သတ်ဖြတ်မှု

  • သတင်း

    ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော၆စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို…

    Read More »
  • သတင်း

    ချောင်းဦးမှာ သိုးကျောင်းနေတဲ့အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်းရွာအရှေ့ဘက်တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်း ၂နာရီလောက်မှာ ကံကြီးကုန်းပျူရွာက အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက သူတို့တပ်စွဲထားတဲ့ရွာရဲ့အရှေ့ဘက် တောထဲသိုးကျာင်းနေတဲ့ အရပ်သားကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာလို့…

    Read More »
  • သတင်း

    ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး

    ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ “ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့အလောင်းတွေက ပုံမှန်လို မြင်တွေ့လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့ ကိုယ်လည်းဘယ်ချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူး”လို့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုးလုယက်ရင်း သတ်ခံရတာတွေ၊အချင်းများပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ် ဘက်က စစ်တပ်လက်အောက်ခံတွေကို လာရောက်ရှင်းပစ်တာတွေလည်းရှိ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံထားရသူတွေအများပိုင်းဟာ ပိုင်ရှင်မဲ့အလောင်းတွေ အဖြစ်များတယ်လို့လည်း ဖားကန့် မှော်ဝမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဒီမှာက လူတွေအရင်ထက် ၂ ဆလောက်ကိုများလာတာ ဥပမာ မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ ၆ ယောက်ဘဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာများလာတယ် ဘယ်သူသတ်လို့ သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲသေဆုံးခဲသူတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံပြိုကျလို့  သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ယောက်နဲ့ ၁၇ ရက်နေ့ ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်၊ လုံးခင်းရပ်ကွက် လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ဖားပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှုဖြစ်ရာကနေ အမျိုးသား ၂ယောက် ဖြစ်ပါတယ်။ ဒီစာရင်းဟာ KNG ရဲ့ စုစည်းထားတဲ့အချက်လက်သာ ဖြစ်ပြီး မြေပြင်အချက်လက်နဲ့ကွာဟတာ တွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဖားကန့်မှာ ခုလိုအကြောင်းမဲ့သတ်ဖြတ်ခံရတာတွေ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ရွှေ့ပြောင်းနေထိုင်လာသူ တစ်ချို့က ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး ဖားကန့်ကနေ ချီဖွေ၊ပန်ဝါဘက် ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံတစ်ယောက်ပြောပါတယ်။

    Read More »
  • သတင်း

    စစ်ကြောရေးမှာ သတ်ဖြတ်လိုက်တဲ့ ဝဘော်တန်ဂွန်းကို နာရေးအတွက် စစ်တပ်က ၅ သိန်းလျော်ကြေးပေး

    မိုးကောင်းမြို့  နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဦးဝဘော်တန်ဂွန်းကို စစ်ကြောရေးထဲ သတ်ဖြတ်လိုက်ပြီးနောက် စစ်တပ်က နာရေးအတွက်ဆိုပြီး ပိုက်ဆံ ၅ သိန်းပေးသာပေးပြီးတော့ ရုပ်အလောင်းကို ပြန်မပေးခဲ့ဘူးလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းမြို့ အထကကျောင်းမှာ ကျောင်းလာကြိုတဲ့ကား ပစ်ခံရပြီးတဲ့ ညကနေစပြီး မိုးကောင်း မြို့အဝင်အထွက်တွေကို စစ်ဆင်ရေးတင်းကြပ်လိုက်ပြီး အရပ်သားတွေကို ဖမ်းဆီးသွားတဲ့ထဲမှာ ဦးဝဘော်တန်ဂွန်း မိသားစုတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်တပ်တွေက ဖမ်းဆီးသွားသူတွေကို မိုးကောင်း စစ်တပ်ကုန်းနဲ့ ခလရ  ၇၄ တပ်ထဲခေါ်ပြီး စစ်ဆေးခဲ့ရာကနေ ဦးဝဘော်တန်ဂွန်းဟာ စစ်ဆေးနေချိန်တွင်းမှာဘဲ အသက်ရှုကြပ်လာတဲ့အတွက် မိုးကောင်း ခလရ ၇၄ တပ်ကနေ  မြစ်ကြီးနား စစ်ဆေးရုံပို့ဆောင်ခဲ့ချိန်အတွင်းမှာပဲ စစ်ဆေးရုံမှာသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက မိသားစုဝင်တွေကို ဦးဝဘော်တန်ဂွန်းရဲ့ ရုပ်အလောင်းပြန်မပေးတဲ့အပြင် မြစ်ကြီးနား တပ်ဆေးရုံ ရေခဲတိုက်မှာထည့်ထားတဲ့ အလောင်းကိုသာ ကြည့်ခွင့်ပေးခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ “တန်ဂွန်းနဲ့အတူ ဖမ်းခံသွားရတဲ့ မိန်းမနဲ့ကလေးတော့ပြန်လွတ်လာပြီ။ ပြန်မလွတ်ခင် မိန်းမဖြစ်တဲ့သူကို စစ်သားတွေက နိယောကျာ်းမြစ်ကြီးနား တပ်ဆေးရုံမှာ သေသွားပြီဆိုပြီး စစ်သားတွေက မြစ်ကြီးနား တပ်ဆေးရုံမှာ ရေခဲတိုက်မှာထည့်ထားတဲ့အလောင်းကို ခေါ်ပြပြီး မိုးကောင်းပြန်ခေါ်လာတာလို့ သိရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဦးဝဘော်တန်ဂွန်း သေဆုံးသွားပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ ဇနီးနဲ့သားကို နာရေးအတွက် ငွေကျပ် ၅ သိန်းပေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ သေဆုံးသူနဲ့အတူ ဇနီးနဲ့သားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဩဂုတ်လ ၂၀ ရက်ညနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံသွားရပြီး တစ်ပတ်လောက်အကြာမှာ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းရင်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကောင်းမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့ ရွှေသာလောင်းဘုရားဝင်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစားပစ္စည်းဆိုင်က လူငယ် ၂ ဦး၊ အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူရဲ့သား ၂ ယောက်ဩဂုတ်လ ၂၂ ရက်နေ့ သံလွင်တည်းခိုခန်းရှေ့ဆံပင်ညှပ်ဆိုင်က အမွှာညီအစ်ကို နဲ့ နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို၊ ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နား ကချင်ရိုးရာစားသောက်ဆိုင်က ၅ ယောက်၊ဩဂုတ် ၂၆ ရက်နေ့ မြနန္ဒာရုပ်ရှင်ရုံနားက အမျိုးသမီး ၄ယောက်နဲ့ ဩဂုတ်လ ၂၈ ရက်နေ့ စျေးကုန်းထဲက ၃ ယောက်အပါအဝင် အမည်စာရင်းတိတိကျကျမသိနိုင်သူ အရပ်သား ၈၀လောက်ကိုလည်း စစ်ကောင်စီက…

    Read More »
  • သတင်း

    ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်

    မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…

    Read More »
  • သတင်း

    မြင်းမူမှာ စစ်ဘေးရှောင် ၄ ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင် အမျိုးသား ၄ ယောက်ကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာ စစ်ကိုင်းမြို့နယ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြင်းမူမြို့နယ် ရွာတော်လေးရွာကို…

    Read More »
  • သတင်း

    ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ညနေပိုင်း၄နာရီကျော်လောက်မှာ ပင်လည်ဘူးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသအခေါ် ရွှေညောင်ပင် မှာရှိတဲ့ရွှေမှော်ဘက်ကို စစ်ကြောင်းထိုးရင်းရွှေတူးနေတဲ့ အမျိုးသား…

    Read More »
  • သတင်း

    ပုလဲမှာ ကျေးရွာ PDF  ဒုခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံခဲ့ရ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တနယ်ရွာကကျေးရွာ ပကဖ( ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)  ဒုတိယခေါင်းဆောင်တစ်ဦး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ Pale Entertainment အဖွဲ့ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ တနယ်ရွာရဲ့ ပကဖ ဒု ခေါင်းဆောင် ကိုဇော်မျိုးသက် ဆိုသူဟာ လူမှုရေးကိစ္စတစ်ချို့နဲ့ ပန်းရွာကနေ တနယ်ရွာကို…

    Read More »
  • သတင်း

    ဝှေခါကျေးရွာအနီး တောတစ်နေရာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးငယ်အလောင်းတွေ့

    ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး တောတစ်နေရာမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသမီးငယ်တစ်ဦးရဲ့အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီရုပ်အလောင်းကို ဝှေခါကျေးရွာ RC အသင်းတော် ဘုရားကျောင်းကုန်း အထက်ဘက် တောတစ်နေရာမှာ လည်ပင်းနဲ့ နားအောက်မှာ ထိုးသွင်းဒဏ်ရာလေးချက်နဲ့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အလောင်းကို မနေ့ည ၅နာရီမှတွေ့တာ သူတို့ချွန်ထက်တဲ့ဟာနဲ့ထိုးထားတာဒဏ်ရာလေးချက် လည်ပင်းကို ဟိုဖက် ဒီဖက် ၂ချက် နားအောက် နှစ်ဖက်စလုံးမှာ…

    Read More »
  • ဟိုပင်မှာ လင်မယား နှစ်ယောက်သတ်ဖြတ်ခံရမှု KIO/KIA ဖြေရှင်းပေးနိုင်မှု မရှိသေး

    KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေမှာ KIA တပ်သားတစ်ဦး နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးဖို့တောင်းဆိုထားပေမယ့် တာဝန်ရှိတဲ့ KIO အနေနဲ့ ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းမှာ KIO တပ်မဟာ ၈ အရာရှိတွေက အမှုဖြေရှင်းပေးတော့မယ်ဆိုပြီး မိသားစုဝင်တွေကို…

    Read More »
Back to top button