လက်နက်ကြီး

  • Dec- 2023 -
    28 December
    သတင်း

    ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ဟာ …

    Read More »
  • 15 December
    သတင်း

    KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ

    မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်လိုက်တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မုန်လိုင်ခက်ဘက်ကမှာကျတာ ကျနော်သိရလောက် မနက်ကနေ ပစ်နေတာ ခုဆိုရင် ၃ လုံးလောက်ရှိပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်မှာလည်း နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောတာကတော့ စစ်ကောင်စီဟာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ ယော်ယုံဘွမ် (Yaw Yung Bum ) အထိုင်ချထားတဲ့ စခန်းကနေ မြို့ထဲကိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အပြင် လက်နက်ကြီးကျရောက်ပေါက် ကွဲတာကြောင့် ကလေးငယ် ၂ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။ “ဘယ်ကပစ်သလဲ တိတိကျကျမသိရသေးဘူး ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum ) ကုန်းဘက်ကဘဲ။ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ယောက်ထိထားလည်း စိုးရိမ်စရာတော့မလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်် ၅ မှာနေထိုင်တဲ့ မိုင်ဂျာယန်ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း…

    Read More »
  • 13 December
    သတင်း

    နမ့်ဆန်မြို့ စစ်တပ်ရဲ့လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံး နေအိမ်အမြောက်အများထိခိုက်ပျက်စီး

    ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး နေအိမ်မြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ည ၇ နာရီခန့်တွင် စစ်ကောင်စီ ဂျတ်လေယာဉ်နဲ့…

    Read More »
  • 12 December
    သတင်း

    နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့  အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာဒေသခံတွေဟာ နီးစပ်ရာအသိဆွေမျိုးများအပြင် တောတွေမှာ စတင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး…

    Read More »
  • 11 December
    သတင်း

    ကွတ်ခိုင်မှာ လက်နက်ကြီးကြောင့် ၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်သေဆုံး ၆ ယောက်ဒဏ်ရာပြင်းထန်

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက်သေဆုံး နောက်ထပ်အရပ်သား ၆ ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေ ဆီကသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့ နှစ်ရက်အတွင်း ကွတ်ခိုင်မြို့ပေါ်နဲ့ လွယ်ဆိုင်ကျေးရွာဘက်ကို…

    Read More »
  • 8 December
    သတင်း

    နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက် မနေ့တစ်ညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်းထိဆိုရင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ “၆ ရက်နေ့ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေအများကြီးပျက်စီးသွားတယ်။ လူက ၂ ဦးထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီးထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက်ပစ်နေတုန်းပဲ။” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်း ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူကဆက်ပြောပါတယ်။ ခုလိုလေယာဉ်ဗုံးကျဲတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်း အဲ့ဒီည ၁၁ နာရီခန့်မှာဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ ထပ်မံရမ်း သမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်မှာကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ “တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကိုခေါ်သွားတယ်။ ၆ နာရီလောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာကိုလုံး ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားပြီ။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိနမ့်ခမ်းမြို့ဘက် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်စခန်ကုန်ကနေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော်ကာလအတွင်း နမ့်ဖတ်ကာစစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ By…

    Read More »
  • 6 December
    သတင်း

    မိုးညှင်းမှာ လက်နက်ကြီးကျည်ထိလို့ ၆ နှစ်ကျော်အရွယ်ကလေးတစ်ယောက်သေဆုံး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာအနီး လက်နက်ကြီးပေါက်ကွဲခဲ့တဲ့အတွက် ၆ နှစ်ကျော် အရွယ်ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်ကလေး ငယ်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေကပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်မှာပဲ မိုးညှင်းတက္ကသိုလ်အနီး မိသားစုတစ်စုလမ်း ထွက်လျှောက်နေချိန် လက်နက်ကြီးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အသက်…

    Read More »
  • 1 December
    သတင်း

    ဒီဇင်ဘာလ ပထမနေ့မှာတင် KIO လိုင်ဇာဌာနချုပ် လက်နက်ကြီး ပစ်ခံရ

    KIO ဗဟိုဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ပထမညမှာတင် ခရာဘွမ့်နဲ့ ဘွမ့်ရေဘွမ့် စစ်ကောင်စီတပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်လကို ကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲကို…

    Read More »
  • Nov- 2023 -
    27 November
    သတင်း

    ကျောက်မဲမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဦးဇင်းတစ်ပါးအပါအဝင် အရပ်သား ၃ ယောက်ကျည်ထိမှန်

    ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့နီးနားကကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ ဦးဇင်းတစ်ပါးအပါအဝင် အရပ်သား ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နမ့်ခုံးပရဟိတအသင်းဆီက သိရပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ မနေ့က ညပိုင်း ၁၁ နာရီကျော်လောက်မှာ ကျောက်မဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ ခမရ– ၅၀၁၊ ခမရ–၅၀၂…

    Read More »
  • 17 November
    သတင်း

    တိုက်ပွဲကျန် လက်နက်ကြီးကျည်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၃ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ဆော့ကစားရင်း ပေါက်ကွဲလို့ ကလေးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ…

    Read More »
Back to top button