ဆယ်ဇင်းကျေးရွာ နေအိမ် ၄၀၀ ကျော်ကို KIA နှင့် PDF တို့ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသာ သတင်းအမှား
,
ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းဆည်းထားသည့် ယခင် ယုဇနကုမ္ပဏီ ပိုင်ဆိုင်ခဲ့သောမြေယာများကို လာမည့် ၂၀၂၃ ခုနှစ်တွင် ဒေသခံပြည်သူများကို လယ်ယာမြေအဖြစ် ခွဲဝေပေးရန် စတင်စီစဉ်နေပြီဟု သိရသည်။ ယခင်ယုဇနကုမ္ပဏီထံမှ KIO သိမ်းယူခဲ့သော တစ်နှစ်ပြည့် လွန်ခဲ့သည့် ဧပြီလတွင် ဟူးကောင်းဒေသ ကျေရွာအလိုက် လယ်ယာခွဲဝေရေးကော်မတီများဖွဲ့ကို KIO ဦးဆောင်ကာစတင်ဖွဲ့စည်းထားပြီး ဒေသခံ အိမ်ထောင်စုတစ်ခုတွင် မြေ ၅ ဧကနှုန်းဖြင့် ခွဲဝေပေးရန် စီစဉ်နေပြီဟု နောင်းမီကျေးရွာလယ်ယာမြေခွဲဝေရေး
ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံ ယုဇန ကုမ္ပဏီကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၁ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးသွားကြောင်း သိရသည်။ (more…)
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ (more…)
တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ပန္နက်ကျေးရွာနယ်နိမိတ်တွင် တဝမ် ဆင်စခန်းတစ်ခုရှိနေသောကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေသဖြင့် ၎င်းဆင်စခန်းအား နေရာရွေ့ပြောင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ (more…)
ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာရှိ KBC စစ်ရှောင်များရွှေ့ပြောင်းအခြေချရန်စီစဉ်နေသော မြေနေရာသည် ယုဇနကုမ္ပဏီပိုင်မဟုတ်ပဲ သစ်တောဌာနပိုင်မြေနေရာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့ သစ်တောအဖွဲ့မှ လာရောက်ကန့်ကွက်ခဲ့သည်ဟု စစ်ရှောင်များပြောသည်။ (more…)
ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က လူငယ်တစ်ဦးကို ရိုက်နက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကိုအရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုထားသည်ဟု သိရသည်။ (more…)
အစိုးရ၏ ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စံပြ ရွေ့ပြောင်းကျေးရွာသစ်အတွက် မြေယာအသစ်ဖော်ထုတ်မှုကို အစိုးရက နှောင်းမီကျေးရွာတွင် လုပ်ဆောင်နေသောကြောင့် ကျေးရွာ ၂ ခုကြား ပဠိပက္ခဖြစ်လာမည့်အခြေအနေရှိနေသဖြင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။ ဖားကန့်မြို့နယ် မြေယာဖော်ထုတ်ရေးကော်မတီက စံပြကျေးရွာအတွက် မြေဧက ၂၀၀ ကျော်ကို ၎င်းကျေးရွာနှင့် မိုင် ၂၀ ကျော်ကွာဝေးသော နှောင်းမီကျေးရွာတွင် လွန်ခဲ့သည့်မတ်လ ကတည်းက စတင်ဖော်ဆောင်ခဲ့ရာ နှောင်းမီဒေသခံများက ကန့်ကွက်နေဆဲဖြစ်သည်။ လယ်ယာမြေဖော်ထုတ်ပေးရန် နှောင်းမှီကျေးရွာဒေသခံမှ တောင်းဆိုခြင်းမရှိသော်လည်း စံပြကျေးရွာကသာ