,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

အာဏာသိမ်းစစ်တပ်အောက် ယုဇန ကုမ္ပဏီဝန်းကို KIA တိုက်ခိုက်ဖျက်စီး

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ယုဇန ကုမ္ပဏီ

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံ ယုဇန ကုမ္ပဏီကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၁ရက်နေ့  နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးသွားကြောင်း သိရသည်။

ဘန်ကောက်ကျေးရွာတွင်ရှိသော ယုဇန ကုမ္ပဏီကို ယနေ့ နံနက်ပိုင်း ၁နာရီခန့်အချိန် KIA တပ်ရင်း ၁၄ တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စက်ယန္တရားများနှင့် ဂိုဒေါင်များကို မီးရိူ့ဖျက်စီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ဖြစ်တာက ည ၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်။ ကုမ္မဏီမှာရှိတဲ့ ဘက်ဟို၊ ဘဒိုဇာ၊ ကား ၅စီး၊ ကာလိုဒါ ၃စီး၊ လမ်းကျိတ်စက် ၂စီး၊ ပစ္စည်းထားတဲ့ဂိုဒေါင် ဒီဟာတွေကို မီးရိူ့ပေးလိုက်တယ်လို့သိရတယ်။ ဒီမနက်အတွင်းထိ ကုမ္မဏီအတွင်း မီးလောင်နေတာတွေရှိသေးတယ်”ဟု ဒေသခံတစ်ဦးပြောပြသည်။

ဂိုဒေါင် ၄ ခု နှင့် ကား ၂၃ စီး မီးရှို့လိုက်ကြောင်း သိရသည်။ ယုဇန ကုမ္ပဏီကို အာဏာသိမ်းစစ်သားများက ယခင်က တပ်စွဲထားမှုများရှိသော်လည်း ယနေ့ နံနက် တိုက်ပွဲတွင်မူ မရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်မှစတင်ခဲ့သော ဟူးကောင်းချိုင့်ဝှမ်းဒေသ စစ်အစိုးရ၏ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းအနေဖြင့် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်သောကြောင့် ဒေသခံများ၏ မြေယာအများအပြား သိမ်းပိုက်ခံခဲ့ရသည်။

ထိုအချိန်မှ စတင်ပြီး ယနေ့ အထိ ဟူးကောင်းဒေသခံများနှင့် ယုဇန ကုမ္ပဏီကြား မြေယာ ပြဿနားများ ပုံမှန် ဖြစ်ပေါ်နေသော နေရာဖြစ်ပါသည်။

Read Previous

မိုးညှင်းနှင့် ပူတာအို ခရိုင်တို့တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲ ဖြစ်ပွား

Read Next

WiFi လိုင်းမရောက်သည့် ကချင်ပြည်နယ်ဒေသများတွင် သတင်းအချက်အလက် မျှဝေရန် ခက်ခဲ

Leave a Reply

Your email address will not be published.