကောင်စီသုံး အလံကို ပြောင်းလဲလွှင့်ထူထားတယ်။ လားရှိုးကို အပ်လိုက်ပြီးနောက် သိပ်မကြာဘူး ဒီဘက်လည်း အဲလိုအပြောင်းအလဲတွေတော့ လုပ်လာတာဖြစ်တယ်။ ကိုးကန့်ထဲမှာလည်း ရဲတို့ ဝန်ထမ်းတို့ကို တရုတ်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေကို ခေါ်ယူခန့်အပ်ထားပြီး အုပ်ချူပ်နေတယ်။ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် တင်းကြပ်နေတယ်။ MNDAA ဆိုတာက နာမည်ပါပဲ။ အရေးကြီးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးက တရုတ်နိုင်ငံထဲက တရုတ်လူမျိုးတွေပဲ။” ဟု မုံးကိုးဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ကို ကိုးကန့် MNDAA တပ်ကထိန်းချူပ်ထားတယ်လို့ဆိုပေမဲ့ လက်တွေ့ဦးဆောင်လုပ်ငန်းလုပ်နေကိုင်နေသူတွေကတော့ စစ်ကောင်စီအစိုးရရဲ့ဝန်ထမ်းတချို့နဲ့ ကိုးကန့်ကခန့်အပ်ထားတဲ့ တရုတ်နိုင်ငံသားတွေသာ ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေပြောတာတော့ မြို့နှစ်ခုစလုံးရဲ့ထွေအုပ်ရုံးလိုဌာနဆိုင်ရာရုံးတွေမှာ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေခန့်အပ်ထားပြီး ရဲဝန်ထမ်းလိုနေရာမျိုးမှာတော့ တရုတ်နိုင်ငံထဲက တရုတ်နိုင်ငံသားတွေကို ခန့်အပ်ထားတယ်လို့ ဆိုပါတယ် ဒါ့အပြင် မုံးကိုးမြို့နဲ့ပန်ဆိုင်းမြို့ဘက်ကို စစ်ကောင်စီတပ်ဘက်က ဒီရက်ပိုင်း နေ့ညမပျက်လေယာဉ်နဲ့ ပျံဝဲစောင့်ကြည့်တာ၊ ဒရုံးနဲ့ပျံဝဲတာတွေလည်း ပုံမှန် ပြုလုပ်လျက်ရှိတယ်လို့ မုံးကိုးသေခံတွေက ပြောပါတယ်။ “မုံးကိုးကိုတော့ စစ်ကောင်စီထံ လွယ်လွယ်မအပ်လောက်ဘူးထင်ပေမဲ့ မသိတော့ဘူး။ လက်ရှိ အခြေအနေအရဆိုရင်တော့ မုံးကိုးမြို့လည်း တစ်နှစ်လောက်မကြာဘူး။ ပိတ်ဆို့ခံရပြီး လက်လွတ်လိုက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ မုံးကိုးမြို့ပေါ်မှာ ညညဆို စစ်တပ်က လေယာဉ်နဲ့ ပုံမှန် ပျံဝဲတယ်။ တစ်ခါတစ်လေက မနက်ပိုင်း တစ်ခါခါက နေ့လည်ပိုင်း လေယာဉ်တွေ ပျံဝဲတယ်။ ပုံမှန်ပါပဲ လေယာဉ်ပျံတာ။” ဟု မုံးကိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မုံးကိုးဒေသကို ကိုးကန့် MNDAA တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကာလ စတင်ခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး မြို့တွင်းအုပ်ချူပ်မှုစနစ်ကို တရုတ်ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။ တရုတ်ဖိအားကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အနည်းဆုံးသုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာ အပြီးသိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းမှာ ကိုးကန့် MNDAA က စစ်ကောင်စီထံ ပြန်လည်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို စစ်ကောင်စီလက်ထံပေးအပ်လိုက်ပြီးနောက် သိန္နီမြို့ကိုလည်း စစ်တပ်ထံလွှဲအပ်ပေးဖို့ တရုတ်အစိုးရကဖိအားပေးခဲ့တာကြောင့် လတ်တလောထွက်နေတဲ့အနေအရ သိန္နီမြို့လည်း စစ်ကောင်စီလက်ထံ အပ်လိုက်တဲ့သဘောမှာရှိနေတယ်လို့…
Read More » - Feb- 2025 -27 Februaryသတင်း

မန်တုံ-မိုးမိတ်ကြား KIA တပ်စခန်းကို TNLA အင်အားသုံးဖယ်ရှားမှုမှာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ
ရှမ်းမြောက်၊ မန်တုံ – မိုးမိတ်မြို့ ကြားရှိ မန်မောက်ရွာက KIA တပ်စခန်းကို TNLA က အင်အား အလုံးအရင်းနဲ့ ဖယ်ရှားဖို့ ကြိုးစားရာမှာ ရိုက်နက်မှုဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာပြင်းထန်ကာ မန်တုံဆေးရုံမှာ ဆေးဝါး ကုသနေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည်…
Read More » - Nov- 2024 -18 Novemberသတင်း

ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှု နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ သေဆုံးမှု ဆက်ရှိနိုင်သေး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးတစ်ဝိုက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ နှစ်လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ် လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၁၇ ရက် ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တာလို့သိရပြီး ဒီဖြစ်စဥ်မှာ နှစ်လသားအရွယ်ကလေးတစ်ဦး၊ အမေဖြစ်သူ နဲ့ အဖွားအိုတစ်ဦး သေဆုံးခဲ့ရတာလို့ သိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူက ၁၀ ဦးထက်မနည်းရှိပြီး သေဆုံးမှုဆက်ရှိနိုင်သေးတယ်လို့ ဒေသခံတစ်ဦး က အခုလိုပြောပါတယ်။ “ဖျက်အားပြင်းတဲ့ဗုံးပါ ပေါင် ၅၀၀ ဗုံးတစ်လုံးပဲချသွားတာ၊အရပ်သားက မနေ့ညအထိတော့ ၃ ယောက် သေဆုံးတယ်။ ဒီထက်တောင်မကလောက်ဘူး၊ နောက်ထပ် သေဆုံးနိုင်သေးတယ်။ ၁၀ ယောက်ဒဏ်ရာရ တဲ့ထဲ ၇ ယောက်ကအခြေနေမကောင်းဘူးပြောတယ်။ တစ်ချို့ဆို လူကအစအနပါပျောက်သွားတယ်တဲ့”လို့ပြောပါတယ်။ တစ်ဖက်မှာ လူနေအိမ် ၅ လုံး လုံးဝပြိုကျပျက်ဆီးသွားသလို တရုတ်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း နဲ့ ရေထွက်ဦးပန်ခြံဈေးက ဆိုင်ခန်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တဲ့ ရေထွက်ဦးပန်းခြံဈေးက ဈေးသည် တွေကတော့ ဝမ်းရေးအတွက်ဈေးထွက်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မနေ့ညက ဗုံးချတယ်ဒီမနက်ကဈေးထွက်ကြပြီ၊ ဒေသခံတွေက အသက်ကိုပေးပြီး ဝမ်းစာအတွက် ရှာဖွေ နေရတယ်။ ဗုံးကြဲခံရလို့ တုန်လှုပ်မှုရှိပေမဲ့ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရတယ်လေ။”လို့ပြောပါတယ်။ တအာင်းတပ်မတော် TNLA ကလည်း ကွတ်ခိုင်မြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၃ ဦးသေဆုံး ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိကြောင်းနှင့် ဒေသခံများအနေဖြင့် စစ်ရေးသတိရှိကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် လေကြောင်းကာကွယ်မှုနပတ်သက်တဲ့ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။ လက်ရှိတော့ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီလက်ထဲကနေ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝှမ်းက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပါအဝင် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၅၉၄၄ ဦးအထိရှိလာပြီလို့ AAPP က နိုဝင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၀၄ ခု၊ ဆေးရုံဆေးခန်း ၅၇ ခုနဲ့ စာသင်ကျောင်း ၂၀၇ ကျောင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » - Oct- 2024 -29 Octoberသတင်း

နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်းနေ
ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLAနဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ “ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။အဲဒီမူးယစ်ဆေးဝါးသုံးတဲ့သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုးလုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။ “ဒီတလောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာ ဟုတ်တယ်။ ဒီမှာလည်း KIO က အုပ်ချုပ်ရေးယန္တရားတွေ စတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အားလုံးကို အတည်တကျ ကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာမျိုးလား၊အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကာလမှာတော့ အချင်းချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA-စတဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေလည်း အတူတကွ နေထိုင်ပြီးရုံးစိုက်တာတွေရှိပါတယ်။ အဲဒီထဲမှာမှ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA က ကျေးရွာအတွင်း အရပ်သားတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ လူလိုက်လံဖမ်းဆီးတာတွေ၊ အရပ်သားနေအိမ်တွေနဲ့ စျေးဆိုင်တွေမှာ စိတ်ကြိုက်ဝင်ရောက်ရှာဖွေပြီး ပြည်သူပိုင်ပစ္စည်းကို သိမ်းဆည်းတာ စတဲ့လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် TNLA ဘက်က ငွေကြေးကိုအဓိကထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေကို လိုက်လံဖမ်းဆီးကာ တစ်ယောက်ကို သိန်း ၅၀ ကနေ ၁၀၀ အထိ ပြန်ရွေးခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ KIO အုပ်ချုပ်ရေးယန္တရားအောက် ဌာနအသီးသီးမှာ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ကျေးရွာလူထုတွေကိုယ်တိုင် ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းတစ်ခွင်က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဘက်က ဝင်ရောက်နေထိုင် သွားလာလှုပ်ရှားတာတွေကို တားမြစ်တာတွေရှိနေပြီး နယ်မြေနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ By- ဂျာဘောက်ရာ
Read More » - 28 Octoberသတင်း

သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန် KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာ၂၇ ရက်နေ့ ည၉နာရီ ၄၅ မိနစ် စစ်ကောင်စီဘက်ကနေပြီးတော့ ဘုရားကျောင်းအပေါ်တည့်တည့် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ဘုရားကျောင်းဆောင်တစ်ခုလုံးအပြင် ကားသုံးစီး၊ အအေးခေါင်း၊ အသံချဲ့စက်နဲ့ အားလုံးပျက်စီးသွားခဲ့တယ်လို့ ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ဘုရားကျောင်းက ရစရာကိုမရှိတော့ဘူး ခုနကကျွန်တော်တို့ တွက်ကြည့်တာကတော့ သိန်းတစ်သောင်းဖိုးလောက်က ပျက်စီးဆုံးရှုံးသွားတယ်”လို့ဆိုပါတယ်။ အောက်တိုဘာလ ၂၇ ရက်ည သိန္နီမြို့ထဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ထွေအုပ်ရုံး၊ KBC ဘုရားကျောင်း၊ဆန်းလီဟိုတယ်အထက်ဘက် စတဲ့နေရာသုံးနေရာဖြစ်ပြီး သေခိုက်သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ စစ်ကောင်စီအနေနဲ့ KBC ဘုရားကျောင်းအရှေ့ဘက် မီတာ၅၀ဝန်းကျင်အကွာအဝေးမှာရှိတဲ့တည်းခိုခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ခုလိုသုံးသပ်ပါတယ်။ “ဘုရားကျောင်းအရှေ့ဘက်က တည်ခိုးခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေသူဌေးတွေ လာအိပ်ကြတယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းကထွက်နေတော့ ခုလိုဖြစ်လာမှာစိုးလို့ ကျွန်တော်တို့တောင်အဲဒီအနီးနားတဝိုက်မှာ မနေကြတော့ဘူးဟုတ်တယ်”လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ကိုးကန့်တပ် MNDAAနဲ့ တအာန်းတပ်TNLA တို့ရှိနေနိုင်တယ်ထင်တဲ့နေရာတွေမှာ အမြဲလိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)အဖွဲ့အစည်းရဲ့ ၂၀၂၄အောက်တိုဘာလ၂၇ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ဦးထိ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ By – Hope
Read More »









