လုယက်မှု
- Jun- 2026 -30 Juneသတင်း

မြစ်ကြီးနားမှာ လုယက်မှုများကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ တစ်လအတွင်း လုယက်မှုတွေကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
Read More » - 17 Juneသတင်း

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ ဓါးပြတိုက်၊ လုယက်မှုသောင်းကျန်းနေ
ဖားကန့် မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲ စစ်ရေးဖော်ဆောင်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အရပ်သားပြည်သူတွေဆီကနေ ဓါးပြတိုက်၊ လုယက်တဲ့ ဖြစ်စဉ်တွေဟာ ပိုမိုဆိုးရွားလာပြီး ပြည်သူတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ သောင်းကျန်းနေတယ်လို့ သိရပါတယ်။
Read More » - May- 2026 -27 Mayသတင်း

မြစ်ကြီးနားမှာ လုယက်မှုဆက်တိုက်ဖြစ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက် ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “နေ့တိုင်းလိုလိုကြားနေရတယ် မြင်နေရတယ် ခိုးတာ၊လုတာ၊ဓါးပြတိုက်တာ မြစ်ကြီးနားမြိုတွက် ပုံမှန်လိုတောင်ဖြစ်နေပြီ”လို့ ရမ့်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးပြောပါတယ်။ KNG စုံစမ်းသိရှိထားချက်အရ မေလအတွင်းမှာပဲ ခိုးဆိုးလုယက်မှု ၁၂ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်ပါတယ်။ ဖြစ်စဉ်တွေမှာ မေလ ၁၁ ရက် ည ၇ နာရီဝန်းကျင် မလိဇွပ်ဆေးရုံလမ်းကြား အာစီဘုရားကျောင်းရှေ့မှာ ဘတ်ထရီဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းရိုက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယူသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ နောက်တစ်နေ့ မေလ ၁၂ ရက်မှာလည်း မြို့သစ်ကြီးရပ်ကွက် TOP စက်သုံးဆီဆိုင်အနီးမှာ လုယက်မှု ထပ်ဖြစ်ခဲ့ပြီး ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ် အလားတူ မေလ ၁၃ ရက်နေ့မှာလည်း ဂျန်မိုင်ကောင်းရပ်ကွက် ဖူးဆယ်ကွင်းဟောင်းအနီးမှာ အမျိုးသမီးတစ်ဦး ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခံခဲ့ရပါတယ်။ ဒါ့အပြင် မေလ ၁၆ ရက်နေ့မှာလည်း တပ်ကုန်း(တောင်)ရပ်ကွက် Home School ကျူရှင်အနီးမှာ လူငယ်အမျိုးသားတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရပါတယ် မေလ ၁၈ ရက် တစ်ရက်တည်းမှာပဲ စံပြရပ်ကွက်က နေအိမ်တစ်ခုမှာ ကားခိုးခံရတဲ့ဖြစ်စဉ်၊ တပ်ကုန်းရပ်ကွက်မှာ ဆိုင်ကယ်လုယက်မှုနဲ့ စီတာပူရပ်ကွက်ဘက် နေအိမ်တစ်ခုမှာ ရွှေခိုးခံရတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့မှာတော့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်း အဝင်လမ်းကြားမှာ အမျိုးသမီး ၂ ဦး ဆိုင်ကယ်လုယက်ခံခဲ့ရသလို အေးမြသာယာရပ်ကွက်ဘက်မှာလည်း အမျိုးသမီးတစ်ဦး ဘတ်ထရီဆိုင်ကယ်လုခံရပေမယ့် ဆိုင်ကယ်တော့ ပါမသွားခဲ့ဘူးလို့ သိရပါတယ်။ နောက်ထပ် မေလ ၂၀ ရက်နေ့မှာ ရွှေလမ်း ကားကြီးကွင်းအနီး December Hotel နောက်လမ်းကြားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖုန်းကို နောက်ကနေ အရှိန်နဲ့လိုက်ဆွဲလုပြေးသွားခဲ့သလို ဂေါက်ကွင်းနားမှာလည်း လုယက်မှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာလည်း ရွှေလမ်းမ ဇွပ်ရာဆာဖျယ်ဆိုင်အနီး အမျိုးသမီးတစ်ဦးဆီက ဖုန်းလုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး ပလန(၅)နဲ့ ရွှေစက်အဆက် ကွန်ကရစ်တံတားနားမှာတော့ လီဆူနှစ်ခြင်းအသင်းတော်က သင်းအုပ် ဆရာလင်မယားနဲ့ သင်းထောက်တစ်ဦးတို့ကို အမျိုးသား ၃ ဦးက သေနတ်ကိုင်ပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ အလှူငွေတွေ လုယက်သွားခဲ့ပါတယ်။ အခုလို ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် သွားလာရတာတောင် စိုးရိမ်နေရတယ်လို့ မြစ်ကြီးနားက လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဒီလထဲ ခဏခဏဖြစ်နေတာ ဟုတ်တယ်။ အခုဆို ဆိုင်ကယ်နဲ့လာရင်တောင် စိတ်မချရတော့ဘူး။ ကိုယ်သွားနေတဲ့အချိန် ဘေးနား ဆိုင်ကယ်တစ်စီးကပ်လာရင် လှည့်ကြည့်နေရတဲ့အထိ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။ မြို့ခံတချို့ကတော့ စစ်ကောင်စီဘက်က ဧပြီ ၂၀ ရက်နေ့မှာ “၁၀၀ စီမံကိန်း” ကြေညာပြီးနောက်ပိုင်း မြစ်ကြီးနားမှာ လုံခြုံရေးပိုင်း ပိုဆိုးလာတယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီစီမံကိန်းမှာ ငြိမ်းချမ်းရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေး၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။ ဒါပေမယ့် မြို့ခံအမျိုးသားတစ်ဦးကတော့ “အခုက နေရာတိုင်းလိုလို ဖြစ်နေတယ်။ သူခိုးတွေကလည်း အဖွဲ့လိုက် လုပ်ရဲကိုင်ရဲရှိလာတယ်။ အရင်ထက် ပိုကြောက်ဖို့ကောင်းလာတယ်” လို့ သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း မြို့မရပ်ကွက် ရွှေဖြူဟိုတယ်ရှေ့မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓားထိုးသတ်ဖြတ်ခံခဲ့ရသလို ဧပြီ ၆ ရက်နေ့မှာလည်း အေးမြသာယာရပ်ကွက် သင်္ဂြိုင်းကုန်းသွားလမ်းအနီးမှာ လည်ပင်းလှီးခံထားရပြီး ဝမ်းဗိုက်ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဆာလာအိတ်နဲ့ စွန့်ပစ်ထားတာ တွေ့ခဲ့ရပါတယ်။…
Read More » - 13 Mayသတင်း

ငအိုးရွာ ဒေသခံဆီက အလှူငွေ သိန်း ၇၀ ကျော် စစ်တပ်က လုယူရိုက်နှက်ခဲ့ဟုဆို
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မဘိမ်းမြို့နယ် ငအိုးရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းက ဒေသခံတစ်ဦးဆီက အလှူလုပ်ဖို့ ယူဆောင်လာတဲ့ ငွေကျပ်သိန်း ၇၀ ကျော်ကို လုယူခဲ့ပြီး လူကိုပါ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒေသခံတွေရဲ့…
Read More » - Nov- 2025 -18 Novemberသတင်း

ခိုးမှု၊ လုယက်မှုများလာတဲ့ မြစ်ကြီးနားမြို့မှာ ရွှေ၊ ငွေလက်ဝတ်ရတနာဆင်မြန်းပြီးသွားလာကြတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ဒေသအပါအဝင် တနိုင်ငံလုံးအတိုင်းတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုတွေက တစ်နေ့ထက် တစ်နေ့ပိုဆိုးရွားလာပါတယ်။ ဒီပြသာနာရဲ့အကျိုးဆက်ကြောင့် ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှုဆိုရင် ခိုးဆိုးလုယက်မှုတစ်ပတ် ၃ ကြိမ်ဝန်းကျင်ထိရှိနေပြီး အဓိက ရွှေဆွဲကြိုး၊ လက်ဝတ်ရတနာ ၊ ပိုက်ဆံအိတ်၊ ဆိုင်ကယ်စတဲ့အရာတွေဟာ…
Read More » - Sep- 2025 -2 Septemberသတင်း

မြစ်ကြီးနားမြို့မှာ အမေအိုသားအမိနှစ်ဦးလုယက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမေအိုနဲ့သမီးဖြစ်သူတို့ ဆိုင်ကယ်လုယက်ခံရတယ်လို့ မိသားစုဝင်တွေဆီကနေ သိပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ည ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်းရပ်ကွက် ဆုတောင်းအိမ်ကနေ ဆိုင်ကယ်စီးပြီး ပြန်လာချိန်လူငယ်၂ ဦး နောက်ကနေ ပိုက်ဆံအိတ်ကို…
Read More » - Jul- 2025 -18 Julyသတင်း

အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည ၁၀ခွဲဝန်းကျင်အချိန် ခေမာသိရိရပ်ကွက်မှာ အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ်…
Read More » - 10 Julyသတင်း

ဆိုင်ကယ်မှောက်သူကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မှောက်နေတဲ့ အမျိုးသားကို ကူညီဟန်ဆောင်ပြီး ဆိုင်ကယ်လုယက်သွားတယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ ည ၇ခွဲဝန်းကျင် မြို့သစ်ကြီး ရပ်ကွက် မိုင်တဲကွေ့နားမှာ အသက် ၃၀ အရွယ်အမျိုးသား…
Read More » - Jun- 2025 -30 Juneသတင်း

မြစ်ကြီးနားမြို့မှာ ဆွဲကြိုးလုယက်ခံရမှုထပ်ဖြစ်ပွား
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ညီအစ်မနှစ်ဦး ဆွဲကြိုးလုယက်ခံလိုက်ရတယ်လို့ လုယက်ခံရသူမိသားစုကပြောပါတယ်။ ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင် ယုဇနရပ်ကွက်၊ရွှေလမ်းဆုံလမ်းမကြီး ပွင့်ပွင့်ဖိနပ်ဆိုင်အနီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာတဲ့ညီအစ်မနှစ်ဦးထံကနေ ဆွဲကြိုးလုဖြုတ်သွားတယ်လို့ ဆွဲကြိုးလုယက်ခံရသူက KNG ကိုပြောပါတယ်။ “သူတို့ကအနောက်ကနေ လိုက်လာတာ…
Read More » - 30 Juneသတင်း

မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရ
မြစ်ကြီးနားမြို့၊ ဂျပန်တံတားလမ်းမှာ အမျိုးသမီးတစ်ဦးဆွဲကြိုးလုယက်ခံရတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ဂျပန်တံတားလမ်းရှိ မိဘမဲ့ကျောင်းအကျော်နားလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးက လုယူသွားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦး…
Read More »







