သတင်း

မိုးညှင်းမှာ လက်နက်ကြီးကျည်ထိလို့ ၆ နှစ်ကျော်အရွယ်ကလေးတစ်ယောက်သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာအနီး လက်နက်ကြီးပေါက်ကွဲခဲ့တဲ့အတွက် ၆ နှစ်ကျော် အရွယ်ကလေးတစ်ယောက်သေဆုံးပြီး နောက်ထပ်ကလေး ငယ်တစ်ယောက်လည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်မှာပဲ မိုးညှင်းတက္ကသိုလ်အနီး မိသားစုတစ်စုလမ်း ထွက်လျှောက်နေချိန် လက်နက်ကြီးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် မိုးညှင်းဒေသခံတစ်ယောက်ကပြောပါတယ်။

ကလေးတွေက ငယ်ငယ်လေးတွေ တစ်ယောက်ကဆုံးသွားပြီ နောက်တစ်ယောက်ကလည်းအခြေနေမကောင်းဘူး အကုန်လုံးပွင့်သွားတာကြီးကို လမ်းလျှောက်နေတဲ့အချိန်ထိတာလို့ပြောတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလက်နက်ကြီးကြောင့် ကလေးငယ် ၂ ယောက်အပြင် နောက်ထပ်အမျိုးသမီးနှစ်ယောက်လည်း လက်နက်ကြီးစထိမှန်ခဲ့ပြီး ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပါတယ်။

လက်ရှိလက်နက်ကြီးကျတဲ့နေရာဟာ မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ကျေးရွာဘက်ဖြစ်ပြီး အဲဒေသတစ်လျှောက်ကို စစ်ကောင်စီတပ်ဘက်က KIA,PDF ရှိတယ်အထင်နဲ့ မကြာခဏလက်နက်ကြီးတွေပစ်ခတ်လေ့ရှိပြီး ဒီလက်နက်ကြီးဟာလည်း စစ်ကောင်စီဘက်ကပဲ ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။

ထင်တာကတော့ ထန်းတပင်ရွာရဲ့ဟိုဘက်တွေက လက်နက်ကြီးကျနေကျပဲ ပုံမှန်တော့ အမြှောက်တပ်ကနေပစ်တယ်။ ပြီးရင် ဘီလူးမြို့ကနေပစ်တယ် အမြဲတမ်းပစ်နေကျဟုတ်တယ် သူတို့တစ်ခုခုဖြစ်ပြီဆိုတာနဲ့ပစ်တာပဲ အဲ့ဘက်မှာက KIA နဲ့ PDF တွေရှိတယ်ဆိုပြီးသူတို့ကထင်ပြီးပစ်တာ” လို့ပြောပါတယ်။

ဒီလက်နက်ကြီးပေါက်ကွဲတာနဲ့ပတ်သက်ပြီး မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထုတ်ပြန်ချက်တစ်စောင်ကို ဒီကနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဒီကနေ့ မနက် မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာလမ်းဆုံမှာ စစ်ကောင်စီဘက်ကထောင်ထားတဲ့ တိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေး ၂ ယောက်နဲ့အမျိုးသမီး ၁ ယောက်ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်မှာပဲ မိုးညှင်းမြို့နယ် နန်းမွန်း နဲ့ဘီလူးရွာ နှစ်ခုအကြားမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေပူးပေါင်းပြီး သိမ်းပိုက်ထားတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button